ဘလော့ဂ်ရေးသားရန်....

(http://www.blog.com)

ဘလော့ဂ်ရေးသားခြင်းကို စိတ်ပါဝင်စားသူတွေအတွက် ကိုယ်ပိုင် ဘလော့ဂ်လေးတွေ ရေးသား ဖန်တီးနိုင်စေ မယ့် ၀က်ဘ်ဆိုဒ်ဖြစ်ပါတယ်။ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပြီး မိမိရဲ့အတွေးအမြင်၊ စိတ်ခံစားမှုတွေကို အွန်လိုင်းကနေ တစ်ဆင့် လူထုကို ဖော်ပြခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဘလော့ဂ်ဖန်တီးဖို့အတွက် လိုအပ်တဲ့ tools တွေနဲ့ features တွေ စုံလင်စွာ ထည့်သွင်းပေးထားပြီး theme တွေကိုလည်း စုံလင်စွာ ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ မှတ်ပုံတင်ပြီး အသုံးပြုနိုင်မှာ ဖြစ်ကာ အွန်လိုင်းပေါ်ကနေပြီး ၀ါသနာနဲ့ စိတ်ပါဝင်စားမှုချင်းတူရာ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း ရှာဖွေနိုင်ပါသေးတယ်။ ၀ါသနာတူရာ အပေါင်းအသင်းတွေစုပြီး multi-author ဘဘော့ဂ်ကိုလည်း ရေးသားနိုင်မှာ ဖြစ်ပြီး widget တွေလည်း ထည့်သွင်းနိုင်ပါသေးတယ်။ တခြားသူတွေ ဖန်တီး ရေးသားပြီး ဆိုဒ်ပေါ်ကနေ ဖော်ပြတဲ့ ဘလော့ဂ်တွေကိုလည်း အတုယူလေ့လာနိုင်ပါသေးတယ်။

Internet Journal
Vol. 13. No. 17 Thursday May 10 , 2012

Posted by စိမ့်စမ်းရေ on Monday, May 7, 2012