ပရဟိတအမှတ်စဉ် (၃)


 
သူဇာလေး(စိမ့်စမ်းရေ) သို့ အစဉ်တစိုက် အားပေးနေကြသော ချစ်လှစွာသော သူငယ်ချင်း၊ မိတ်ဆွေများ၊ အွန်လိုင်းပေါ်မှ စာဖတ်ပရိတ်သတ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ရပါတယ်။ တက်စွမ်းသမျှသော ငွေကြေးပမာဏလေးများဖြင့်၊ မအားမလပ်တဲ့ကြားက မဖြစ်ဖြစ်အောင်ကြိုး စားဆောင်ရွက်ထားတဲ့ ပရဟိတအဖွဲ့ငယ်လေးတစ်ခုရဲ့ တက်နိုင်သမျှသော လုပ်ဆောင်မှုလေးတွေကို ပရိသတ်ကြီးအားလုံးအား မျှဝေပေးချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့တင် ဤပို့စ်လေးကို တင်ပြပေးလိုက်ရပါတယ်။





စမ်းမြသီတာ သီလရှင်သင် (မူလွန်) ပညာရေးကျောင်းနှင့် အမျိုးသမီး ပရဟိတကျောင်း
မြတ်လေးလမ်း၊ ဥာဏရပ်ကွက်၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး သို့ ကုသိုလ်အလှူတော် ဖြစ်ပါတယ်။

ဆရာလေးအားလုံးပေါင်း 200 ရှိပါတယ်။ သူငယ်တန်းမှ 10 တန်းအထိ ပညာသင်ပေးနေတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။




ဆရာလေးများအတွက် အာရုဏ် - 60000၊ နေ့ဆွမ်း 150000 ဖြင့် လှူဒါန်းနိုင်ခဲ့ကြပါတယ်။

စေတနာရှင်  မိတ်ဆွေ၊ သူငယ်ချင်းများရဲ့ စေတနာတွေကြောင့် အချိုရည်ဗူး၊ ဝေဖာမုန့်များနှင့် သကြားလုံးများကိုလည်း လှူဒါန်းခဲ့ကြပါတယ်။

အများကြီး မဟုတ်ပေမယ့် နိုင်သလောက်လေး လှူဒါန်းမှုကို ကျွန်မတို့အားလုံး ၀မ်းသာကြည်နူးခဲ့ကြတယ်။
ဆရာလေးတို့လည်း ၀မ်းသာကြတယ်။ မပြည့်စုံတဲ့ဘ၀တွေ အချင်းချင်း တက်နိုင်သလောက် ထောက်ပံမှုလေးတွေကို ကြည်နူးမဆုံးဖြစ်ခဲ့၇တယ်။






ဆရာလေးများက ပရိတ်တရားတော်များကို ချီးမြှင့်ပေးကြတယ်။





သူဇာလေးတို့ မေတ္တာစမ်းရေအသင်းရဲ့ တက်စွမ်းသမျှသော အလှူအစုကို အားလုံးသော မိတ်ဆွေ၊ သူငယ်ချင်းများအားလုံးကို အမျှပေးဝေပါတယ်။    ကြည်နူးသာဓုခေါ်ဆိုနိုင်ကြပါစေရှင်။







Posted by စိမ့်စမ်းရေ on Monday, March 3, 2014

0 comments

Post a Comment