ကြက်ဥ တစ်ဥရဲ့ ပုံသဏ္ဌာန် ဘယ်လို ရှိလဲလို့ ကလေး တစ်ယောက်ကို မေးကြည့် လိုက်ပါ။ သူက လုံးဝန်း တဲ့ ပုံသဏ္ဌာန် ရှိပါတယ် ဆိုပြီး မဆိုင်း မတွ ပြန်ဖြေပါလိမ့်မယ်။ သူ့အဖြေ မမှားပါဘူး။ ကြက်ဥတွေ လုံးဝန်းကြ တာဟာ သဘာဝ အမှန်တရား တစ်ခုပါ။

ဒါပေမယ့်တရုတ်နိုင်ငံ Hukou မြို့က ကြက်မတစ်ကောင်ကတော့ သဘာဝရဲ့ စည်းမျဉ်း စည်းကမ်းတွေ ကို မေ့လျောသွားလို့လား သပ်သပ်မဲ့ ဆန့်ကျင် လိုက်လို့လား မသိပါဘူး အမြီးပါတဲ့ ကြက်ဥတစ်လုံး ထူးထူး ခြားခြား ဥလိုက်တာ ဖြစ်ပါတယ်။ အတက်ငယ် တစ်တက် လိုပါရှိတဲ့ အမြီးရဲ့အရှည်ဟာ တစ်လက်မ တောင် ရှိပါတယ်။

နောက်ပြီး ကြက်ဥအရွယ် အစားကလည်း ပုံမှန်ထက် နည်းနည်း ပိုသေးပါတယ်။ ငှက်တွေ၊ ကြက်တွေမှာ ဒီလိုပုံမှန်ထက် ပုံသဏ္ဌာန်ဆန်းပြား တဲ့ဥတွေ ဥလေ့မရှိပါဘူး။ ဒါပေမယ့် ပညာရှင်တွေကလည်း ကြက်မတစ် ကောင်ကို အမြီးပါတဲ့ ဥတစ်လုံး ဥအောင် အတင်းဖန်တီးလို့ မရနိုင်ဘူးလို့ ယုံ ကြည်နေကြပါတယ်။

တချို့က စိတ် ဖိစီးမှုကြောင့် တချို့ကလည်း ကြက် တွေ၊ ငှက်တွေ အဟာရချို့တဲ့ပြီးအမွေး တွေ ကျွတ်လာရင်လည်း အမြီးတွေပါ လာတတ်တယ်လို့ သုံးသပ်ပြောဆိုနေ ကြပါတယ်။ ဘာပဲပြောပြောဒီကြက်ဥ ကတော့ အားလုံးအတွက် ပဟေဠိဆန် နေတာအမှန်ပါပဲ။

ref ( http://forverfriends.ning.com/profiles/blogs/2863689:BlogPost:7124227 )


Posted by စိမ့်စမ်းရေ on Tuesday, June 5, 2012