from ( http://friendsmyanmar.org/forum/topics/phquesandans )

မိုဘိုင်းဖုန်းလေးတွေ နဲ့ ပတ်သတ်တဲ့ အမေးအဖြေလေးတွေပါ။
အရမ်းကြီး စုံစုံလင်လင်မဟုတ်တောင်.. တော်တန်ရုံကြုံတွေ့ရတဲ့ ပြဿနာ တွေ အားလုံးကိုတော့ ခြုံငုံမိမှာပါ။ အားလုံး အဆင်ပြေဖို့အတွက် တွေ့ရှိသလောက်ကို ကူးယူဖော်ပြထားပါတယ်။

ဲ့

iPhone မှာ Lock code လည်းဖြည်ထားတယ် ဖုန်းလည်းပြောလို့ရတယ်။ ဒါပေမယ့် အခြား Application တွေထည့်လို့မရတာ ဘာကြောင့်ပါလဲ။

iPhone မှာ Lock code ကိုဖြည်ထားရုံနဲ့ Application တွေထည့်လို့မရနိုင်ပါဘူး။ တစ်ခါတစ်လေမှာ Lock code ဖြည်ထားတာက ဖုန်းပြောလို့ရယုံအတွက် Sim Card Lock ကိုပဲဖြည်ထားတာပါ။ အဲဒါကြောင့် ဖုန်းပဲပြောလို့ရတာပါ။ အခြား iPhone Application တွေကို ထည့်ချင်တယ်ဆိုရင်တော့ ဖုန်းကို modified လုပ်သလိုမျိုး jailbreak ပြန်လုပ်မှရပါမယ်။ ဒါမှ Application တွေကိုထပ်ထည့်နိုင်မှာပါ။

CDMA 450 တွေမှာ ဘာကြောင့်ဘက်ထရီက ကြာကြာမခံတာပါလဲ။

CDMA 450 တွေမှာ ဘက်ထရီကြာကြာမခံတာကတော့ သူဖုန်းမှာပါတဲ့ နဂိုဘက်ထရီကိုက အဲလိုဖြစ်နေတာပါ။ ဘက်ထရီသိပ်မကောင်းပါဘူး။ အဲ့ဒါအပြင် CDMA 450 က လိုင်းဆွဲအားပြင်းပါတယ်။ အဲဒီအတွက်ကြောင့် သူက GSM ထက် ဘက်ထရီပိုစားပါတယ်။ အဲဒါကြောင့် ကြာကြာမခံတာပါ။


Sony Ericsson ဖုန်းတွေမှာပါတဲ့ Face Detection စနစ်ဆိုတာဘာပါလဲ။

Sony Ericsson ဖုန်းတွေရဲ့ ကင်မရာတွေမှာပါတဲ့ Face Detection ဆိုတဲ့စနစ်ကတော့ ဓါတ်ပုံရိုက်တဲ့နေရာမှာ ဓါတ်ပုံရိုက်ခံသူတွေ တစ်ဦးချင်းစီရဲ့မျက်နှာတွေကို ကြည်လင်ပြတ်သားရှင်းလင်းအောင် ပြု လုပ်ပေးတဲ့စနစ်တစ်ခုပါ။ အဲဒီ function နဲ့မျက်နှာတွေကို ဖမ်းယူနိုင်ပါတယ်။



ဖုန်းခေါ်လိုက်ရင် လိုင်းမ၀င်ပဲ voice mail message ထားခဲ့ဖို့ပဲပြောနေတာ ဘာကြောင့်ပါလဲ။

ဖုန်းခေါ်လိုက်ရင် လိုင်းမ၀င်ပဲ voice mail message ထားခဲ့ဖို့ပြောနေတာကတော့ ဖုန်းက ဆက်သွယ်မှုပြင်ပဖြစ်နေရင်ဖြစ်တတ်
ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဖုန်းမှာပါတဲ့ voice mail service ကြောင့်လည်း ဖြစ်တတ်ပါတယ်။



