ခဲပန်းချီများ ဆွဲရန်....

(http://www.sketchmyphoto.com)

ဓာတ်ပုံတွေကို ခဲပန်းချီအဖြစ် လျင်မြန်စွာ ပြောင်းလဲဖန်တီးနိုင်စေမယ့် ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။

ပုံတူ ခဲပန်းချီတွေကို ကိုယ်တိုင်အတွက်သာမက၊ အဆောက်အဦးတွေ၊ ရှုခင်းပုံတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ လေးတွေ၊ ဘိုးဘွားတွေရဲ့ အမှတ်တရတွေကိုလည်း ဖန်တီး ပြုလုပ်နိုင်ပါတယ်။

ကွန်ပျူတာထဲကနေ ဓာတ်ပုံတွေကို တိုက်ရိုက် upload ပြုလုပ်ကာ အလွယ်တကူ ဖန်တီးနိုင်မှာဖြစ်ပြီး digital sketch, digital color sketch, digital sketch + retouch, sketch printing, color sketch printing, sketch printing+ frame အစ ရှိတဲ့ အမျိုးအစားတွေအဖြစ် ပြုလုပ်နိုင်ပါတယ်။

နှစ်သက်ရာ အမျိုးအစားကိုရွေးချယ်ပြီး ခဲပန်းချီဖန်တီးကာ ပထမဦးဆုံးအနေနဲ့ ဒီဆိုက်ကနေပြီး နမူနာပုံစံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

မိမိလိုချင်တဲ့ ပုံစံအမျိုးအစား ခဲပန်းချီကိုတော့ paypal ဆိုက်နဲ့ ချိတ်ဆက်ပြီး အခကြေးငွေပေးချေကာ ရယူနိုင်မှာ ဖြစ်ပါတယ်။

From Internet Journal.

Posted by စိမ့်စမ်းရေ on Sunday, August 19, 2012