ဖက်ရှင်လမ်းညွှန်...............

( http://www.fashioncentral.pk )

ဖက်ရှင်နဲ့ ဒီဇိုင်းဆိုင်ရာ အမြင်တွေ၊ သုံးသပ်ချက်တွေနဲ့ အတွေးအခေါ်တွေကို လေ့လာကြည့်နိုင်မယ့် ၀က်ဘ် ဆိုက်ဖြစ်ပါတယ်။ ဒီဇိုင်းပညာရှင်တွေရဲ့ ဖန်တီးတီထွင်မှုတွေ၊ ဖက်ရှင်အပြင်အဆင်တွေကို သေချာလေ့လာ သုံးသပ်ကြည့်နိုင်မှာဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာ ဆောင်းပါး သတင်းတွေ၊ ဘလော့ဂ်တွေနဲ့ အကြံပြုချက်တွေ ကိုလည်း လေ့လာကြည့်နိုင်ပါသေးတယ်။ ကမ္ဘာတစ်လွှားက ဖက်ရှင်လမ်းညွှန်မှုတွေ၊ အလှအပ ပြင်ဆင် ခြယ်သမှုတွေ၊ ဆံကေသာနဲ့ အရေပြား ထိန်းသိမ်းစောင့်ရှောက်မှုတွေ၊ စတဲ့အကြောင်းအရာ တွေကို ဗဟုသုတ ဖြစ်ဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ လူနေမှု ပုံစံအကြောင်း၊ ဓလေ့ စရိုက်တွေနဲ့ နိုင်ငံတကာ ဖက်ရှင် အကြောင်းအရာတွေ စတာတွေအပြင် အွန်လိုင်းမှ တဆင့် ဈေးဝယ်ခြင်းတွေလည်း ပြုလုပ်နိုင်မှာဖြစ်ကာ ဘလော့ဂ်တွေကိုလည်း ဖတ်ရှုနိုင်ပါသေးတယ်။ အ၀တ်အစား၊ ဖိနပ်၊ မိတ်ကပ်အပြင်အဆင်၊ ခြေလက် အလှဆင်ခြင်း တို့ကိုလည်း လေ့လာကြည့်နိုင်ပါသေးတယ်။


Internet Journal
Vol. 12, No. 18 . Thursday May 17 2012

Posted by စိမ့်စမ်းရေ on Sunday, May 13, 2012