"လိမ္မော်ရောင်မုန်လာဥနီမျိုးသမိုင်း"





လူတော်တော်များများ မုန်လာဥနီ(carrots) စားဖူးသည်။ ကျွန်တော်တို့အမြင်မှာလည်း မုန်လာဥနီဟု မြန်မာနိုင်ငံတွင်ခေါ်နေသော်လည်း အရောင်အစစ်အမှန်ကား လိမ္မော်ရောင်(သို့မဟုတ်) လိမ္မော်ရောင်အရင့်ဖြစ်သည်။ သို့သော်မုန်လာဥနီ(carrots) တွင်လိမ္မော်ရောင်သို့ပြောင်းခဲ့သည့်သမိုင်းရှိသည်။

အချက်အလက်ကျကျပြောရလျှင် ၁၇ရာစုသို့မတိုင်ခင်အချိန်အထိ မည်သူမျှမုန်လာဥနီကို ဖွံ့ဖြိုးပြောင်းလဲဖို့မလုပ်ဆောင်ခဲ့ကြချေ။
သို့သော့် ဒတ်ခ်ျ(နယ်သာလန်)ကောက်စိုက်သူများက ဒတ်ခ်ျလူမျိုးတို့၏လွတ်လပ်ရေးအတွက်ဦးဆောင်သူ ၀ီလျံ(၃) (1650- 1702) ၊ အောရိန်ခ်ျ-နာစ်ဆော့အိမ်တော်၏ အောရိန်ခ်ျမင်းသား(Prince of Orange of the House of Orange-Nassau)ကို ရည်ညွှန်းသောအားဖြင့် လိမ္မော်ရောင်မုန်လာဥနီများကို ပြုလုပ်စိုက်ပျိုးခဲ့ကြသည်။ ထိုခေတ်သစ် လိမ္မော်ရောင်မုန်လာဥနီမျိုးကို ဂျွန်သြဘရိုင်(John Aubrey 1626 –1697)ကဖန်တီးကြံဆောင်ခဲ့သည် ဟုဆိုသည်။ ထိုမတိုင်ခင်အချိန်က ဥရောပတွင် မုန်လာဥနီတွင် ရှိသောအရောင်များကား အ၀ါ၊ ပန်းရောင်နှင့် အဖြူရောင်ဖြစ်သည်။ ၁၆ရာစုအထိ မုန်လာဥအရောင်ပြောင်းလို့ရမှန်း သေသေချာချာမသိခဲ့ကြချေ။

မည်သို့ပင်ဆိုစေကာမူ မှန်ကန်ပြီး မည်သည့်အချက်နှင့်မျှမငြင်းနိုင်သည့်အချက် ဖြစ်နေသည်။ လူအများ လိမ္မော်ရောင် မုန်လာဥနီ(ရှည်၍လိမ္မော်ရောင်ဒတ်ခ်ျမုန်လာဥနီ) orange carrots (Long Orange Dutch carrot) ရှိမှန်း စတင်သိရှိခြင်းမှာ ၁၇၂၁ခုနှစ်ဖြစ်ပြီး၊ စတင်စိုက်ပျိုးခဲ့သည်မှာ နယ်သာလန်နိုင်ငံရှိ ဟွန်အ် (Hoorn) ဆိုသောမြို့ကလေးဖြစ်သည်။

ကိုးကားချက်။ www.hforcare.com, wikipedia ("Carrot","William III","John Aubrey")
မိုးလုံးမှိုင်းဘာသာပြန်စုဆောင်းရေးသားသည်။

Posted by စိမ့်စမ်းရေ on Sunday, September 15, 2013

0 comments

Post a Comment