Encryption Key ဆိုတာဘာပါလဲ။

ဖုန်းတွေမှာပါတဲ့ Encryption Key ဆိုတာကတော့ ဖုန်းမှာပါတဲ့ ဖုန်း memory နဲ့ card memory ကိုပိတ်တဲ့ function တစ်ခုပါ။ အဲဒီ function ကိုအသုံးပြုပြီးတော့ memory ကို password ပေးပြီး ပိတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုပိတ်တဲ့နေရာမှာတော့ code တွေကအရေးကြီးပါတယ်။ Code မေ့သွားမယ်ဆိုရင် ဘာမှပြန်လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ function ကရိုးရိုး password ပေးပြီးပိတ်တာထက် ပိုပြီး security ကောင်းလို့ပါ။


ဖုန်းထဲမှာပါတဲ့ Tunning Control ဆိုတဲ့စနစ်ကဘာပါလဲ။

ဖုန်းထဲမှာပါတဲ့ Tunning Control ဆိုတဲ့စနစ်ကတော့ ဖုန်းကိုလှုပ်လိုက်တာနဲ့ ဖုန်းလာနေရင်ဖြစ်စေ၊ ဖုန်းကို Alarm ပေးထားရင်ဖြစ်စေ ပိတ်သွားနိုင်မယ့် function တစ်ခုပါ။ သူ့ကိုသုံးချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Tunning Control ထဲမှာ silent call ကိုသွားပါ။ အဲဒီထဲကမှ ON/OFF နဲ့ Snoozing call ဆိုတာရှိပါတယ်။ ON လုပ်လိုက်ရင် ဖုန်းအ၀င်ရော Alarm တွေကိုပါ ပိတ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းကိုထိရုံလှုပ်ရုံလေးနဲ့တော့ မရပါဘူး။ သူက screen မှာရှိတဲ့ Accelerometer Sensor ကိုအခြေခံထားတဲ့အတွက် ဖုန်းရဲ့ screen ကို လည်သွားအောင်လုပ်လိုက်မှရပါမယ်။



ဖုန်းထဲမှာ Antivirus တွေကိုအမြဲ Run ထားရင်ဘာဖြစ်တတ်ပါသလဲ။

ဖုန်းထဲမှာ Antivirus တွေကို Run ထားရင်ဝင်လာတဲ့ Virus တွေကို သူကစစ်ပေးသတ်ပေးနေမှာပါ။ ဒါပေမယ့် အဲလို Run ထားတဲ့အတွက် စက်ရဲ့ process တွေကိုတော့ လေးလံသွားစေပါတယ်။ အမြဲတမ်း Run မထားသင့်ပါဘူး။ တစ်ရက်တစ်ခါမဟုတ်ရင် တစ်ပတ်တစ်ခါလောက်မှပဲ Run သင့်ပါတယ်။



5800 ဖုန်းတွေမှာ Wallpaper လုပ်ရင် ဘာကြောင့်အပြည့်မပေါ်ပဲ ပုံကတစ်ဝက် တပျက် ဖြစ်နေရတာပါလဲ။

5800 ဖုန်းတွေမှာ Wallpaper တွေလုပ်တဲ့အခါမှာ Screen အပြည့်မပေါ်ပဲ တစ်ဝက်တပျက်ဖြစ်နေရတာကတော့ ဖုန်းရဲ့ Display Pixel နဲ့ ကိုယ်တင်လိုက်တဲ့ပုံရဲ့ဆိုက်က မညီလို့ဖြစ်ရတာပါ။



Barcode ဆိုတဲ့ Function ကဘာလဲ။

Barcode ဆိုတဲ့ Function ကတော့ Code တွေကို ဖတ်တဲ့စနစ်တစ်ခုပါ။ သူကတော့ ဖုန်းအတွက် ၀က်ဘ်ဆိုက်တွေမှာ ဆော့ဖ်ဝဲတွေ ဂိမ်းတွေကိုရှာတဲ့နေရာမှာ အဲဒါတွေအတွက် Download လုပ်မယ်ဆိုရင် Download လုပ်စရာမလိုပဲ Application အတွက် ဖိုင်မှာပါတဲ့ Barcode ကိုဖုန်းမှာပါတဲ့ Barcode function နဲ့ တိုက်ရိုက်ဖတ်ပြီးထည့်နိုင်ဖို့အတွက် လုပ်ပေးထားတဲ့စနစ်တစ်ခုပါ။

Posted by စိမ့်စမ်းရေ on Saturday, May 12, 2012