ပုရွက်ဆိတ်တွေတွေ့ရင် ဆနွင်းမှုန့်ပုံထားရင် မလာတော့ဘူး။

တီကောင်တွေဟာ ဆားကိုကြောက်တယ်။

ဂျပိုးတွေဟာ ဒူးရင်းသီးနံ့ရရင် မလာဘူး။

သွေးတိုးရင် သံပုရာအစေ့ကို ၀ါးပေးပါက ချက်ချင်းသက်သာစေနိုင်တယ်။

အငန်အစားများပါက ငှက်ပျောသီးစားပေးရင် အငန်ဓါတ်ကို ဓါတ်ပြယ်စေနိုင်တယ်။

ခွေးချီး၊ ကြောင်ချီးကို သဲ (သို့) ပြာအုပ်ထားပေးပါက အနံ့ပျောက်စေတယ်။

ကြည့်မှန်တွေ မည်းညစ်နေပါက သတင်းစာစက္ကူဖြင့် သုတ်ပေးပါက ကြည်လင်တောက်ပစေနိုင်တယ်။

ပျားရည်စစ်ပါက ပုရွက်ဆိတ်မတက်ဘူး။ ခွေးမစားဘူး။ သတင်းစာစက္ကူပေါ်တင်ရင် အောက်မပေါက်ဘူး။

ရှားစောင်းလက်ပတ် အစေးဟာ မီးလောင်ဒဏ်ရာကို အေးမြစေတယ်။ အနာကျက်မြန်စေနိုင်တယ်။

အ၀တ်အစားတွင် ဆီပေရင် ဆီပေါ်တွင် သနပ်ခါးသုတ်ထားပြီး နောက်မှလျှော်ပါ။ ဆီကွက်ပျောက်သွားလိမ့်မယ်။
အိမ်မှာ ဖားတွေလာရင် မြွေက ကိုယ့်အိမ်ပတ်ဝန်းကျင်ကို ရောက်နေလို့
ပုဇင်းရင်ကွဲတွေ သာမာန်ထပ် အသံကို မြင့်ပြီးအော်ရင် မိုးရွာတော့မယ်
ပိုးဟက်တွေ ရှိလာရင် အိမ်မှာ သန့်ရှင်းမှုလိုအပ်လာလို့
မိုးရွာနေချိန် စာကလေးတွေ ပျံသန်းနေရင် မိုးတိတ်တော့မှာမလို့
ူတစ်ယောက် လမ်းလျှောက်ရင်း ခေါင်းငုံနေရင် သူစိတ်ဓာတ်ကျစရာတွေ ရှိနေလို့
အလစ်သုတ်ဖို့ကြံနေသူက တစ်ခုခုကို အလစ်သုတ်လာသူ မျက်လုံး မငြိမ်နေပါ
ဝမ်း (၃-၄)ရက် ဆက်သွားနေရင် နွားနို့မသောက်သင့်ပါ။ ၀မ်းကိုဆက်သွားစေနိုင်တယ်။

ချဉ်သောအစာများဟာ သွားရဲ့ကြွေလွှာကို ပျော့စေတယ်။ ဒါကြောင့် ချဉ်တဲ့အစာတွေစားပြီးပြီးချင်း သွားမတိုက်သင့်ပါ။

ဆရာဝန်ညွှန်ကြားတာမဟုတ်ပဲ မျက်စဉ်းခပ်မယ်ဆိုရင် စတီးရွိက်ပါတဲ့မျက်စဉ်း မခပ်သင့်ပါ။ မျက်ကြည်လွှာတွင် ပွန်းပဲ့နေပါက ပေါက်သွားစေနိုင်တယ်။

နှပ်ညှစ်ပါက နှာခေါင်းနှစ်ဖက်လုံးပိတ်ပြီး မညှစ်သင့်ပါ။ တစ်ဖက်ဆီပိတ်ပြီး ညှစ်သင့်တယ်။

အ၀တ်အစားကိုမိုးစိုပါက ချက်ချင်းမလျှော်နိုင်သေးပါက လုံးပြီးစုပုံမထားသင့်ပါ။ ဖားအုစွဲစေနိုင်တယ်။ ဒါကြောင့် မလျှော်နိုင်သေးပါက ချိတ်ဖြင့်ချိတ်လှမ်းထားသင့်တယ်။

Posted by စိမ့်စမ်းရေ on Tuesday, June 19, 2012