အွန်လိုင်းရုပ်ရှင်များ ကြည့်ရန်....။

(http://www.viewster.com)

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းကောင်းများစွာကို အွန်လိုင်းပေါ်ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မယ့်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။

ရုပ်ရှင်တွေကို download ပြုလုပ်စရာမလိုဘဲ ဆိုက်ပေါ်ကနေ တိုက်ရိုက်ကြည့်နိုင်မှာ ဖြစ်ပြီး နာမည်ကျော်ပြီး ကြည့်ရှုသူများတဲ့ ဇာတ်လမ်းတွေကိုလည်း rating ပြုလုပ် ဖော်ပြပေးထားပါတယ်။

ရုပ်ရှင်တွေကို အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပြီး ဇာတ်လမ်းနမူနာတွေကိုလည်း စမ်းသပ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ထားနိုင်မှာ ဖြစ်ကာ ဆိုက်မှာ အသစ်တင်သမျှ ဇာတ်လမ်းတွေကို အမြဲပထမဦးဆုံး ကြည့်နိုင်မှာ ဖြစ်ပါတယ်။

ဇာတ်လမ်းတစ်ခုချင်းစီကို ဇာတ်လမ်းအကျဉ်း၊ ဇာတ်လမ်းအမည်၊ ပါဝင်သရုပ်ဆောင်သူတွေနဲ့ ဒီဇာတ်လမ်းကို ရိုက်ကူးသူတို့ပါ ပြည့်စုံစွာ ဖော်ပြပေးထားတာကြောင့် အနုပညာရှင် တစ်ဦးချင်းစီရဲ့ သရုပ်ဆောင်ချက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ယင်းတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတိုင်းကို အမြဲကြည့်နေနိုင်မှာလည်း ဖြစ်ပါတယ်။

Internet journal


Posted by စိမ့်စမ်းရေ on Sunday, June 24, 2012