အပန်းဖြေအနားယူစရာ......


(http://www.travelchannel.com)

ပင်ပန်းနွမ်းနယ်မှုတွေကို အပြည့်အ၀ဖယ်ရှား အနားယူစေနိုင်မယ့် အကောင်းဆုံး အပန်းဖြေစရာ ကမ်းခြေတွေအကြောင်းဖော်ပြပေးထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပြီး 2012 ခုနစ်အတွက် သွားရောက် အနားယူဖို့ အကောင်းဆုံးကမ်းခြေတွေကို ရွေးချယ်ဖော်ပြပေးထားပါတယ်။

နိုင်ငံတစ်ခုချင်းစီက အလှပဆုံးနဲ့ သာယာမှုအရှိဆုံး ကမ်းခြေတွေကို ထုတ်ဖော်ပေးထားပြီး ဆွဲဆောင်မှု အရှိဆုံး ကမ်းခြေနေရာတွေကို နှိုင်းယှဉ်ပြီး ဖော်ပြပေးထားပါတယ်။

နေရာတစ်ခုချင်းစီကို ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ဖော်ပြပေးထားသလို ဗီဒီယိုနဲ့လည်း ကြိုတင်ကြည့်ရှု ခံစားနိုင်ပါသေးတယ်။

စိတ်ဝင်စားဖွယ်ရာ ခရီးအစီအစဉ်တွေနဲ့ schedule ကိုလည်းရေးဆွဲ ပေးထားကာ ကမ်းခြေတွေအားလုံးရဲ့ အကြမ်းဖျင်းဖော်ပြချက်နဲ့ ဓါတ်ပုံတွေကိုလည်း ကြည့်ရှု့ခံစားနိုင်မှာဖြစ်ကာ အခြားနိုင်ငံက ခရီးစဉ်အစီအစဉ်တွေကိုလည်း လေ့လာကြည့်ရှု့နိုင်ပါသေးတယ်။

သွားရောက်လည်ပတ်ခြင်း မပြုနိုင်ဘူးဆိုရင်တောင် လှပတဲ့ ရှုခင်းတွေကို ဓာတ်ပုံကနေတစ်ဆင့် ခံစားနိုင်မှာ ဖြစ်ပါတယ်။



from internet journal Vol. 13, NO.43

Posted by စိမ့်စမ်းရေ on Saturday, November 10, 2012

0 comments

Post a Comment