အင်တာနက်အသုံးပြုသူများ အနေဖြင့် အွန်လိုင်းပေါ်မှ တဆင့် မလိုလားအပ်သောvirus, Trojan , worm များ အပြင် အခြား malware နှင့် spyware များ ၀င်ရောက်လာခြင်းကိုကြုံတွေ့
ကြရပါတယ်။ ထို virus အများအပြားကို လုံးဝမ၀င်ရောက်နိုင်စေရန် တားဆီးရန်ကတော့ အတော်လေး ခက်ခဲတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထို virus နှင့် botnetအများ အပြားကို ကာ ကွယ်တားဆီးရန်အတွက် လုံခြုံရေးဆိုင်ရာ Layer များပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ Layer များအသုံးပြုခြင်းအားဖြင့် အင်တာနက် အသုံးပြုရာမှာ ပိုမိုပြီး လုံခြုံမှုရှိစေနိုင်ပေမဲ့ ထို Layer
များကြောင့် web browing ကိုပိုမိုနှေးကွေးသွား စေနိုင်ပါတယ်။
ယနေ့ အောင်မြင်မှုရှိနေသော popular browser များဟာ လုံခြုံရေးဆိုင်ရာ ကောင်းမွန်စေရန်နှင့် အမြန်နှုန်းမြင့်မားစေရန် အထူးကြိုးပမ်းဆောင်ရွက်ကြပါတယ်။ Browser တစ်မျိုးနှင့်တစ်မျိုးအမြန်နှုန်းကောင်းမွန်ခြင်း နှင့် လုံခြုံရေးတွင်အဓိကထား ပြိုင်ဆိုင်ကြပြီး Firefox ကတော့ အတော်လေးအောင်မြင်လျှက်ရှိနေတဲ့ Browser ပဲဖြစ်ပါတယ်။ ဒါပေမဲ့မည်သည့် Browser ကမှ သင့်အား အလုံးစုံ လုံခြုံမှုရှိစေရန်ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် Firefox အတွင်းလုံခြုံရေးဆိုင်ရာ Layer များ ထည့်သွင်းပေါင်းစပ်အသုံးပြုခြင်းအားဖြင့်Virus , Trojan နှင့် အ
ခြား malicious code များကို ကာကွယ်ပေးနိုင်ပြီး ပိုမိုကောင်းမွန်စေလိုပါက Internet Security Toolsများကိုပါ ပေါင်းစပ်အသုံးပြုသင့်ပါတယ်။
1. Link Checker
Search Engine များ အသုံးပြုပြီး အင်တာနက်ပေါ်မှ တဆင့်အကြောင်းအရာမျိုးစုံကို ရှာဖွေအသုံးပြုကြရာမှာအချို့သော Search result ပြန်လည်ဖေါ်ပြချက်တွေဟာ စိတ်ချယုံကြည်လို့
မရနိုင်ပါဘူး။ Phisher လို့ခေါ်တဲ့ Phishingတိုက်ခိုက်မှုဟာ ယနေ့ ခေတ်မှာ အတော်လေး ပျံ့နှံ့တိုက်ခိုက်မှုများရှိလာပြီး သင်မြင်ဖူးနေကျ Link များကဲ့သို့ အယောင်ဆောင် ကာ သင်၏ Data အ ချက်အလက်များကို ခိုးယူသွားနိုင်ပါတယ်။ ထို့ကြောင့်Firefox အတွင်း Link Checker ကို ထည့်သွင်းအသုံးပြုစေခြင်းဖြင့် URLs များမှ ၀င်ရောက်တိုက်ခိုက်လာမှုကိုကာကွယ်ပေးနိုင်ပါတယ်။
Link Checker ဟာ လုံခြုံစိတ်ချမှုရှိတဲ့ website လိပ်စာများဘေးတွင်အမှန်ခြစ်ကလေးဖြင့် ဖေါ်ပြပေးမှာ ဖြစ်ပြီးအန္တရယ်ရှိတဲ့ Website လိပ်စာများဘေးတွင်တော့ သတိပေးချက်
