Home Menu Toolbar



Cell တစ်ခုအတွင်းထဲမှာ ပြုလုပ်ထားတဲ့ အကြောင်းအရာတွေကို နောက် Cell အကွက်ထဲမှာ ထပ်မံ အသုံးပြုဖို့အတွက် Copy ကူးယူလိုတဲ့အခါ Home Menu ထဲမှ Copy ကို အသုံးပြုရပါတယ်။


Copy ကူးယူပြီးနောက် ကူးယူထားတဲ့အကြောင်းအရာကို တစ်ခြား Cell အကွက်နေရာမှာ ပြန်လည်ပွားယူဖို့ အတွက် Home Menu ထဲမှ Paste နှိပ်၍ ပွားယူနိုင်ပါတယ်။


တခြား Program တွေမှာဆိုရင် စာသားနဲ့ ပုံ ၂-မျိုးလောက်ကိုပဲ Copy ကူးယူနိုင်ပါတယ်။ Excel Program မှာတော့ Copy ကူးယူနိုင်တဲ့ အကြောင်းအရာ အမျိုးမျိုးရှိပါတယ်။ Mouse နဲ့ တချက်နှိပ်ထားတဲ့ Cell အကွက်မှာ ရှိတဲ့ စာသား၊ ကိန်းဂဏန်း၊ တွက်ချက်နည်း (Formula) စတာတွေကို Copy ကူးယူနိုင်ပါတယ်။


Home Toolbar မှာရှိတဲ့ Paste နေရာမှာရှိတဲ့ အောက်စိုက်နေတဲ့ မြားနေရာကို တစ်ချက်နှိပ်ပြီး ပွားယူနိုင်တဲ့ Paste အမျိုးမျိုးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။



Paste Copy ကူးထားတဲ့ Cell အကွက်ထဲက စာသား၊ တွက်ချက်နည်း၊ ကိန်းဂဏန်း တွေကို ပွားယူဖို့ အသုံးပြုပါတယ်။


Formula Copy ကူးထားတဲ့ Cell အကွက်ထဲက တွက်ချက်နည်းကိုပဲ ပွားယူပါတယ်။

Paste Values Copy ကူးထားတဲ့ Cell အကွက်ထဲက ကိန်းဂဏန်းကိုပဲ ပွားယူပါတယ်။

No Border Copy ကူးထားတဲ့ Cell အကွက်ထဲက Border မျဉ်းကို ချန်ပြီး ပွားယူဖို့အတွက်ပဲ ဖြစ်ပါတယ်။

Transpose ဘေးတိုက် စာရင်းသွင်းထားတဲ့ Cell အကြောင်းအရာ အားလုံး ကို ပြန်လည်ပွားယူတဲ့အခါ အလျားလိုက် ဘေးတိုက်အတိုင်း မဟုတ်ဘဲ ဒေါင်လိုက်အဖြစ် ပွားယူ ရရှိနိုင်ပါသည်။

Paste Link Formula နဲ့ တွက်ထုတ်ထားတဲ့ ရလဒ်နဲ့ Formula ကိုပါ တစ်ပါတည်း ကူးယူပြီး အဲဒီ ၂-မျိုးစလုံးကို ပွားယူဖို့အတွက်ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နဂို ကိန်းသေတန်ဖိုး ပြောင်းလဲသွားတိုင်း Formula က တွက်ထုတ်လိုက်တဲ့ ရလဒ်အဖြေကလည်း လိုက်လံ ပြောင်းလဲမှာ ဖြစ်ပါတယ်။ အဖြေရလဒ် ပြောင်းလဲတိုင်း Paste Link နဲ့ ပွားယူထားတဲ့ ရလဒ်ကလည်း သူ့အလိုလို လိုက်လံ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

Font Home Menu ထဲက Font အကွက်ထဲမှာ ပါဝင်တာတွေကတော့ စာသားနဲ့ ပတ်သက်ပြီး ပြင်ဆင်နိုင်မယ့် Command အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

