အိမ်အလည်တိုင်ထိပ်ဆီမှ နာရီလက်တံလည်နေသံက တိတ်ဆိတ်နေတဲ့ညကို ပိုပြီး ပြီပြင်စေပါတယ်။ ည 7 နာရီခွဲ ဆိုပေမယ့် မိတင်မြတို့ ရပ်ကွက်
ကတော့ လူသံ၊ ခွေးသံ ဘာသံမှ မကြား၇လောက်အောင် တိတ်တိတ်ပျောက်ပင်...။ လျှပ်စစ်မီးလေး မပွင့်တစ်ပွင့်ကလည်း တစ်ရပ်ကွက်လုံးမှ
လေးငါး ဆယ်အိမ်။ ပြောသာပြောရတာ... ကိုယ့်အိမ်တောင် မယူနိုင်သေး။ မီးအိမ်ရှင်အဖြစ် ဖယောင်းတိုင်လေးကိုသာ အားကိုးနေရတာ...။
မကြာခဏ လည်ပင်းထောင်ကြည့်ရလွန်းလို့ တော်တော်ရှည်နေပြီလို့ ထင်တားတဲ့ သူ့လည်းပင်းတောင် ခဏခဏပြန်စမ်းကြည့်နေမိတယ်။
ပုံမှန်ရောက်ချိန်ထက် အနည်းငယ်နောက်ကျနေတဲ့ သမီးကြီးကို စိတ်ပူတစ်ဝက်၊ စိတ်ချတစ်ဝက်နဲ့သာ....။ ပြန်လာချိန်မရောက်လာတော့လည်း လည်
တဆန့်ဆန့်နဲ့ မျှော်ရသူက မိခင်မဟုတ်လား..။ ဂနာမငြိမ်ဖြစ်နေတဲ့ စိတ်ကိုလည်း ထိန်းထား၇တာ အမောပင်..။
မနီးမဝေးခရီးတစ်ခုမှာ ၀င်ငွေရအောင် ကြိုးပမ်းနေရှာတဲ့ သမီးကြီးက သူတို့အိမ်ရဲ့ ငွေတွင်းကြီးပါ။ တစ်နေကုန်စက်ပေါ်ကမဆင်းပဲ
အလုပ်လုပ်ကျွေးနေသူမို့လည်း မိသားစုချင်းကတောင် အားနာနေရသည်လေ..။ သူမတူအောင် ကျွမ်းကျင်တာမို့လည်း လခကောင်းကောင်းပေးထားတဲ့ သူဌေး
တွေကသူ့ကို လက်မလွတ်ချင်...။
မိသားစုအခြေအနေအရ အခု ရပ်ကွက်ကလေးကိုပြောင်းလာရပေးမယ့် အလုပ်ကျတော့ မပြောင်းလာရပေ။ လူနေအိမ်ခြေနည်းနေသေးတဲ့ စ တည်စ
ရပ်ကွက်ငယ်ေးလးတစ်ခုမှာ ဘယ် လုပ်ငန်းရှင်ကများ အလုပ်ရှိလာအောင် လုပ်ပေးထားပါ့မလဲ..။ ဆင်းရဲ စုတ်ပြတ်နေတဲ့ ဒီနေရာလေးမှာ လစာ ကောင်းကောင်း
ရဖို့ဆိုတာက.. နောင်ဘ၀ပြောင်းတောင် ရပုံမပေါ်..။
တောင်တောင်အီအီစဉ်းစားနေရာကနေ...
“ကိုဘမောင်.. လမ်းထိပ်ကို ခဏသွားကြည့်စမ်းပါတော်..”
“ဟာ...မင်းကလည်း လာမှာပေါ့ကွာ... သိပ်လည်း စိတ်ပူမနေပါနဲ့..”