(Caution )အမှတ်အသားကို ဖေါ်ပြပေးနေမှာပဲဖြစ်ပါတယ်။ထို့ပြင် Link Checker ကဲ့သို့ LinkExtend Tool များကိုလည်းပေါင်းစပ်ထည့်သွင်း အသုံးပြုခြင်းဖြင့် Phishing တိုက်ခိုက်မှု
နှင့် အခြား Malicious Link များ ရန်မှ ကာကွယ်တားဆီးထားနိုင်ပါတယ်။
2. Ghostery
အင်တာနက်ပေါ်တွင် ဆော့ဖ်ဝဲများ Download ပြုလုပ်နိုင်သည့် Websiteအချို့ဟာ သင်၏ ဆိုက်အတွင်းလုပ်ဆောင်ချက်များကို ခြေရာခံ စောင့်ကြည့်နေမှာပဲဖြစ်ပါတယ် ။ ထိုကဲ့သို့
ခြေရာခံ စောင့်ကြည့်နေမှုများကို ကာကွယ်နိုင်စေရန် အတွက် Ghostery add-on ကို အသုံးပြုနိုင်ပြီး ၄င်းဟာ ၀က်ဘ်စာမျက်နှာရှိ ခြေရာခံစောင့်ကြည့်နေမှုများ (Tracker)များ အမည်များကို
ဖေါ်ပြပေးနိုင်ပြီး Block ပြုလုပ်ထားလို့လည်း ရပါတယ်။ ထို add-on လေး ကို ထည့်သွင်းအသုံးပြုမည်ဆိုပါကFirefox window ၏ ညာဘက်အောက်ခြေတွင် "ghost" icon တစ်ခုကိုမြင်တွေ့ရမှာဖြစ်ပြီး Tracker များကိုတွေ့ရှိပါကလိမ္မော်ရောင်သို့
ပြောင်းလဲကာ သတိပေးနေမှာပဲဖြစ်ပါတယ်။ ထို့ပြင်ရှာဖွေတွေ့ရှိတဲ့ Tracker အရေအတွက်ကိုဖေါ်ပြပေးနိုင် ပြီး အလွယ်တကူ Block ပြုလုပ်ထားနိုင်တာကြောင့် သင်၏
အင်တာနက်အသုံးပြုခြင်းအတွက် ပိုမို လုံခြုံမှုရှိ စေနိုင်ပါတယ်။
3. CipherFox
သင့်အနေဖြင့် Browsing ပြုလုပ်နေစဉ်အတွင်း encrypted ပြုလုပ်ထားသောဝက်ဘက်စာမျက်နှာများကို ရောက်ရှိသွားပါက CipherFox ဟာ သင့်အား သတိပေးစေနိုင်သည့် add-on ပဲဖြစ်ပါတယ်။CipherFox ကို Firefox အတွင်း ထည့်သွင်းအသုံးပြုမည်ဆိုပါက Browser ၏ ညာဘက်အောက်ခြေရှိ Bar တွင် iconတစ်ခုပေါ်နေမှာ ဖြစ်ပြီး သင်အသုံးပြုနေတဲ့ဝက်ဘ်စာမျက်နှာ များကို စောင့်ကြပ်ကြည့်ရှုနေမှာပဲဖြစ်ပါတယ်။ ၄င်းဟာSecure Sockets Layer/ Transport LayerSecurity (SSL/ TLS) ဖြစ်ပြီး RC4 encryption များကိုပါ Disableပြုလုပ်ထားနိုင်ပါတယ်။
4.LastPass
င်္ Firefox အတွင်း Built-in အနေဖြင့် ပါဝင်ထည့်သွင်းပေးထားသော PasswordManager ကို အသုံးပြုပြီး MasterPassword များကို ဖန်တီးထားနိုင်ပါတယ်။ သို့ပေမဲ့ သင့်အနေဖြင့်
Passwordများနှင့်ပတ်သက်ပြီး ပိုမိုလုံခြုံစိတ်ချမှု ရှိစေလိုပါက LastPass add-on ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ထို add-on ကိုinstall ပြုလုပ်ထားပါက Firefox window ၏
အပေါ် ဘက်တွင် Icon လေးပေါ်နေမှာ ဖြစ်ပြီး သင်၏ ကိုယ်ပိုင်အချက်အလက်တိုများ ၊ User ID များ၊ Password များကိုလုံခြုံစိတ်ချစွာ မှတ်သားထားနိုင်ပါတယ်။ ထို့ပြင် Password
