ကိုယ်တိုင်လည်း စမ်းသုံးကြည့်နေပါတယ်။  ကောင်းတယ်လို့လဲ ညွှန်းချင်ပါတယ်။  တော်တော်လေးလဲ မြန်ပါတယ်။

များပြားလှတဲ့ add on တွေကြောင့် ဘာမှထပ်ထည့်စရာမလိုလောက်အောင် အသင့်ရှိနေပါတယ်။

ဇော်ဂျီဖောင့်ကိုပြောင်းနည်းလေးလဲ ပြောပြပေးသွားမှာပါ။  Myanmar 3 တော့မရပါဘူး။  အဲဒိတော့ Myanmar 3 နဲ့ ရေးထားတာတွေဆိုရင်တော့ ဖတ်မရလောက်ဘူး။

http://www.maxthon.com/  ( ဒီမှာ ဒေါင်းယူပါ )



 ဒေါင်းလုပ် လုပ်ပြီးရင်တော့ install လုပ်လိုက်ပါ။  အာလုံးပြီးသွားရင်တော့ မြန်မာစာ ပြောင်း ဖို့ ဆက်ပြောပါ့မယ်။


 browser ကို ဖွင့်လိုက်ရင် ဒီလိုပုံလေးကို မြင်ရမှာပါ။ Smile ပုံလေးက Menu တဲ့။

သူ့ကို ကလစ်လိုက်ရင်တော့ box တစ်ခု ထပ်ပေါ်လာမှာပါ။ အဲ့ဒိထဲက  Options ဆိုတာကို ကလစ်လိုက်ပါ။

အဲ့ဒိအခါ  Maxthon Options ဆိုပြီး Tab တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။

အဲဒိထဲက အောက်ဆုံးမှာ Advanced ကို ကလစ်လိုက်ပါ။

Font ဆိုတာကို ကြည့်လိုက်ရင် Default Font ဆိုတာ မြင်ရမှာပါ။ သူ့ဘေးနားက Select ဆိုတာကို ရွေးပြီး ဇော်ဂျီကို ပြောင်းရုံလေးပါ။


ကဲ........ဒါဆို အားလုံး အဆင်ပြေပြီပေါ့နော်။  mmitd  ကနေ သိလာတာမို့

မူရင်းပိုစ့်လေးမှာလည်း ကောမက်လေးတွေ ၀င်ဖတ်ရင်းနဲ့ အများကြီး အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်နော်။


ref: ( http://forum.mmitd.com/forum/topics/mozilla-firefox-maxthon-3 )

Posted by စိမ့်စမ်းရေ on Thursday, August 2, 2012