သားအိမ်ခေါင်းကင်ဆာ(Cervical cancer)ပာာ Human papilloma virus (HPV) ကြောင့်အဓိကဖြစ်ပွားရပါတယ်။ HPV ဆိုတဲ့ရောဂါပိုးပာာ လူ့ခန္ဒာကိုယ်ကိုတော်တော်လေးကို ဒုက္ခပေးတဲ့ရောဂါပိုးပါ။ နေရာအနှံ့မှာ ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါပိုးကူးစက်ခံရတာတစ်မျိုးတည်းနဲ့တော့ အဲလောက်ရောဂါတွေဖြစ်လာတာတော့မပာုတ်ပါဘူး။ ဒီရောဂါပိုးလည်းကူးစက်ခံထားရမယ်၊ တခြားရောဂါဖြစ်စေနိုင်တဲ့ ကိုယ်ခံအားကိုလျော့စေတဲ့ ဓါတ်ရောင်ခြည်သင့်တာမျိုး၊ ဆေးလိပ်သောက်တာမျိုးတွေရှိလာပြီဆိုရင်တော့ ရောဂါဖြစ်ဖို့အခြေအနေပိုများလာပါပြီ။

အမှန်တော့ HPV ကြောင့်ဖြစ်တဲ့ရောဂါအများအပြားရှိတဲ့အတွက် အဲဒါတွေအကုန်လုံးကိုလိုက်ရေးမယ်ဆိုရင် အရမ်းရှည်သွားနိုင်ပါတယ်။ အဲဒါကြောင့် ဒီခေါင်းစဉ်ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကာကွယ်ဆေးအကြောင်းကိုပဲ တင်ပြပါ့မယ်။ HPV ကြောင့်ဖြစ်တဲ့ရောဂါတွေထဲမှာမှ အသိများတာကတော့ အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ လိင်အင်္ဂါကြွက်နို့ (Genital warts) တို့ဖြစ်ပါတယ်။

HPV ဆိုတဲ့ဗိုင်းရပ်စ်မှာ အမျိုးအစားပေါင်းမြောက်များစွာရှိပါတယ်။ အဲဒီထဲကမှ သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့အမျိုးအစားကတော့ 16 and 18 ဖြစ်ပြီး လိင်အင်္ဂါကြွက်နို့တွေဖြစ်တာကတော့ 6 and 11 တို့ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကျနော်ဖတ်ဖူးတာကတော့ ၂မျိုးရှိပါတယ်။ Gardasil နဲ့ Cervarix ဆိုတဲ့အမျိုးအစားတွေပါ။ Cevarix ဆိုတဲ့ဆေးကတော့ HPV 16 and 18 ကိုပဲကာကွယ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာကိုသာ ကာကွယ်နိုင်ပါတယ်။ Gardasil အမျိုးအစားကတော့ အဲဒီ၎မျိုးလုံးကို ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

တစ်ခုရှိတာကတော့ ဒီကာကွယ်ဆေးတွေအကာအကွယ်ပေးတာက ဒီ၎မျိုးပဲရှိတာမို့ တခြား HPV အမျိုးအစားတွေကနေလည်း ရောဂါဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ဒီအမျိုးအစား၎မျိုးထက်စာရင်တော့ အတော်လေးကိုနည်းပါတယ်။ ဘယ်ကာကွယ်ဆေးကမှတော့ လုံးဝအပြည့်အ၀ ရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့မရှိပါဘူး။ ဒီကာကွယ်ဆေးတွေကိုယောက်ျားတွေမှာလည်း ထိုးနိုင်ပါတယ်။ ယောက်ျားတွေမှာထိုးရင်တော့ လိင်အင်္ဂါကြွက်နို့အပြင် HPV ကြောင့်ဖြစ်တဲ့တခြားကင်ဆာတွေကိုအကာအကွယ်ပေးပါတယ်။ တစ်ခုသိထားသင့်တာက ဒီဆေးတွေပာာ ကာကွယ်ဆေးသက်သက်သာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပြီးသူတွေမှာထိုးရင်တော့ ဘာမှအကျိုးမထူးနိုင်ပါ။



ဘယ်သူတွေမှာထိုးသင့်သလဲ။

အဓိကအနေနဲ့ကတော့ အသက် ၉နှစ်ကနေ ၂၅နှစ်ကြားမှာရှိတဲ့အမျိုးသမီးတိုင်းထိုးလို့ရပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးအသက်၄၅နှစ်ထိ ကာကွယ်ဆေးထိုးလို့ရပါတယ်။ အမျိုးသားတွေမှာထိုးမယ်ဆိုရင်လည်း ဒီအသက်လောက်ပါပဲ။

