ဒါကတော့ နောက်ဆုံးအပိုင်းပါပဲ......

Table of Contents



အကြောင်းအရာ (သို့မဟုတ်) စာပိုဒ်များ၏ စာမျက်နှာ နံပါတ်များကို ဖော်ပြရန် အတွက် Table of Contents ကိုအသုံးပြုနိုင်သည်။ Table of Contnets ကို သုံးရန် စာမျက်နှာအရေအတွက်များ များနေလျှင် ပိုကောင်းပါသည်။



Footnotes



footnotes

ကတော့ စာပိုဒ်များ၊ စာရွက်များ ၏ အဆုံးတွင် အမှတ်အသား၊ သင်္ကေတ များထားခဲ့ပြီး မိမိလိုချင်သော စာများပြန်လည်ရိုက်နိုင်ခြင်းဖြစ်သည်။




မိမိနှစ်သက်ရာ format တစ်ခုခုကို ရွေးချယ်ပြီးလျှင် Insert ကို click လုပ်ပါ။

အသင့်ပေးထားသော Number Format များအပြင်၊ Symbol အခန်းတွင်လည်း နှစ်သက်ရာ ရုပ်ပုံများကို ယူနိုင်ပါသည်။

Mailings

အကြောင်းအရာတစ်ခုထဲအား လူအများကြီးကို မေးပို့ချင်သောအခါ သုံးနိုင်သည်။

နှစ်သက်ရာ စာပုံစံများကို ရွေးချယ်ပါ။ Start Mail Merge တွင် အဆင့်ဆင့်ရွေး၍ အသုံးပြုနိုင်သည်။

Start Mail Merge>> Start By Start mail Merge Wizard တွင်ဝင်၍ ပြုလုပ်နိုင်သည်။






View Tab


Document View, Show/Hide, Zoom, Window , Macros စသည်ဖြင့်ပါဝင်သည်။

Document View သည် စာရွက်များ၏မြင်ကွင်းအမျိုးမျိုးကိုပြသောနေရာဖြစ်သည်။

Show /Hide သည် Ruler, Gridlines, စသည်များကို ရွေးချယ်နိုင်သည်။

Zoom သည် မြင်ကွင်းချုံ့၊ ချဲ့ များပြုလိုပ်နိုင်သည်။




Printing



Name တွင် မိမိထုတ်လိုသော Printer Name ကိုရွေးပါ။

Number of copies မှာ အရေအတွက်ကို ထည့်ပါ။

Properties တွင် စာရွက် Size များကို ပြင်နိုင်သည်။

အားလုံးပြင်ဆင်ပြီးပါက OK ကို နှိပ်ပါ။




Microsoft Word 2007 ရဲ့အပြင်အဆင်လေးတွေနဲ့ အသုံးဝင်မှုလေးတွေကို သိသလောက် ဖော်ပြပေးထားတာပါ။

နောက်များမှာတော့ တစ်ခုချင်းစီရဲ့ လေ့ကျင့်ခန်းတွေကိုလည်း လိုက်လုပ်လို့ အဆင်ပြေအောင် ဖော်ပြပေးသွားဦးမှာပါ

အဆင်မပြေတာလားရှိခဲ့ရင်လဲ
ပြောခဲ့ကြပါဦးနော်...

ခင်မင်စွာဖြင့်..............



Posted by စိမ့်စမ်းရေ on Wednesday, October 19, 2011

0 comments

Post a Comment