အင်း..ပြောသာပြော၇တာ.. တုန်းလုံးလှဲနေပြီ ဖြစ်တဲ့ ကိုဘမောင်ကိုလည်း အားနာတယ်..။ မခိုင်းရက်တော့..။
ကျောင်းသားကလေး 3 ယောက်ရဲ့ တာဝန်ကလည်းရှိသေးတော့..သူခမျာ ရရာအလုပ်ကို လုပ်ရင်း ရေတွန်းရောင်းရတာကလည်း တစ်နေကုန်နီးပါးဆိုတော့
ခမျာမှာ ပင်ပန်းထား၇တာ..။ မညီမညာလမ်းတွေမှာ တွန်းရတာဆိုတော့... အလုပ်လဲသိပ်မတွင်ကျယ်ဘူးလေ..။ တစ်နေရာနဲ့တစ်နေရာကလည်း ဝေးတော့...အင်း... ဒီလိုပါပဲ...။
”အငယ်မရေ.. ကလေးတွေကိုကြည့်ထားနော်..“
လက်နှိပ်ဓါတ်မီးလေးယူပြီး လမ်းထိပ်ဘက်သို့သာ ထွက်လာလိုက်ပါတော့တယ်....။ မညီမညာ ခင်းထားတဲ့ လူတစ်ယောက်စာ သွားလမ်းကလေးက
အနိမ့်အမြင့်နဲ့ပါ။ နေ့ခင်းဘက်ကသွားရတာ တော်သေးသည်။ လူချင်းတိုက်မိမှသာ ဘယ်သူ ဘယ်ဝါမှန်း သိရတာမို့ ဓါတ်မီးမပါလို့ကတော့ မျက်ကန်း
လမ်းလျှောက်သည်ထက် ပိုဆိုးနိုင်သည်လေ...။ မနီးမဝေးမို့ မနည်း သတိထားပြီးသာ လျှောက်နေရပါတော့တယ်....။
“အော်.. မတက်နိုင်ပါဘူးလေ... ကိုယ်က မိသားစု များတယ်မလား...။ ဒီလိုနေရာမှာ နေရတာကိုပဲ ကံတရားကို ကျေးဇူးတင်နေရမှာပါ....။
အရင်နေခဲ့တဲ့ ရပ်ကွက်ကကောင်းသည်။ လုပ်စား ကိုင်စားလို့အဆင်ပြေတယ်ပြောရမယ်။ သမီးကြီးကလည်း အိမ်နဲ့နီးတော့ သိပ်စိတ်ပူစရာမလို...။ အငယ်မ နှစ်ယောက်ကလည်း
ရပ်ကွက်က လက်မှုအလုပ်လေးတွေ လုပ်သေးတော့ ဘာပဲပြောပြော လုံလောက်သည်လေ..။ အငယ် 3 ယောက်ရဲ့ ကျောင်းကိစ္စတွေကလည်း ရပ်ကွက်ထဲပင်ဆိုတော့....စိတ်အေးရတာပေါ့။
အိမ်ငှားသက်တမ်းတစ်လျှောက်လုံးတော့ ခုနေတဲ့အိမ်လေးက အကြာဆုံးပင် အလတ်ကောင်လေး ကိုယ်ဝန်ကတည်းကရောက်တာဆိုတော့.... ဒီအိမ်သက်တမ်းက 10 နှစ်နီးပါးပင်..။
စီးပွါးရေးတွေ ကျပ်တည်းလာတော့လည်း အိမ်ရှင်တွေက အိမ်ကိုရောင်းလိုက်ကြတယ်။ တခြားအိမ်ငှားလိုက်ရှာကြည့်တော့... ကိုယ့်မှာရှိတဲ့ငွေက မလောက်ချင်။ တစ်စ တစ်စ
ဈေးမြင့်လာတဲ့ အိမ်စပေါ်ငွေကလည်း ရုတ်တရက်ဆို ကိုယ့်မှာမရှိ။ မိသားစုများတာကို အကြောင်းပြပြီး ဘယ်သူမှမငှားချင်..။ မိသားစုက 8 ယောက်အပြင် တူတော်မောင်ကလည်း
အလည်ရောက်နေတာ ဘယ်နေ့ပြန်မှန်းမသိ..... 9 ယောက်ဆိုတဲ့ အားကို ကြည်ကြည်ဖြူဖြူ လက်ခံဖို့ကျတော့......... အင်းလေ... သူတို့သဘောပေါ့..။ အဲံဒါနဲ့ပဲ.. ခုနေတဲ့
ရပ်ကွက်ကလေးကို ရောက်လာရတာ.။ နေသား မကျသေးပေမယ့် အဆင်ပြေအောင်တော့ ကြည့်နေရတာပေါ့။ ဘယ်တက်နိုင်ပါ့မလဲ....ကိုယ့်ဘ၀က ဒီလိုပုံနဲ့ တန်တယ်ထင်ပါတယ်.....။
တွေးရင်း၊ တောရင်းနဲ့ လမ်းထိပ်ဘက်ကိုတောင် ရောက်လာနေပြီ.....။ ကားမှတ်တိုင်မှာလည်း ကိုယ့်လိုပဲ လာကြို၊ လာစောင့်တဲ့သူတွေလည်း ရှိပါ့လာ...။ ကားနံပါတ် တစ်ခုတည်း
သာ ရှိတာမို့.... ကားတစ်စီးနဲ့တစ်စီးက မိနစ် 20 လောက်ကြာတယ်သည်လေ...။
“ဟော... လာပြီ ”
ကားတစ်စီးရောက်လာတာနဲ့ မှတ်တိုင်ကလူတွေ ခပ်ရုပ်ရုပ်ဖြစ်ကုန်တယ်..”