1. Font Style

2. Font Size

3. စာလုံးအရွယ်အစားကို တဆင့်စီကြီးရန်

4. စာလုံးအရွယ်အစားကို တဆင့်စီသေးရန်

5. Bold တင်ရန်

6. Italic စောင်းရန်

7. Underline တားရန်

8. Cell များကို Boderline ခတ်ရန်

9. Cell ကွက်အတွင်း color ဖြည့်ရန်

10. Font Color ပြောင်းရန်



Cell အကွက်တွေကို အပြင်ဘက်ကနေ ဘောင်ကွပ်မျဉ်းတွေ စိတ်ကြိုက်ထည့်သွင်း ဘောင်ခတ်နိုင်ပါတယ်။


Home Menu => Font အကွက်ထဲမှ Borders ထဲက Command တွေကို အသုံးပြုပြီး ဘောင်ခတ်လို့ ရပါတယ်။






Alignment


Cell တစ်ခုအတွင်းရှိ စာသားတွေရဲ့ အထားအသိုကို စိတ်ကြိုက်ပြင်ဆင်ဖို့အတွက် -

Home=>Alignment အကွက်ထဲမှ Command တွေကို အသုံးပြုပြီး ပြင်ဆင်လို့ ရပါတယ်။



အရင်ဆုံး Cell အကွက်တစ်ခုမှာ စာသားပဲဖြစ်ဖြစ်၊ ကိန်းဂဏန်းကိုပဲဖြစ်ဖြစ် ရိုက်ထည့်ပြီး Cell အကွက်ရဲ့ အကျယ်နဲ့ အမြင့်တွေကို ပြင်ဆင်နိုင်ပါတယ်။


ချဲ့ထုတ်လိုက်တဲ့ Cell အကွက်ထဲမှာ ပါရှိတဲ့ စာသားက Cell အကွက်ရဲ့ အောက်ခြေနားကို ကပ်နေရင် Alignment အကွက်ထဲမှာ ပါရှိတဲ့ Top Align, Middle Align, Bottom Align, Align Text Left, Center, Align Text Right တို့ဖြင့် ချိန်ညှိနိုင်ပါတယ်။

Cell အကွက်အတွင်းထဲမှာရှိတဲ့ စာသားကို ထောင့်ဖြတ် ၄၅ ဒီဂရီ၊ ၉၀ ဒီဂရီ စောင်းလှည့်တာကိုလည်း ပြုလုပ်နိုင်ပါတယ်။

Margin နဲ့ ကပ်လျက် စာသားကို ပေါ်စေမယ်ဆိုရင် Alignment အကွက်ထဲက Decrease Indent ကို ရွေးချယ်နိုင်သလို၊ စာသားနဲ့ Margin ကြား ဝေးကွာစေလိုတယ်ဆိုရင်တော့ Increase Indent ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

Cell အကွက်တွင်းရှိ စာတစ်ကြောင်းက စာသားရှည်နေပါက Cell အကွက်ရဲ့ အကျယ် (Width) ကိုလည်း မချဲ့ချင်၊ စာသားကို စာ ၂-ကြောင်းဖြစ်အောင် ပြုလုပ်လိုတယ်ဆိုပါက -

Alignment => Wrap Text ပြုလုပ်ရပါသည်။






Selection လုပ်ထားတဲ့ Cell အကွက် ၂-ခု ထက်ပိုတဲ့ Cell တွေကို Cell တစ်ကွက်တည်းအဖြစ်ပေါင်းပြီး Cell အတွင်းမှာ ပါဝင်တဲ့ စာသား၊ ကိန်းဂဏန်းတွေကို အလယ်အညီဖြစ်အောင် ပြုလုပ်လိုပါက -

Alignment => Merge and Center ကို အသုံးပြုပါတယ်။





ကဲ
ဒီနေ့တော့ ဒီလောက်နဲ့ နားကြတာပေါ့နော်.
အဆင်မပြေတာများရှိခဲ့ရင်လည်း ပြောကြားခဲ့နိုင်ပါတယ်...




Posted by စိမ့်စမ်းရေ on Monday, November 7, 2011

0 comments

Post a Comment