မင်္ဂလာဈေး မိသားစုများရဲ့ ဒါနဥပပါရမီ

ဒီနေ့ မေလတစ်ရက်နေ့ ( မေဒေးနေ့ ) မှာတော့ ကျွန်မတို့ မင်္ဂလာဈေး ဗုဒ္ဓဝေယျာဝစ္စနှင့် သွေးအလှူရှင်များ အဖွဲ့ရဲ့ ( ၃ ) ကြိမ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

အသင်းဝင်အားလုံးရဲ့ ကြည်နူးပီတိလေးတွေကို မျက်မြင်ကိုယ်တွေ့မြင်ကြရတဲ့နေ့လည်း ဖြစ်ပါတယ်။ အလုပ်သမားအများစုရဲ့ အားရက်လည်းဖြစ်တာကြောင့် ဒီနေ့ မေဒေးနေ့ကို သတ်မှတ်လိုက်ခြင်းလည်း ဖြစ်တယ်လေ။

တစ်ကြိမ်မှစလို့ အကြိမ်ရေအများဆုံးထိ သွေးအလှူရှင်များကို အမှတ်တရလက်ဆောင်များကို မဲဖောက်ပေးခြင်း၊ သီးသန့် လက်ဆောင်များ ပေးခြင်း အစီအစဉ်ဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်များ အားလုံးကို ထမင်းဟင်းများနဲ့ ဧည့်ခံကျွေးမွေးခြင်းကိုတော့ ကျွန်မတို့ ဝေယျာဝစ္စ အဖွဲ့ဝင်တွေက လုပ်ကြရတာပေါ့။ အားလုံးစုရုံးစုရုံးနဲ့ အရမ်းကို ပျော်စရာကောင်းတယ်လေ။

2012 ရဲ့ မေလ မှာတော့ ခေတ်စားနေတဲ့ 2 သိန်းတန် ဖုန်းများလည်း ကံစမ်းမဲထဲမှာ ထည့်သွင်း ထားတယ်လို့လဲ သိရသေးတယ်လေ။ တခြားတန်ဖိုးကြီးပစ္စည်းများလည်း မျိုးစုံပါတာမို့ ရင်ခုန်ရင်းနဲ့ ပဲ စောင့်မျှော်ကြရပါတယ်။

ခုချိန်ဆို ကျွန်မရဲ့ ညီမလေး၊ မောင်လေးနဲ့ တခြားသူငယ်ချင်းတွေအားလုံး အလုပ်များစွာနဲ့ပဲ ပျော်နေ လောက်ပါပြီ။ ဒီစာကိုရေးနေတဲ့ကျွန်မကတော့  ပိတ်ရက်မရှိတဲ့ အလုပ်မှာ တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ သတင်းလေးတွေကိုသာ နားစွင့်လို့သာ နေပါတယ်။ ဘယ်သူများ ဘာလေးတွေ ရသွားသလဲပေါ့…။

အားလုံးအတွက် ကြည်နူးပေးနေရတဲ့ ကျွန်မကတော့ သွေးပေါင်မပြည့်တာကော၊ လူပေါင်မပြည့်တာကောနဲ့ တစ်ခါမှတောင် မလှူနိုင်သေးပါဘူးလေ။ ကျန်းမာရေးချူချာတဲ့ကျွန်မတွက်ကတော့ ခန္ဓာကိုယ်ကနေ သွေးကို ဖောက်လှူဖို့ အင်အားကမရှိနိုင်သေးပါဘူး။ ဒါပေမယ့်လည်း အားမငယ်ပါဘူး.. တစ်နေ့တော့ လှူနိုင်လာမှာပေါ့နော်..။ ဒါမှ သူဇာလေးလည်း ကံစမ်းမဲထဲ ပါဝင်ခွင့်ရမှာ။

အကယ်၍များ မိမိတို့ အသိမိတ်ဆွေ၊ မသိသူငယ်ချင်း စသည်စသည်များ အနေနဲ့ အရေးပေါ်သွေးလိုအပ်တာ များ ရှိခဲ့ရင်တော့ သူဇာလေးကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်နော်။ ဒါမှမဟုတ်.. 09-500 4665 ( ဦးကိုကိုနိုင် ) ဆိုပြီးလဲ လိုအပ်တဲ့ အကူအညီများကို တောင်းခံနိုင်ပါတယ်ဆိုတာကို ဒီနေရာကနေ အသိပေးလိုက်ရပါတယ်။




Posted by စိမ့်စမ်းရေ on Monday, April 30, 2012