ကားပေါ်ကဆင်းလာတဲ့ သမီးကို လှမ်းခေါ်မည်အပြု....အနောက်ကပ်ပါလာတဲ့ လူရိပ်ကြောင့် မိတင်မြ အသာလေး ကိုယ်ရှိန်သတ်နေလိုက်ရပါတယ်..။
နဂိုက နောက်ကျလို့ ပူပန်နေတဲ့စိတ်တွေက ဘယ်ရောက်သွားမှန်းမသိ... မသိစိတ်ထဲတော့...ရင်အေးသွားတယ်ပြောရမယ်....။
ရုတ်တရက်မို့ အသာလေး ဘေးသို့သာ ဖယ်နေလိုက်ပါတယ်...။ ကိုယ့်ကို မမြင်လောက်ပါဘူးဟုသာ မှတ်ယူရင်း.... အသံတိတ်နှုတ်ဆိတ်လျက်သာ....။
အိမ်ရောက်ရင်တော့ သမီးကို ခပ်တိုးတိုးမေးရမည်...။ သိပ်လည်းမတင်းကျပ်ရဲပေ။ ခမျာမှာ နေ့တိုင်းလိုက်ပို့၊ လာကြို လုပ်ပေးသည်ဆိုကတည်းက ကိုယ့်သမီးကို အမှန်ပင်
ချစ်မြတ်နိုးတာ ဖြစ်နိုင်သည်လေ..။ သည်ခရီးနဲ့သည်ခရီးက ဝေးလှတာမဟုတ်.... ကားကလည်းကျပ်၊ မှောင်ကလည်းမှောင်ဆိုတော့.....။ တော်ရုံဆို စိတ်ပါပျက်သွားနိုင်သည်။
“ မိတင်မြ.... 8 နာရီတောင်ထိုးတော့မယ်.. မင်းသမီး နောက်ကျလှချေလား....”
“ကျုပ်ကိုပြောသွားပါတယ်တော်.. ဒီနေ့နဲနဲနောက်ကျမယ်တဲ့...”
“...ဟ... ကိုဘမောင်. ရှင်ဘယ်သွားမလို့လဲ...”
” ငါ....လမ်းထိပ်ခဏ.... တစ်ခါတည်းကြိုလာခဲ့မယ်...”
ဟာ...မဖြစ်ဘူး..မဖြစ်ဘူး... ကိုဘမောင် ဒီချိန်သွားလို့မဖြစ်.... ပြဿနာတက်သွားနိုင်သည်...။ ကောင်လေးကိုတွေ့သွားရင် သမီးကြီးတော့..ဒုက္ခ...။
ူသူက ပါးစပ်ကပြောမှာမဟုတ်... လက်ကပါချင်ချင်....။
ကောင်းလေးကို သဘောမကျသည်ထက် သူ့မိဘ အသိုင်းအ၀ိုင်းကို မကြိုက်ခြင်းပင်...။ လူသာမက စိတ်ဓါတ်ပါဆင်းရဲတာမို့ ကိုဘမောင် လုံးဝ သဘောမကျခြင်းပင်..။
ဟိုမှာနေကတည်းက ပြဿနာက နဲနဲရှိခဲ့တာဆိုတော့လည်း....မိတင်မြ...စိတ်ပူတာ မဆိုးပင်....။ ဒါပေမယ့်လည်း..ကိုယ်က သမီးရှင်မလား...အရာရာကို ထိန်းထိန်းသိမ်းသိမ်းပေါ့.။
“ကဲ..ရှင်နေပါ ကိုဘမောင်ရယ်.. ကျုပ်သွားလိုက်ပါ့မယ်...မမြင်မစမ်းနဲ့.. တော်ကြာ.... ခလုပ်တိုက်နေပါ့မယ်...”
