အင်္ဂလိပ်စာ လေ့လာသင်ကြားရန်

(http://www.learningpage.com)

အွန်လိုင်းကနေတစ်ဆင့် အခမဲ့ လေ့လာသင်ကြားမှုတွေ ပြုလုပ်နိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။

Free teaching resource တစ်ခုဖြစ်ပြီး လေ့လာနေသူတွေအတွက်ရော သင်ကြားပို့ချမှု ပြုလုပ်နေသူတွေအတွက်ပါ အလွန်အသုံးဝင်ပါတယ်။

Member အဖြစ် Sign in ပြုလုပ်ပြီး အခမဲ့ မသုံးပြုနိုင်မှာဖြစ်ကာ ebook တွေ၊ worksheet တွေလည်း စုံလင်စွာ ရရှိနိုင်တဲ့ ဆိုက်ဖြစ်ပါတယ်။

ဘာသာစကား လေ့လာသင်ကြားနေသူတွေ ဝေါဟာရ၊ အသံထွက် စတာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်လိုသူတွေအတွက် ၀င်ရောက်လေ့လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပြီး အလွန်လည်း အထောက်အကူပြုတာတွေ့ရမှာ ဖြစ်ပါတယ်။

အရေးသင်ခါစ ကလေးငယ်တွေအတွက်လည်း အထောက်အကူပစ္စည်းတွေရနိုင်ပြီး အကျိုးရှိတဲ့ ဗဟုသုတတွေကို စုံလင်စွာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားဗဟုသုတဖြစ်ဖွယ် ၀က်ဘ်ဆိုက်အချို့နဲ့လည်း ချိတ်ဆက်ပေးထားပြီး ပြည့်စုံတဲ့ လေ့လာစရာ အဖြာဖြာကို တစ်ထိုင်တည်း လေ့လာရယူနိုင်ပါတယ်။

Internet journal
Vol.13. No.50






Posted by စိမ့်စမ်းရေ on Monday, December 31, 2012

0 comments

Post a Comment