Header & Footer

document တစ်ခုအား ခေါင်းစဉ်များတပ်ခြင်း၊ အောင်ခြေတွင် အညွှန်းစာများ ရေးခြင်း၊ စာမျက်နှာ နံပါတ်များတပ်ခြင်း များသုံးနိုင်သည်။


Equation

Symbol ခန်းထဲမှ Equation သည် သင်္ချာပုစ္ဆာများအတွက် လွန်စွာ အသုံးဝင်လှပေသည်။ စုံလင်လှသော features များက ပို၍ ပြည့်စုံစေသည်။

မိမိနှစ်သက်သော Equations တစ်ခုအား Click လုပ်လိုက်သောအခါ Ribbon tab တွင် Design ဟူ၍ Tab တစ်ခု ထပ်၍ ပေါ်လာမည်ဖြစ်သည်။








Page Layout




Page Layout သည် document တစ်ခုလုံးကို ပြင်ဆင်ပေးရာ နေရာဖြစ်သည်။

Themes, Page Setup, Page Background, Paragraph, Arrange စသည်တို့သည် document တစ်ခုလုံး အတွက် ပြင်ဆင်ဖွယ်ရာများဖြစ်သည်။

Page Steup Group မှ ဘေးနားမှမြှားလေးကို Click လုပ်ပါ။ စာမျက်နှာတစ်ခုလုံး၏ Margin ကစ၍ ပြင်နိုင်သည်။







စာမျက်နှာ တစ်ခုလုံးကို လှပသော ဒီဇိုင်းများ၊ အောက်ခံ ရေစာများ၊ ဘောင်များခတ်ခြင်း စသည်ဖြင့် စုံလင်လှသော အကြောင်းအရာများကို Page Background Group တွင် ပြင်ဆင်နိုင်သည်။



Paragraph Group

သည် စာပုဒ်များ၏ အတွင်းသို့ဝင်ခြင်း၊ ခေါင်းစည်းများပြင်ခြင်းနှင့် Line spacing များခြားခြင်းများကို ပြင်ဆင်နိုင်သည်။

မိမိပြင်ဆင်ပြီးသော အကြောင်းအရာများကို Default Button ကို Click လုပ်မိပါက

အမြဲပဲ ထိုပုံစံ ပြောင်းနေမည်ဖြစ်သည်။




References သည် ရည်ညွှန်းကိုးကားချက်များကို ညွှန်ပြရန်သုံးသည်။

Table of Contents , Footnotes, Citations & Biblliography, Captions, Index , Table of Authorities


ကဲ..
အဆင်ပြေကြပါစေနော်.............

Posted by စိမ့်စမ်းရေ on Tuesday, October 18, 2011

0 comments

Post a Comment