ဒူး၊ တံတောင်ဆစ်တွေ၊ ခြေမျက်စိတွေ မည်းနေရင် စကပ်အတို၊ ဘောင်းဘီအတိုလေးတွေလည်း ၀တ်လို့မရ၊ ဖိနပ်လှလှလေးတွေ စီးရင်တောင် မလှနဲ့ တကယ်စိတ်ညစ်ရတယ်နော်။ အဲဒီတော့ သူငယ်ချင်းလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ၀တ်ချင်တာဝတ်လို့ရအောင် တံတောင်ဆစ်၊ ဒူး၊ ခြေမျက်စိတွေ ဖြူစေတဲ့ နည်းလမ်းတွေကို ပြောပြမယ်နော်။


၁ . ဗီတာမင်အီး၊ သံပုရာရည်၊ ဂလစ်စရင်း လက္ဘ်ရည်ဇွန်းတစ်ဇွန်းစီနဲ့ နွားနို့စိမ်း စားပွဲတင်ဇွန်း ၄ ဇွန်းပေါင်းပြီး သမအောင်မွှေပါ။ ပြီးတော့မည်းနေတဲ့နေရာမှာ ပွတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လိမ်းထားပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။

၂ . သံပုရာသီး / သံပရိုသီးကို ခြမ်းပြီး အတွင်းသားနဲ့ပွတ်ပေးပါ။ ၁၅ မိနစ်လောက် ထားပြီးရင်တော့ ရေနွေးစွတ်ထားတဲ့ တဘတ်လေးနဲ့ ပွတ်တိုက်ပေးရမှာပါ။

၃ . အုန်းဆီ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပုရာရည်ဇွန်းတစ်ဝက်ကို ရောမွှေပြီးတော့လည်း သုံးနိုင်ပါတယ်နော်။ ၁၅ မိနစ်လောက် လိမ်းထားပြီးတော့ ရေနွေးစွတ်ထားတဲ့ တဘတ်လေးနဲ့ပဲ ပွတ်တိုက်ပေးပါ။

၎ . ခန္ဓာကိုယ် ဂျီးတွန်းတဲ့အခါ Scrub တွေသုံးတဲ့အခါ ဒူးတွေကိုလည်း မကျန်ခဲ့ပါစေနဲ့။ ဒါပေမယ့် အရမ်းကြီးလည်း မပွတ်တိုက်ပါနဲ့။ အရမ်းကြမ်းကြမ်းကြီး ပွတ်တိုက်မိတဲ့အခါ အရေပြားက ပိုမည်းသွားနိုင်လို့ပါ။

၅ . အရေပြားတွေမှာ အစိုဓာတ်ရှိနေဖို့ကလည်း အရေးကြီးတာမို့ ညအိပ်ယာဝင်ခါနီး သံလွင်ဆီလိမ်းပြီး နှိပ်နယ်ပေးတာတို့ ဒါမှမဟုတ်ရင်လည်း သံလွင်ဆီကို တစ်နေ့ ၂ ကြိမ်လိမ်းပေးတာတို့ လုပ်ပေးနိုင်ပါတယ်။
               

အကောင်းဆုံးဆိုတဲ့နည်းလေးတွေကို ရှာပေးပြီးပြီနော်.. သူငယ်ချင်းတို့ လုပ်ကြည့်ဖို့ပဲလိုတယ်..း)

ref: ( http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A177997&xgs=1&xg_source=msg_share_post )

Posted by စိမ့်စမ်းရေ on Friday, July 20, 2012