from ( http://friendsmyanmar.org/forum/topics/phquesandans )

Optical Joystick Navigation ဆိုတဲ့စနစ်က ဘာအတွက်လဲ။

Optical Joystick Navigation ဆိုတဲ့စနစ်ကတော့ Sony Ericsson X1 Windows Mobile မှာပါတဲ့ စနစ်တစ်ခုပါ။ သူကတော့ ဖုန်းရဲ့ Navigator Wheel နေရာမှာပါတဲ့ အကွက်နေရာလေးကို ကွန်ပျူတာရဲ့ Mous တစ်ခုလိုအသုံးပြုနိုင်မယ့် Function တစ်ခုပါပဲ။


Touch Screen ဖုန်းတွေနဲ့ အမြင့်ပိုင်းမော်ဒယ်မြင့်ဖုန်းတွေမှာ ဂိမ်းအနိမ့်တွေကိုထည့်လို့ရပါသလား။

Touch Screen ဖုန်းတွေနဲ့ အမြင့်ပိုင်းမော်ဒယ်မြင့်ဖုန်းတွေမှာ ဂိမ်းအနိမ့်တွေကိုထည့်လို့ရပါတယ်။ ဒါပေမယ့် ဂိမ်းရဲ့မြင်ကွင်းကိုတော့ Screen မှာ အပြည့်မြင်ရမှာမဟုတ်ပါဘူး။ တစ်ဝက်ပဲမြင်ရမှာပါ။ ဖုန်းရဲ့ Screen Resolution နဲ့ ဂိမ်းရဲ့ Resolution မကိုက်လို့အဲလိုဖြစ်ရတာပါ။



Proximity Sensor ဆိုတာဘာလဲ။

Proximity Sensor ဆိုတာကတော့ Touch Screen ဖုန်းတွေမှာ ဖုန်းပြောနေတုန်း နားနဲ့ဖုန်းကိုကပ်လိုက်တဲ့အခါ Screen ကို မတော်တဆထိမိလိုက်ရင် ဖုန်းပိတ်သွားတာတို့ အခြား Function တစ်ခုကိုချိန်းသွားတာတို့ကို မဖြစ်အောင် တားဆီးပေးထားတဲ့စနစ်တစ်ခုပါ။ သူကတော့ ဖုန်းရဲ့အပေါ်ဖက်နားမှာ အပေါက်လေးတစ်ခုရှိပြီး သူ့ကိုလက်နဲ့ဖြစ်ဖြစ် တစ်ခုခုနဲ့ ပိတ်မိလိုက်တာနဲ့ Screen ကိုပိတ်ပေးတဲ့စနစ်ပါ။ အဲလို Screen ပိတ်နေတဲ့အချိန်မှာ Touch Screen ကအလုပ်မလုပ်ပါဘူး။ ဖုန်းပြောလို့ ဖုန်းကိုနားနဲ့ကပ်လိုက်ရင် သူ့ကိုပိတ်မိသွားတဲ့အတွက် Screen ကိုနားနဲ့ထိမိလည်း ဘာမှမဖြစ်နိုင်တော့ပါဘူး။



Nokia 5800 မှာ Office Application တွေကို အသုံးပြုတဲ့အခါမှာ error ဖြစ်ဖြစ်နေတာ ဘာကြောင့်ပါလဲ။
Nokia 5800 မှာ Office Application တွေကို သုံးတဲ့နေရာမှာ error ဖြစ်ဖြစ်သွားရတာကတော့ ၅၈၀၀ ဟာ Touch Screen ဖုန်းဖြစ်နေလို့ပါ။ Office Application တွေက Touch Screen ဖုန်းတွေနဲ့ဆို အဲလိုပါပဲ အဆင်မပြေဖြစ်တက်ပါတယ်။

ဖုန်းတွေထဲမှာပါတဲ့ Accelerometer Sensor for Auto rotate ဆိုတဲ့စနစ်က ဘာကိုပြောတာပါလဲ။

ဖုန်းတွေထဲမှာပါတဲ့ Accelerometer Sensor for Auto rotate ဆိုတဲ့စနစ်ကတော့ ဖုန်းနဲ့ ဓါတ်ပုံရိုက်တဲ့အချိန်မှာဖြစ်ဖြစ် ဖုန်းထဲကဓါတ်ပုံတွေကို ကြည့်တဲ့အချိန်တွေမှာပဲဖြစ်ဖြစ် ဓါတ်ပုံကိုကိုယ်လိုချင်တဲ့ View ပုံစံကို ရွှေ့စရာမလိုပဲ ဖုန်းကို စိတ်ကြိုက်လှည့်လိုက်တာနဲ့တင် ဖုန်းရဲ့ Screen မှာပေါ်နေတဲ့ပုံဟာလည်း အလိုအလျောက်လိုက်လှည့်ပေးမယ့် စနစ်တစ်ခုဖြစ်ပါတယ်။



