Timeline ပုံများ ရယူရန်.............


(http://99covers.com)


Facebook လူမှု ကွန်ရက် ၀က်ဘ်ဆိုက်ကို စွဲလန်းစွာ အသုံးပြုနေကြတဲ့ လူကြီး လူငယ် အားလုံးအတွက် ၄င်းတို့ရဲ့ Timeline ကို ချစ်စဖွယ်လေးတွေနဲ့ အလှဆင် နိုင်မယ့် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။

Facebook cover တွေနဲ့ timeline ပုံတွေကို ကဏ္ဍတစ်ခုချင်းစီနဲ့ ခွဲခြားဖော်ပြပေးထားတာဖြစ်ပြီး အခမဲ့ ရယူ အသုံးပြုနိုင်ပါတယ်။

ဖန်တီးထားတဲ့ ပန်းချီလက်ရာပုံတွေ၊ စိတ်ခံစားမှုကိုဖော်ပြမယ့်ပုံတွေ၊ မိန်းကလေးတွေ နှစ်သက်တတ်ကြတဲ့ ပုံလေးတွေ၊ ယောင်္ကျားလေးတွေ နှစ်သက်တတ်ကြတဲ့ ပုံမျိုးလေးတွေနဲ့ သဘာဝအလှအပ ပုံတွေကို နှစ်သက်ရာ ခေါင်းစဉ်တွေရဲ့ အောက်မှာ တစ်ခုချင်းစီ စိတ်ကြိုက် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ပုံတစ်ပုံချင်းစီရဲ့ အောက်မှာလည်း ဖော်ပြချက်တွေနဲ့အတူ ဖော်ပြပေးထားပြီး ပုံတစ်ပုံချင်းစီကို ပုံကြီးချဲ့ကြည့်နိုင်တဲ့အပြင် download လည်း ပြုလုပ်နိုင်ပါတယ်။

ပုံတွေအပြင် quote တွေကိုလည်း တွေ့ရမှာ ဖြစ်ကာ မိမိရဲ့ စိတ်ခံစားချက်ကို စာသား၊ စကားပုံလေးတွေနဲ့ ဖော်ပြလိုသူတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။


ref: (Internetjournal)

Posted by စိမ့်စမ်းရေ on Tuesday, July 31, 2012