အွန်လိုင်း ဂိမ်းများ ရယူရန်...............။

(http:www.awem.com)

နာမည်ကျော် ဂိမ်းအချို့ကို ဖန်တီးပေးနေတဲ့ အွန်လိုင်းဂိမ်း ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။

ဒီဆိုက်မှာ အပျင်းပြေ ကစားနိုင်မယ့် အပျော်တမ်းဂိမ်းတွေအပြင်၊ ပဟေဋ္ဌိဆန်တဲ့ ဂိမ်းမျိုးတွေကိုလည်း တွေ့ရမှာဖြစ်ပြီး ဂိမ်းတိုင်းကို ဇာတ်လမ်းလေးတွေနဲ့ ရေးသားထားပါတယ်။

အွန်လိုင်းကနေပြီး အခမဲ့ ဆော့ကစား နိုင်မှာဖြစ်သလို အခပေးပြီးတော့လည်း download  ပြုလုပ်နိုင်ပြီး  အပန်းပြေစေမယ့် ဂိမ်းမျိုးတွေကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။

Windows နဲ့ Mac OS တို့အပြင် iPhone/iPad တွေနဲ့ Nintendo ဂိမ်းစက်တွေမှာလည်း ထည့်သွင်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Member အဖြစ် Sign in ၀င်ရောက်ခြင်းဖြင့် ဂိမ်းတွေကို သက်သာတဲ့ နှုန်းထားနဲ့ ရနိုင်မှာ ဖြစ်ကာ 20 ရာခိုင်နှုန်းကနေ 30 ရာခိုင်နှုန်းအထိလည်း discount ပေးထားပါတယ်။

ဇာတ်လမ်းသွားလေးတွေနဲ့ ဂိမ်းမျိုးတွေကိုမှ နှစ်သက်တတ်ကြသူတွေအတွက် အဆိုပါ ဂိမ်းမျိုးတွေကိုပဲ စုံလင်စွာ တွေ့ရမှာ ဖြစ်ပါတယ်။

ref: (Internet journal)

Posted by စိမ့်စမ်းရေ on Tuesday, July 31, 2012