E-mail တွင် Virus ဖြင့်တိုက်ခိုက်မှုခံရခြင်း
by မင်းမင်း အပျင်း ပေါ့ on Saturday, January 14, 2012 at 4:21pm



ယခုအခါ e-mail ကို အသုံးပြုခြင်း များပြားလာသည်နှင့်အမျှ Virus များဖြင့် တိုက်ခိုက်ခံရမှုများ ရှိလာပါသည်။ ကြုံတွေ့နိုင်သည့် Virus မှာ မိမိ ၏ e-mail , gmail (သို့) gtalk တွင် မိမိမသိရှိသော အမည်များဖြင့် သော်၎င်း ၊Links များဖြင့်သော်၎င်း မြင်တွေ့ရတတ်ပါသည်။ ထိုအမည်များကို လက်ခံမိခြင်း ၊ Links များကိုဖွင့်မိခြင်း

များပြုလုပ်မိပါကVirus ၀င်ရောက်လာပြီး မိမိ၏ Files (သို့) Data များပျောက်ပျက်သွားတတ်ပါသည်။ ထို့ကြောင့် ပထမဦးစွာ မိမိထံ ရောက်ရှိလာသော mails များကိုသေချာစွာစစ်ဆေးပြီး မသိရှိသောနေရာမှ ရောက်ရှိလာပါက လျင်မြန်စွာဖြတ်ပစ်လိုက်ပါ။

သို့ပေမဲ့ တစ်ခါတစ်ရံတွင် မိမိ၏မိတ်ဆွေ၊သူငယ်ချင်းများထံမှ စာနှင့်တကွ Attachment သော်၎င်း ၊

ပုံများသော်၎င်း ရောက်ရှိလာပြီး Virus ၀င်ရောက်လာတတ်ပါသည်။ ထိုအခါ စာကိုဖွင့်ချင်ပါသော်လည်း Virus ၀င်ရောက်လာမည်ကို စိုးရိမ်နေရတတ်ပါသည်။ ထိုသို့ စိုးရိမ်မှုများမှ ကင်းဝေးပြီး မိမိ Computer အတွင်း Virus ၀င်ရောက်မှုမရှိဘဲ Attached Files များကို အလွယ်တကူ ဖွင့်နိုင်စေရန် အောက်ပါအချက်များ အတိုင်း လုပ်ဆောင် နိုင်ပါသည်။

(၁) အကယ်၍ မိမိစာအတွင်း Attachment တွဲလျက်ပါဝင်ခဲ့ပါက ထိုစာကို မဖွင့်သေးဘဲ

scan@virustotal.com ဆိုတဲ့ address ဖြင့် Forward ပြန်လုပ်လိုက်ပါ။ သို့သော် ထိုစာ၏ size

အရွယ်အစားသည် 10MB ထက်ကျော်လွန်၍ မရပါ။

(၂) ပြီးနောက် Forward လုပ်ထားသော စာ၏ Subject နေရာတွင် SCAN ဟု ရိုက်ထည့်ပြီး စာအတွင်း ရေးထားသော အကြောင်းအရာများကိုဖြတ်လိုက်၍ ရပါသည်။ ပြီးဆုံးပါက Send ဆိုတဲ့ Icon ကိုနှိပ်ခြင်းဖြင့် ပို့လွှတ် နိုင်ပါသည်။

(၃) မိနစ်အနည်းငယ်ကြာသောအခါတွင် ၎င်းနှင့်သက်ဆိုင်သည့် မှတ်ချက်ကို Reply အနေဖြင့်

ပြန်လည်လက်ခံ ရရှိမှာ ဖြစ်ပါသည်။

Virustotal ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ Computer အတွင်း Attachment Files များကို Download ဆွဲရန်မလိုတော့ပါ။ အကောင်းဆုံးကတော့ ထို Virustotal အတွင်း AVG,Nod32,McAfee နှင့် F-Prot အစရှိသော Antivirus ပေါင်း များစွာဖြင့် ကျွန်ုပ်တို့၏ Attachment Files များကို စစ်ဆေးပေးခြင်းကြောင့် ယုံကြည်စိတ်ချရပါသည်။

တစ်ခုသတိထားရမှာကတော့ Virustotal ဆိုတာက Virus ရှိ၊မရှိ ကိုသာ စစ်ဆေးပေးပြီး Virus ရှိသော Files များကိုတော့ မရှင်းလင်းပေးနိုင်ပါ။ အကယ်၍ Virus ပါဝင်ခြင်းကြောင့် ထို Virus ကိုရှင်းလင်းမည်ဆိုပါက Anti Virus Software ကိုအသုံးပြုခြင်းဖြင့်သာ လုပ်ဆောင်ရမည် ဖြစ်ပါသည်။

Posted by စိမ့်စမ်းရေ on Sunday, January 15, 2012

0 comments

Post a Comment