နှင့် UserID များကို Export နှင့် import များ ပြုလုပ်နိုင်တာကြောင့် ပိုမို အဆင်ပြေပြီး Keyboard shortcut များ အနေဖြင့်ပါ ဖန်တီးအသုံးပြုနိုင်ပါတယ်။
ထို LastPass add-on အား Internet Explorer , Google Chrome, Safariတို့တွင် ထည့်သွင်းအသုံးပြုနိုင်ပြီးသင့် Password များကို ၄င်း၏ ဆာဗာတွင် encrypt ပြုလုပ်ကာ
သိမ်းဆည်းထားပေးမှာပဲဖြစ်ပါတယ်။ ထို LastPass add-onအား ၀က်ဘ်အသုံးပြုနိုင်တဲ့ မည်သည့် device များတွင်မဆို ထည့်သွင်းအသုံးပြုနိုင်ပြီး iPhone နှင့် Smartphone များအတွင်း
ထည့်သွင်း အသုံးပြုမည်ဆိုပါက Member ပြုလုပ်ပေးရမည်ဖြစ်ပြီး လစဉ်အမေရိကန် 1 ဒေါ်လာ ပေးဆောင်နေရမှာပဲဖြစ်ပါတယ်။
5. ProxifyMyFox
ဒီ Add - on လေးကတော့ ၀က်ဘ်အသုံးပြုရာတွင် ပိုမိုလုံခြုံစိတ်ချမှုရှိစေနိုင်တဲ့ Add - on တစ်ခုဖြစ်ပါတယ်။ သင့်ကွန်ပျူတာရှိ IP အား မမြင်နိုင်အောင် Hide လုပ်ထားနိုင်ပြီး လုံခြုံရေးဆိုင်ရာ
ပိုမိုကောင်းမွန်စေတဲ့ Add-on တစ်ခုဖြစ်ပါတယ်။
6.RemoveLocale
RemoveLocale ကတော့ Phishing တိုက်ခိုက်မှုကို အပြည့်အ၀ ကာကွယ်ပေးနိုင်တဲ့ Add-on တစ်ခုဖြစ်ပါတယ်။ Firefox အား ပိုမိုလုံခြုံမှုရှိစေသလို ၀က်ဘ်ဆိုက်လိပ်စာများမှ Diacritics များ
ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
7.Mitto Password Manager
Mitto Password Manager ကတော့ အွန်လိုင်း password manager တစ်ခုဖြစ်ပြီး မည်သည့် browser နှင့်မဆိုတွဲဖက်အသုံးပြုနိုင်တဲ့ Add-on တစ်ခုဖြစ်ပါတယ်။ အင်တာနက်အသုံးပြုရာ၌ ပိုမိုလုံခြုံစိတ်ချမှုရှိစေနိုင်သလို ၀က်ဘ်ဆိုက်များ၏ password များကိုလည်း မှတ်သားပေးနိုင်ပါတယ်။ Login ပြုလုပ်ရာမှာပိုမိုလွယ်ကူလာသလို ကွန်ပျူတာအတွင်းရှိ အခြားသော password များစွာကိုလည်း မှတ်သားပေးနိုင်ပါတယ်။
8.BrowserProtect
BrowserProtect ကတော့ သင့် browser ၏ configuration များစွာကို ကာကွယ်ပေးထားနိုင်သည့် Add-on တစ်ခုဖြစ်ပါတယ်။ ထို့ပြင် browser ၏ homepage နှင့် search ကိုလည်းသတ် မှတ်ပေးထားနိုင်သလို Hijacks တိုက်ခိုက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အချို့သော add-on များစွာဟာ သင့် browser ၏ configuration အချို့ကိုပြောင်းလဲသတ်မှတ် ပေးနိုင်တာ ကြောင့် BrowserProtect ကိုအသုံးပြုခြင်းအားဖြင့် configuration များကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။
0 comments