ဘယ်သူတွေမှာမထိုးရဘူးလဲ။

ကာကွယ်ဆေးမှာပါတဲ့အရာတွေနဲ့ ဓါတ်မတည့်တဲ့သူတွေထိုးလို့မရပါဘူး။ အထူးသဖြင့် Gardasil ပာာ တစေး (Yeast) ကထုတ်တာဖြစ်တဲ့အတွက် အဲဒါနဲ့မတည့်တဲ့သူတွေထိုးလို့မရပါဘူး။
အရမ်းနာမကျန်းဖြစ်နေတဲ့သူတွေ (လုံးဝထိုးလို့မရတာတော့မပာုတ်ပါဘူး၊ နာမကျန်းဖြစ်နေချိန်မှာမထိုးဘဲ နေကောင်းလာမှထိုးလို့ရပါတယ်။)
ကိုယ်ဝန်ဆောင်တွေမှာဒီဆေးရဲ့ဆိုးကျိုးဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို သေချာမသိသေးတဲ့အတွက် ကိုယ်ဝန်ဆောင်တွေမှာထိုးဖို့ကို အားမပေးပါဘူး။ ကိုယ်ဝန်မရှိချိန်မှာထိုးပြီး ကိုယ်ဝန်ဆောင်လို့ရပါတယ်။ အဲဒီအတွက်ဆိုးကျိုးမရှိပါဘူး။

ဘယ်လောက်ကာကွယ်ပေးနိုင်လဲ။

သားအိမ်ခေါင်းကင်ဆာကို ၇၀ရာခိုင်နှုန်း၊ လိင်အင်္ဂါကြွက်နို့ကို ၉၀ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။



ဘယ်နှစ်ကြိမ်ထိုးရမလဲ။ ဘယ်သူနဲ့ထိုးရမလဲ။ ဘယ်မှာသွားထိုးရမလဲ။

၃ကြိမ်ထိုးရပါတယ်။ ပထမဆုံးတစ်ကြိမ်၊ ၂လအကြာမှာတစ်ကြိမ်၊ ၆လအကြာမှာတစ်ကြိမ်ထိုးရပါတယ်။ ဘယ်ဆရာဝန်နဲ့မဆိုထိုးလို့ရပါတယ်။ အသားဆေးဖြစ်လို့ လက်မောင်း ဒါမှမပာုတ် တင်ပါးမှာထိုးလို့ရပါတယ်။ မိမိဘာသာဆေးဝယ်ပြီး ဆေးခန်းတစ်ခုခုမှာသွားထိုးခိုင်းလို့ရပါတယ်။ အခုထိတော့ ဆိုးဆိုးရွားရွားဆိုးကျိုးမရှိသေးပါဘူး။ ဆိုးကျိုးတော်တော်လေးနည်းပါတယ်။

ဘာကြောင့်ထိုးသင့်တာလဲ။

သားအိမ်ခေါင်းကင်ဆာရောဂါဆိုတာက အမျိုးသမီးတွေမှာအဖြစ်အများဆုံးရောဂါတစ်မျိုးဖြစ်နေတဲ့အတွက်ပါ။ ဒီကင်ဆာက အဖြစ်များရုံတင်မက၊ အတော်လေးလည်း ကြောက်စရာကောင်းတဲ့အတွက်ရော၊ ကင်ဆာတွေထဲမှာ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရနေတဲ့ကင်ဆာဖြစ်နေတဲ့အတွက်ကြောင့်လည်း ဒီလိုမျိုးကင်ဆာအတွက်တော့ အသက်မဆုံးရှုံးစေချင်တဲ့အတွက်ကြောင့်ပါ။ အလုံးစုံကာကွယ်မပေးနိုင်ပေမယ့်လည်း ၇၀ရာခိုင်နှုန်းဆိုတာ တော်တော်လေးတော့များတဲ့ပမာဏပါ။ ဒါပေမယ့်လည်း ဆေးရဲ့ဈေးနှုန်းအနေနဲ့ကတော့ အရမ်းဈေးမကြီးပေမယ့် ဆင်းရဲသားလက်လုပ်လက်စားတွေမတတ်နိုင်လောက်သေးတဲ့နှုန်းဖြစ်နေပါသေးတယ်။.     ။

ref: ( http://www.kzarboworld.com/profiles/blog/show?id=5098850%3ABlogPost%3A84250&xgs=1&xg_source=msg_share_post )

Posted by စိမ့်စမ်းရေ on Thursday, July 19, 2012