မျှဝေစိတ်
လမ်းထဲကို စ ၀င်လိုက်ကတည်းက ကလေးတွေရဲ့ ကစားသံက ဆူညံနေတော့တာပဲ… အော်.. သတိထာလိုက်တော့မှ ဒီနေ့က စနေနေ့ကိုး…. အော်. ဒါ့ကြောင့်လဲ အလုပ်က ခပ်စောစော ပြန်ခဲ့တာပဲ… အဟိ…. ခုမှပြန်သတိရတယ်… မေ့နေတာ.. မေ့နေတာ....
ရက်ကွက်ထဲမှာ ကစားစရာနေရာမရှိတဲ့ ကလေးတွေကတော့ အိမ်ရှေ့တွေမှာ အားလုံးစု…လမ်မပေါ်မှာစု…။ ကလေးတို့သဘာဝ နည်းမျိုးစုံနဲ့ ကစားနေကြတာမို့… ပျော်စရာတော့ကောင်းသား.. .ကျွန်မတောင်..ငယ်မူပြန်ချင်သွားသလိုပဲ………။
အရင်က(ခပ်ငယ်ငယ်) တုန်းကဆို ဘယ်ပြောကောင်းမလဲ…မနက်စာစားပြီးကတည်းက လမ်းပေါ်ရောက်နေတာ… အိမ်ကအတင်းခေါ်တော့မှ ပြန်ကြတာ…။ ကျွန်မတို့ ငယ်ငယ်က ပိုပြီးလွတ်လပ်တယ်လို့ ခံစားမိတယ်လေ… ခုခေတ်ကတော့ ကျူရှင်၊ကျောင်း၊ အိမ် ဒါနဲ့ပဲ ကလေးတွေက လည်ပတ်နေရတာ……။ တိုးတက်လာတဲ့ခေတ်ကြောင့်လဲ ကလေးတွေက ပိုပြီးတက်သိလာတယ်လို့ ခံစားမိပြန်ရော……။
ဟိုနေရာစုစု..ဒီနေရာစုစု နဲ့ ကစားနေကြတာများ… အားကျဖို့တောင်ကောင်းသေး… .မိဘတွေကလည်း ကျောင်းပိတ်ရက် လေးမို့သာ.. ခုလိုခွင့်ပြုထားတာပါ…...။
“ကဲ..ကျဲမယ်နော်…..ဒီဘက်ကိုလာကြ..လာကြ..”
ရုတ်တရက်ကြားလိုက်ရတဲ့ စကားကြောင့်..ကလေးတွေက အဲဒိစကားသံရှိရာကို အပြေးအလွှား..သွားစုကြပါတယ်…. ။
ကလေးတစ်ယောက်က…သူ့လက်ထဲက ကစားစရာ ပုံရုပ်ကလေးတွေကို ခုံပေါ်တက်ပြီး မြေပေါ်ကျဲ မယ့်ပုံနဲ့ဆိုတော့… .ကျွန်မတောင် အံ့သြသွားတယ်လေ……
1….2…….3
ဟေး………………
အားရပါးရ အော်သံအဆုံးမှာတော့ ကလေးတွေက အလုအယက် ၀ိုင်းကောက်ကြတော့တာပဲလေ……။
အော်..ဒါက.. ဘယ်လိုပါလိမ့်.. အတူတူကစားနေရာကနေ..ဘယ်လိုများဖြစ်သွားပါလိမ့်ပေါ့…. စိတ်များဆိုးသွားလို့လား…. .ရန်များဖြစ်သွားလို့လားနဲ့ …ကျွန်မလဲ…သိပ်တော့နားမလည်ပါဘူး……ပျော်ရွှင်သွားတဲ့ တခြားကလေးတွေနဲ့အတူ ပုံကျဲတဲ့ကလေးပါ သူ့တို့ဘာသာ ဆက်ပြီးကစားနေကြလေရဲ့….အော်… ထူးဆန်းပေစွ…။
ကျွန်မကတော့..ကိုယ့်အိမ်ဘက်ကိုသာ လျှောက်လာမိပါတော့တယ်….။
နောက်နားဆီမှာတော့..ကလေးတွေရဲ့ အော်သံ၊ ဆူညံသံတွေနဲ့…………………..။
****-----------*****----------*****
..“သမီး..စောပါလား..ဒီနေ့…”
“ဟုတ်တယ်အမေ…. ဒီနေ့စာသင်ဖို့ စောစောချိန်းထားလို့..ကလေးတွေကျောင်းပိတ်တယ်လေ….”
အမေ့ကိုစကားပြန်ပြောလိုက်ရင်း…အ၀တ်အစားလဲပြီး ခဏတာနားနေလိုက်ပါတယ်…. လမ်းထဲက ကလေးတွေရဲ့ ကစားတဲ့ပုံစံကို ကျွန်မ စဉ်းစားစရာမဟုတ်ပဲ.. ခေါင်းထဲကိုရောက်နေတာ…. ထူးဆန်းလိုက်တာ…..။
“အမေ……သမီးသွားတော့မယ်နော်…”
“အေး…အေး”
ကျွန်မ စာသင်တဲ့အိမ်ကလည်း ခုနက လမ်းလျှောက်လာတဲ့.. လမ်းထဲပဲမို့…. ကလေးတွေကို ထပ်တွေ့ရပြန်တယ်လေ….
