သိပ္ပံဆိုင်ရာ မဂ္ဂဇင်း....

(http://www.scientificamerican.com)

သိပ္ပံပညာရပ်နဲ့ သက်ဆိုင်ရာ အကြောင်းအရာတွေကို စုံလင်စွာ ဖော်ပြပေးထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပြီး သိပ္ပံနယ်အတွင်းက  နောက်ဆုံးပေါ် သတင်းတွေကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။

သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သတင်းတွေ ၊ ရှာဖွေတွေ့ရှိချက်တွေကို  စုံလင်စွာ ဖတ်ရှုရမယ့်အပြင် စမ်းသပ်ချက်တွေ၊ လေ့လာချက်သစ်တွေကိုလည်း လေ့လာနိုင်မှာဖြစ်ကာ ဆောင်းပါးတွေ၊ ဗီဒီယိုတွေကိုလည်း ကြည့်နိုင်ပါသေးတယ်။

အကြောင်းအရာ တစ်ခုချင်းစီအတွက် ဆွေးနွေးချက်တွေ၊ စကားဝိုင်းတွေ၊ ဘလော့ဂ်တွေအပြင် အပတ်စဉ် ဂျာနယ်တွေကိုလည်း ဖတ်ရှုနိုင်မှာ ဖြစ်ပြီး ဗဟုသုတဖြစ်ဖွယ်၊

မှတ်သားဖွယ်ရာ အကြောင်းတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ feature ဆောင်းပါးတွေ၊

သတင်းတွေ၊ ဘလော့ဂ်တွေအပြင် ရုပ်ရှင်နဲ့ အသံဖိုင်တွေနဲ့လည်း လေ့လာမှတ်သားနိုင်မှာဖြစ်ပြီး ပညာရေးကဏ္ဍအတွက် အသုံးဝင်တဲ့ အကြောင်းအရာတွေ၊ ခေါင်းစဉ်တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

Internet journal

Posted by စိမ့်စမ်းရေ on Sunday, June 24, 2012