Microsoft Excel 2007

Microsoft Office Excel ကို စတင်လေ့လာတော့မယ်ဆိုရင် -

Start => All Program => Microsoft Office => Microsoft Excel 2007 ကို Click လုပ်ပါ။


မြင်တွေ့ရတဲ့ Excel Program မြင်ကွင်းက ပုံမှန် အသုံးပြုနေကျဖြစ်တဲ့ File Menu ၊ Edit Menu စသဖြင့် မပါဝင်တော့ဘဲ အဲဒီအစား Home Menu ၊ Insert Menu စသဖြင့် ပြောင်းလဲ ဖော်ပြနေမှာ ဖြစ်ပါတယ်။

Microsoft Office တွင် အဓိကအားဖြင့် Microsoft Office Button, Quick Access Toolbar နှင့် Ribbon တို့ ပါဝင်ပါတယ်။

လေဘယ် တပ်မဲ့ နေရာလေးတွေ ကျန်ခဲ့ပါတယ်.... အရင်က ဖော်ပြခဲ့တဲ့ microsoft word 2007 နဲ့ တူတာလေးတွေကို ချိန်ညှိပြီး ကြည့်လိုက်ကြပါတော့နော်.....


Microsoft Office Excel 2007 ကို ထိရောက်စွာ အသုံးပြုနိုင်သည့် function အချို့မှာ -

v Spreadsheet function (စာရင်းဇယား တွက်ချက်ခြင်း)

v Database Management (အချက်အလက်များ စီမံခန့်ခွဲခြင်း)

v Pesentation (ဂရပ်များ၊ ရုပ်ပုံများ အကူအညီဖြင့် အချက်အလက်များကို တင်ပြခြင်း)

v Desktop Publishing စသည်တို့ ဖြစ်သည်။

Spreadsheets

Excel ၏ spreadsheet function များတွင် အဓိကအားဖြင့် +, -, *, /, ( ) စသော arithmetic operator များကို သုံး၍ formula ရေးခြင်းနှင့် built-in function များကို သုံးခြင်းတို့ ပါဝင်သည်။ Formula တိုင်း၏ အစတွင် =(equal sign) ထည့်ပေးရန် လိုအပ်သည်။

Microsoft Office Button

Office Button တွင် New, Open, Save, Save as, Print, Send နှင့် Close တို့ ပါဝင်သည်။



Quick Access Toolbar

Save Command ရှိတဲ့ Toolbar ကို Quick Access Toolbar ဟုခေါ်သည်။ ပုံမှန်အသုံးများတဲ့ Command တွေကို ခေါ်တင်ဖို့ Customize Quick Access Toolbar နေရာမှာရှိတဲ့ မြှားနေရာမှာ တစ်ချက်နှိပ်လိုက်တာနဲ့ ပုံမှန် ရွေးချယ်အသုံးပြုနေကျ Command တွေ ပေါ်လာမှာ ဖြစ်ပါတယ်။ နောက်ထပ် Command တွေကို ခေါ်တင် အသုံးပြုလိုရင် အမှန်အမှတ်အသားဖြစ်အောင် သက်ဆိုင်ရာ Command အမည်ရဲ့ ရှေ့တည့်တည့်မှာ Mouse နဲ့ တစ်ချက်နှိပ်ပြီး ခေါ်တင်နိုင်ပါတယ်။

ဖော်ပြထားတဲ့ Command တွေအပြင် တခြား Command တွေကို လိုက်လံရှာဖွေပြီး ခေါ်တင်လိုရင် More Commands နေရာမှာ နှိပ်၍ ထပ်မံ ရွေးချယ်နိုင်ပါသည်။




Ribbon

Ribbon တွင် Tab 7 ခုအဖြစ် Home, Insert, Page Layouts, Formulas, Data, Review, and View တို့ ပါဝင်သည်။


Home: Clipboard, Fonts, Alignment, Number, Styles, Cells, Editing

Insert: Tables, Illustrations, Charts, Links, Text

Page Layouts: Themes, Page Setup, Scale to Fit, Sheet Options, Arrange

Formulas: Function Library, Defined Names, Formula Auditing, Calculation

Data: Get External Data, Connections, Sort & Filter, Data Tools, Outline

Review: Proofing, Comments, Changes

View: Workbook Views, Show/Hide, Zoom, Window, Macros

Work Area

Excel သည် အသစ်တစ်ခုဖွင့်တိုင်း စာရင်းစာအုပ်တစ်အုပ်ပုံစံဖြင့် ဖွင့်ပေးသည်။ ၄င်းကို Workbook ဟုခေါ်ခြင်း ဖြစ်သည်။ စာရင်းစာအုပ် တစ်အုပ်ကဲ့သို့ပင် စာရွက်ပေါင်းများစွာပါသည်။ စာရွက်တစ်ရွက်ကို Sheet ဟုခေါ်သည်။ စာမျက်နှာ အသစ်တစ်ခု လှန်လိုပါက Screen အောက်ခြေတွင် ရှိသော Sheet tab တွင် Sheet 1, Sheet 2 စသည်ဖြင့် မိမိသွားလိုသော စာမျက်နှာပါ tab ကို နှိပ်၍ သွားနိုင်သည်။


Cell Grid

Excel ၏ work area သည် ပုံမှန်အားဖြင့် Cell အကွက်များဖြင့် တွေ့ရသည်။ Cell တစ်ကွက်စီ၏ တည်နေရာကို ထို cell ရှိရာ column heading နှင့် row heading တို့ဖြင့် ဖော်ပြသည်။ Excel တွင် စာရင်းဇယား တွက်ချက်မှု၏ အခြေခံမှာ အဖြေထွက်လိုသည့် cell တွင် cell address များဖြင့် ရည်ညွန်းထားသည့် formula ကို ထည့်သွင်းရခြင်း ဖြစ်သည်။ ဥပမာ Cell A2 မှ ဂဏန်းများနှင့် B2 မှ ဂဏန်းများကို ပေါင်းလိုပါက အဖြေထွက်လိုသည့် cell တွင် =A2+B2 ဟု ရိုက်ရန် ဖြစ်သည်။ Formula တိုင်း၏ ထိပ်ဆုံးတွင် =(equal sign)ကို ထည့်ပေးရသည်။

Cell Pointer

လက်ရှိရောက်နေသည့် cell ကို ပြသည်။ ထို cell ၏ ပတ်လည်တွင် အနက်ရောင် border အဖြစ်ပေါ်နေ မည်။ ညာဘက်အောက်ထောင့်တွင် မြင်ရသည့် အတုံးလေးကို handle ဟု ခေါ်သည်။ copy လုပ်သည့်အခါတွင် ထိုအတုံးလေးပေါ်တွင် pointer ထောက်၍ ဖိဆွဲရန် ဖြစ်သည်။


ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြသေးတာပေါနော်

အားလုံး အဆင်ပြေပါစေ။



Posted by စိမ့်စမ်းရေ on Sunday, November 6, 2011

2 comments

  1. ဆရာမလည်းလက့် ညောင်းသွားပါပြီရှင်

     
  2. ဆရာမ ခင်များ Excel မှာ ကိန်းပြည့်တွေဘဲ အပေါင်းအနုတ်အမြောက်အစား လုပ်လို့ရတာလား
    ကျွန်တော်တို့ရုံးမှာဆိုရင် မိုင်/ဖာလုံ တွေတွက်တာများပါတယ် ။ အဲလိုဆိုရင် Excel မှာ ဘယ်လိုတွက်ရင် ပိုသင့်တော်မလဲ ဆိုတာသိချင်ပါတယ်

     

Post a Comment