“ ရှင်ဘာဝယ်စရာ ရှိလို့လဲပြော... ”
ပြောပြောဆိုဆို အိမ်ပေါ်ကနေ ကမန်းကတန်းပြေးဆင်းသွားတဲ့ မိတင်မြရဲ့ပုံစံကိုတော့ ကိုဘမောင် ဘယ်နားလည်နိုင်ပါ့မလဲ...။
“ ဟဲ့.သမီး.နင့်အမေနဲ့မတွေ့ဘူးလား...”
“အင်.... တွေ့တယ်.အဖေ...”
“ မိတင်မြတော့.. ဘယ်သဝေထိုးနေပြန်ပြီလဲမသိဘူး... ညဘက်ကြီးတောင်...”
“ ကဲ..သမီးထမင်းစား..”
ဦးဘမောင်ရဲ့ စကားအဆုံးမှာတော့.....
“တော်ကတည်းနော်.. ကျုပ်က ရှိပါတယ်.. အတူတူပြန်လာတာပါ... တကတည်း..”
*****-----*****-----
နေ့လည်ခင်း ကိုဘမောင်မရှိခိုက် ဘေးအိမ်က အမနဲ့ စကားကောင်းနေတဲ့ မိတင်မြကတော့.. ကိုယ့်အဖြစ်အပျက်ကို ရင်ဖွင့်နေလေရဲ့....။
ကျွန်မတို့ အမေတွေဆိုတာ.သားသမီးကို ကောင်းစားစေချင်တဲ့ စိတ်က အရင်းခံမလား..။ စိတ်တော့ ဘယ်ဆင်းရဲစေချင်ပါ့မလဲ..။
မိသားစု အဆင်ပြေရေးကိုလည်း ထိန်းသိမ်းရဖို့ကလည်း အရေးကြီးသေးတယ်..။
ဝင်ငွေလေးကိုလည်း ပုံမှန်ဖြစ်စေချင်သေးတော့... သမီးကိုလည်း စိတ်ဆင်းရဲအောင် တွန်းအားပေးတာမျိုးလည်း မဖြစ်စေချင်ဘူးပေါ့.....။ ဒါ့ကြောင့်လည်း
သားအဖတွေကိုလည်း ပြေလည်စေချင်တာပါ...။
“သမီးကြီးကို မျက်နှာထားတင်းတင်းနဲ့ ကြည့်ပြီး သဘောမကျဟန်တော့ လုပ်ရသေးတာပေါ့
နောက်မှသာ.. တော်ပါသေးရဲ့ ငါ့သမီးလေး တစ်ယောက်တည်းပြန်မလာရတာလို့ ဆိုပြီး ကျွန်မ စိတ်အေးရတာ....”
“ အဲ့ဒါပဲ အမရေ... တွေးသာကြည့်ပေတော့... ကျွန်မမှာတော့ ဟိုဘက်နဲ့ ဒီဘက်ကို တစ်နေ့တစ်နေ့ မရိုးအောင်ကို ကြည့်လုပ်နေရတယ်..”
“မိသားစုရှေ့မှာတစ်မျိုး... သားအမိချင်းက တစ်မျိုးနဲ့ ပြောဆိုဖြောင့်ဖျရတာတွေလည်း ရှိသေးတယ်အမရေ....”
“ကဲ ကဲ အမရေ.. စကားလဲကောင်းနေတာ.. သွားတော့မယ်.. ခဏနေရင် ကလေးတွေ ထမင်းစားပြန်လာတော့မယ်...”
စကားပြောဆိုပြီး အိမ်ပြန်လာတဲ့ မိတင်မြရဲ့ ခြေလှမ်းတွေက ဒီတစ်ခါတော့ ပေါ့ပါးလို့နေပါတယ်။ ၀မ်းသာစရာလား၊ ၀မ်းနည်းစရာလား မသေချာပေမယ့်
ရင်ထဲကအပူတစ်လုံးတော့ ဘ၀ပြောင်းနေပြီဆိုတာတော့.... သူ့ကိုယ်တိုင်ကလွဲလို့.... ဘယ်သူကများ သိနိုင်ဦးမလဲနော်......။
*****------*****--------
ကြိုးစားပါဦးမည်
သူဇာလေး( စိမ့်စမ်းရေ )
4.2.2012
Posted by
စိမ့်စမ်းရေ
on
Saturday, February 4, 2012
0 comments