ပထမဆုံး Facebook webpage ကို ဦးဆုံးဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံလေးမှာ ပြထားတဲ့ အတိုင်း
forgot your password? ဆိုတဲ့ လင့်ကို ကလစ်နှိပ်လိုက်ပါ။


ထိုသို့ ကလစ်နှိပ်ပြီးပါက အောက်ပါပုံလေး ပေါ်လာပါလိမ့်မယ်။



အပေါ်ဆုံးမှာ ပါတဲ့ enter your email or phone number ဆိုတဲ့ အကွက်ကလေးမှာ မိမိတို့
ဖေ့ဘုတ်ဖွင့်တုန်းက သုံးခဲ့တဲ့ မေးလ်ကို ရိုက်ထည့်ပေးရပါမယ်။ ပြီးရင် Search ကို ကလစ်နှိပ်လိုက်ပါ။
ပြီးလျှင် security check ဆိုတဲ့ ဘောက်စ်ကလေး ကျလာပါလိမ့်မယ်။ အဲဒီထဲမှာ
ရှိတဲ့စာတွေကို အောက်က ဘောက်စ်လေးထဲကို ဖြည့်ပေးလိုက်ပါ။ ပြီးရင် Submit ကိုကလစ်ပါ။



အဲဒီနောက်မှာ Reset your password? ဆိုတဲ့ ဘောက်စ်ကလေး တစ်ခု ထပ်ကျလာပါလိမ့်မယ်။ အဲဒီမှာ
မေးလ်နာမည်နဲ့ ဖေ့ဘုတ်မှာ သုံးတဲ့နာမည်ပေါ်နေပါလိမ့်မယ့် ။ ကိုယ့် အကောင့်မှန်တယ် ဆိုရင်တော့
Reset password ကို ကလစ်နှိပ်လိုက်ပါ။


အဲဒီမှာ Password reset code ဆိုပြီး တောင်းလာပါလိမ့်မယ်။ အောက်ကပုံလေးကိုကြည့်ပါ။




အဲလိုတောင်းလာပြီဆိုရင် အဲဒီ စာမျက်နှာကို ဒီတိုင်းထားပြီး ကိုယ်ဖွင့်ထားတဲ့ Browser ကနေ new tab
ခေါ်ပြီး ဖေ့စ်ဘုတ် အကောင့်သုံးထားတဲ့ မေးလ်ကို ဖွင့်ပါ။ အဲဒီမှာ ဖေ့စ်ဘုတ်ကနေပို့ထားတဲ့
မေးလ်တစ်စောင် ရောက်နေပါလိမ့်မယ်။ ခေါင်းစဉ်ကတော့ you requested a new Face book password ဆိုပြီးရောက်နေပါလိမ့်မယ်။ အဲဒီမေးလ်ကို ဖွင့်ပြီး ကုတ်ကိုကူးယူလိုက်ပါ။


အဲဒီကုတ်ကို ခုနက ကျနော်ဖွင့်ထားခဲ့တဲ့ ဖေ့စ်ဘုတ် စာမျက်နှာကိုသွားပြီး ကုတ်တွေကို ထည့်ပေးလိုက်ပါ။
ပြီးလျှင် Submit Code ကို ကလစ်နှိပ်လိုက်ပါ။




အဲဒီမှာ Enter a new password ဆိုတဲ့ ဘောက်စ်ကလေးကျလာပြီး နဂို ပတ်စ်ဝေါ့
အဟောင်းထည့်ပေးစရာမလိုပဲ။ ပတ်စ်ဝေါ့ အသစ်ရိုက်ထည့်ဖို့ အကွက်ကလေး
နှစ်ကွက်ပေါ်လာပါလိ့မ်မယ်။ ပြီးရင်တော့ Change password ကို ကလစ်နှိပ်လိုက်ယုံပါပဲ။




အဲဒီအဆင့်တွေ အားလုံးပြီးသွားပြီဆိုရင်တော့ ပတ်ဝေါ့အသစ်ပြန်ရလို့ ဖေ့စ်ဘုတ် အကောင့်ကိုလည်း
ပြန်သုံးလို့ ရပါပြီ။

ခင်မင်စွာဖြင့်
အလင်္ကာည


အားလုံးပဲအဆင်ပြေကြပါစေ....
ပြန်ည်မျှဝေတာပါ...

Posted by စိမ့်စမ်းရေ on Tuesday, December 27, 2011
categories: | edit post

0 comments

Post a Comment