ဟော..ဒီတစ်ခါက..နောက်တစ်ယောက်…
စောနကလိုပဲ… နောက်တစ်ယောက်က… လက်ထဲက အရုပ်ပုံလေးတွေကို… ကိုင်မြှောက်ပြီး….. မြေပေါ်ကိုထပ်ကျဲလိုက်တော့.. ကလေးတွေလဲ..လာပြန်ကောက်ကြပြန်ရော…..
ဟင်…….ဒါမျိုး ငါတို့ငယ်ငယ်ကလည်း မကစားဖူးပါဘူးပေါ့….ဒွိဟအတွေးကတော့ထပ်တိုးပါလေရော...။
စာသင်တဲ့အိမ်ရောက်တော့… ကလေးတွေကရောက်နေတာမို့…. သင်ခန်းစာတွေကို..သင်လိုက်ပြီး… .စိတ်ထဲက သိချင် နေတာကို မထိန်းနိုင်တော့တာမို့ 2တန်းကလေးမလေးကို မေးလိုက်ရပါတယ်…
“သမီး..ခုနက ကစားနေတာလေ…ပုံတွေကိုကျဲတာ..အဲ့ဒါဘာလုပ်တာလဲ…”
“ ဟာ..တီချယ်ကလည်း ..ဒါလေးတောင်……မသိဘူးလား… အဲ့ဒါ ….နိုင်တဲ့သူက ပြန်ကျဲတာလေ…. ”
“ဟင်..နိုင်တဲ့သူက အကုန်ယူသွားတာမဟုတ်ဘူးလား….ဘယ်သူကကျဲခိုင်းလို့လဲ..”
“ ဘယ်သူမျှမကျဲခိုင်းပါဘူးတီချယ်ကလဲ...ကိုယ့်ဘာသာကျဲတာပေါ့… . သမီးတို့တော့. .အဲ့လိုပဲ..လုပ်တာပဲ…. အစောနကတောင်..သမီးလဲ အဲ့လိုကျဲလိုက်တယ်..ကြိုက်တဲ့သူယူ….”
“အော်…အော်….အဲ့လိုလား…”
ကျွန်မတပည့်လေး…2 တန်းကလေးမလေးကတော့..သူသိသမျှကို အားရပါးရသာပြောနေတော့တာ… ဘာမှမသိတဲ့ ဒီတီချယ်ကို သူက ဆရာကြီးပုံစံနဲ့…. လေသံနဲ့……..အော်..ကလေးဆိုတော့လည်း… ဘာပြောပြော… ချစ်ဖို့တော့ကောင်းသားနော်…။
ကျွန်မတွက်တော့ အမှတ်တမဲ့ကနေ…အမှတ်တရ တစ်ခုပါပဲ…ရင်ထဲမှာတော့ ကလေးတွေကို ကျိတ်၍သာ ချီးကျူးမိပါတယ်….
ငယ်ရွယ်နုနယ်တဲ့ကလေးတွေရဲ့ စိတ်ထဲတောင် သူတို့ရှိတာလေးတွေကို အချင်းချင်းဆီ ပြန်လည်မျှဝေတဲ့စိတ်ကလေးတွေ ရှင်သန်နေပြီလေ……
ကျွန်မတို့လို လူကြီးတွေက……ကလေးတွေလောက် သတ္တိမရှိကြတာသေချာပါတယ်….။
ကျွန်မဆိုရင်ကော..အဲ့လို..လုပ်နိုင်ပါ့မလား……..။ ငယ်ရွယ်တဲ့ကလေးတွေမှာတောင်.. ပြန်လည်မျှဝေတဲ့ စိတ်ကလေးတွေ ရှင်သန်နေတာ.. ဒါဟာ လေးစားစရာပဲလို့..ကျွန်တော့ မှတ်ယူတယ်လေ…အချင်းချင်းသင့်မြတ်တဲ့စိတ်ထားလေးတွေနဲ့ဆိုတော့… ဒါဟာ ကောင်းတဲ့ဘက်ကို အားသန်လာတာပဲလို့……။
ဒါ သူတို့ လုပ်နေကြတဲ့လေ….အဲ့လိုပြန်လည်ဝေမျှလိုက်လို့သူတို့ကပျော်နေကြတာ…..။
ကျွန်မတို့ငယ်ငယ်ကတော့…… သိပ်အဖိုးမကြီးတဲ့ သြဇာစေ့လေးတွေ၊ သားရေကွင်းလေးတွေကိုတောင် သူများကို ဘယ်တော့မှမပေးဖြစ်ခဲ့….ကိုယ်အနိုင်ရထားတဲ့ပစ္စည်းလေးတွေဆို တရိုတသေနဲ့ကို သိမ်းထားတတ်ကြတာ….
ကိုယ့်ပစ္စည်းလဲ မပေးခဲ့သလို..သူများပစ္စည်းလဲ…. မယူဖြစ်ခဲ့ဘူးလေ…။
ကဲ..ဒါဆို… ကျွန်မတို့ လူကြီးတွေကော…. ကလေးတွေလောက်… ပြန်လည်မျှဝေနိုင်ပါ့မလား…..
ကြိုးစားပါဦးမည်..။
သူဇာလေး(စိမ့်စမ်းရေ)
29.12.2011
0 comments