အမေ.......

ပညာဟန်နည်း.... စကားနည်းလည်း...
အမေ့ဂုဏ်ရည် များလှထွေကို
မိမိဘာသာ စပ်ဆိုသည်.......။

ငယ်စဉ်တောင်ကျေး ယခင်ရှေးမှ
သုတ်သင်ကျွေးမွေး ပညာပေးခဲ့.....။

အန္တရာယ်ရင်ဆိုင် ဖက်မနိုင်လည်း
ကြိုးစားအန်တု ပြီးစေဖို့ဟု
ဝန်တာသတ်မှတ် မေ့အသက်က
ချစ်သားသမီး ရှုမငြီး.....။

ဒေါသမာန်ကင်း ပြုံးချိုအေးက
တုနှိုင်းမမှီ စာပန်းချီ....။

ခပ်၍မကုန်..သုံးမကုန်..
ပြည့်ကျလျှံဝေ
မေတ္တာတွေ....။

ဘ၀ခါးခါး ရေချိုရှားလည်း
ဘာသာသတ်မှတ် အသိနက်က
သားတို့ရုပ်ရည်
စိမ့်စမ်းရေ....။

တိုင်းတာမသိ မရှိသည်တည့်
အမေ့မေတ္တာ စေတနာကို
မမေ့ရင်မှာ သိမ်းထားမည်.....။


အမေများနေ့
အမှတ်တရ
8.1.12
12:00

Posted by စိမ့်စမ်းရေ on Saturday, January 7, 2012
categories: | edit post

0 comments

Post a Comment