ဖုန်းတွေမှာပါတဲ့ GPS စနစ်နဲ့ AGPS စနစ်က ဘယ်လိုကွာခြားပါသလဲ။

ဖုန်းတွေထဲမှာပါတဲ့ GPS စနစ်ကတော့ GPS Function ကိုအပြည့်အ၀အသုံးပြုနိုင်မှာဖြစ်တဲ့ GPS စနစ်စစ်စစ်ပါ။ AGPS စနစ်ကတော့ Assistant GPS စနစ်လို့ခေါ်ပါတယ်။ GPS စနစ် စစ်စစ်မဟုတ်ပါဘူး။



CDMA 450 ဖုန်းတွေမှာ ဘက်ထရီကကြာကြာမခံတာ ဘာကြောင့်ပါလဲ။ ဖုန်းပူလာကလည်း ဘာကြောင့်ပါလဲ။

CDMA 450 ဖုန်းတွေမှာ ဘက်ထရီကြာကြာမခံတာကတော့ နဂိုကတည်းက CDMA ဖုန်းရဲ့ ဘက်ထရီကဖြစ်တာပါ။ ပြီးတော့ CDMA ကလိုင်းဆွဲအားမြင့်တဲ့အတွက် ဘက်ထရီပိုစားလို့ပါ။ ဖုန်းပူလာရတာကတော့ CDMA ဖုန်းတွေမှာဖြစ်နေကျတစ်ခုလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ CDMA ရဲ့လိုင်းဆွဲအားဟာ GSM ရဲ့လိုင်းဆွဲအားထက် ပိုမြင့်ပြီးပိုပြင်းပါတယ်။ ဒါကြောင့် ဖုန်းပြောချိန်ကြာလာတာနဲ့အမျှ ဖုန်းကလိုင်းဆွဲအားကြောင့် ပူလာတာပါ။




ဖုန်းမှာပါတဲ့ကင်မရာတွေမှာ shutter မပွင့်ပဲ screen မှာလည်းမည်းနေတက်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။

ဖုန်းတွေမှာပါတဲ့ ကင်မရာတွေမှာ shutter လည်းမပွင့်ပဲ screen မည်းနေတာကတော့ ဖုန်းရဲ့သက်တမ်းကြာရှည်လာပြီး ကင်မရာအသုံးပြုမှုများလာတာကြောင့် error ဖြစ်နေတာပါ။ ဒီလို shutter error ဖြစ်လာရင် ကင်မရာထဲက function setting ထဲမှာ restart ကိုဖွင့်လိုက်မယ်ဆိုရင်ပြန်ကောင်းလာနိုင်ပါတယ်။



ဖုန်းတွေမှာပါတဲ့ memory card ကို card reader နဲ့ ချိတ်ပြီး data ရွှေ့ပြောင်းလုပ်လို့ရပါသလား။
ဖုန်းတွေမှာပါတဲ့ memory card ကို card reader နဲ့ချိတ်ပြီး data ရွှေ့ပြောင်းလုပ်လို့ရပါတယ်။ အဲဒီမှာအသုံးပြုတဲ့ card reader ကတော့ Universal card reader နဲ့ဆိုပိုအဆင်ပြေနိုင်ပါတယ်။



Bluetooth နဲ့ hand free ကိုသုံးမယ်ဆိုရင် ဘယ်လိုအမျိုးအစားတွေကိုသုံးသင့်ပါသလဲ။ဘယ်အမျိုး အစားတွေကကောင်းပါသလဲ။
Bluetooth နဲ့ Handfree တွေကိုသုံးမယ်ဆိုရင်တော့ singapore made တွေကိုသုံးတာအကောင်း ဆုံးပါပဲ။ china made တွေကတော့ သိပ်ကြာကြာမခံပါဘူး။ ပြီးတော့လိုင်းဆွဲအားကလည်းကွာပါတယ်။ singapore made တွေက လိုင်းဆွဲအားကောင်းပြီး china made တွေကတော့လိုင်းဆွဲ အားသိပ်မကောင်း ပါဘူး။အသံကြည်လင်မှုနဲ့ အကွာအဝေးတွေက ကွာခြားပါတယ်။



ဖုန်းရေစိုသွားခဲ့မယ်ဆိုရင် ပထမဦးဆုံးဘာကိုအရင် လုပ်သင့်ပါသလဲ။
ဖုန်းကရေစိုသွားခဲ့မယ်ဆိုရင်တော့ ပထမဆုံး ဖုန်းရဲ့ battery ကိုအရင်ဆုံးဖြုတ်သင့်ပါတယ်။ ပြီးတော့မှ ရေစိုနေတဲ့အစိတ်အပိုင်းတွေနဲ့ကတ်ထည့်တဲ့နေရာတွေကိုရေပြောင်အောင်သုပ်သင့်ပါတယ်။ ဖုန်းရဲ့ပါဝါ ကိုအရင်ဆုံးပိတ်တာမျိုး ကိုမလုပ်သင့်ပဲ battery ကို အရင်ဆုံးဖြုတ်တာကအန္တရာယ်ပိုကင်းနိုင်ပါတယ်။

Posted by စိမ့်စမ်းရေ on Sunday, May 13, 2012