Ringtone များ ရယူရန်

(http://audiko.net)

ဖုန်း ringtone တွေကို အမျိုးအစား စုံလင်စွာနဲ့ download ပြုလုပ်ရယူနိုင်စေမယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။

Android, iPhone အစရှိတဲ့ ဖုန်းတွေထက် Ringtone တွေ ရယူနိုင်မှာဖြစ်ပြီး၊ ringtone တွေကိုလည်း အမျိုးအစားအလိုက် ခွဲခြား ဖော်ပြပေးထားပါတယ်။

ဆိုက်မှာ ရှိပြီးသား ringtone တွေကိုအခမဲ့ download ပြုလုပ်ရယူနိုင်သလို စိတ်ကြိုက်သီချင်းတွေကိုလည်း ဆိုက်မှာ upload ပြုလုပ်ပြီး ringtone ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Download မပြုလုပ်ခင် စိတ်ကြိုက်ရွေးချယ် နားဆင်နိုင်မှာ ဖြစ်ကာ စိတ်ကြိုက် ringtone တွေ့မှ download ရွေးချယ် ပြုလုပ်နိုင်ပါတယ်။

Ringtone တွေကို favourite Ringtone , SMS ringtone စသဖြင့် ကဏ္ဍတစ်ခုစီရဲ့အောက်မှာ သီချင်းအမည်တွေနဲ့ ဖော်ပြထားသလို Myanmar top artists ကဏ္ဍမှာလည်း သီဆိုသူနဲ့ သီချင်းအမည်တို့ကို တွဲဖက်ဖော်ပြပေးထားပါသေးတယ်။

တေးသီချင်းတွေက ပြုလုပ်ထားတဲ့ ringtone တွေအပြင်  ရုပ်ရှင်ဇာတ်လမ်းတွေထဲက  ringtone တွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

Internet Journal

Posted by စိမ့်စမ်းရေ on Sunday, August 19, 2012