"ခြင်္သေ့ပုံ"
   

မြို့မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူက၊ နယ်မှာနေတဲ့ သူ့အဖေဆီကို ဖုန်းဆက်နေတယ်။
သာကြောင်းမာကြောင်း ပြောပြီးတဲ့အခါ သားဖြစ်သူက မေးတယ်... ...

"ဒါနဲ့ စကားမစပ်၊ တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ ရိုက်ထားတုန်းပဲလား အဖေ"

"အေးပေါ့ကွ၊ ဘာလို့မေးတာလဲ"

"အော်... မမြင်ရတာကြာတော့ ပြောင်းများ သွားပလားလို့ပါ"

ဒီတော့မှ အဖေလုပ်သူလည်း သဘောပေါက်သွားပြီး... ...

"အောင်မယ်၊ ခွေးမသား၊ ပိုက်ဆံပို့ပါအုံးအဖေဆို ပြီးတာကိုများ"

https://www.facebook.com/thanlayko
သန်၎ကို-ပေါက်ကရရေးသည်



"လူကြီး"

မိုးပေါ်ကကျလာတဲ့ လူကြီးတယောက် ကျနော်တို့ဌာနမှာ ညွန်ချုပ်အဖြစ် ရောက်လာတယ်။
တနေ့က ကျနော်လည်း အလုပ်တော်တော်ရှုပ်နေလို့ ရုံးဆင်းချိန် နောက်ကျသွားတယ်
ပြန်မယ်ဆိုပြီး ရုံးခန်းထဲကအဖြတ်မှာ...
ညွန်ချုပ်ကို စက္ကူဖျက်စက် (paper shredder) ရဲ့ခလုပ်တွေကို တောင်နှိပ် မြောက်နှိပ် လုပ်နေတာ တွေ့လိုက်ရတယ်
ကျနော့်မြင်တော့ လှမ်းခေါ်တယ်... ...

"ကောင်လေး၊ ခဏလာစမ်းကွာ"
"ဟုတ်ကဲ့ အဘ၊ ဘာလုပ်ပေးရမလဲ ခင်ဗျ"
"ငါ့ အတွင်းရေးမှူးမလည်း ခွင့်ယူထားတယ်ကွာ၊ ကျန်တဲ့ဝန်ထမ်းတွေလည်း ပြန်ကုန်ကြပြီ၊ ငါကလည်း ဒီစက်ကို မသုံးဘူးတော့ ဘာလုပ်ရမှန်း မသိလို့"
"ရပါတယ်ခင်ဗျာ၊ ကျနော် လုပ်ပေးပါမယ်"
"အေး အေး၊ ဒီစာရွက်က အထူးလျှို့ဝှက်ကွ၊ မဆိုင်သူတွေတွေ့သွားလို့ မကောင်းဘူး"

အော်... ဒါကြောင့် သူက ဒီစာရွက်ကို သူကိုယ်တိုင်လာပြီး ဖျောက်ဖျက်နေတာကိုး လို့တွေးရင်း၊ ပါဝါခလုပ်ကို ဖွင့်လိုက်တယ်။
စက်ရဲ့ ခွေးသွားစိပ်အပေါက်ကို ညွန်ပြလိုက်တယ်... ...

"အဲဒီအပေါက်ကနေ စာရွက်ထည့်လိုက်ပါ အဘ"
"အေး အေး"

သူစာရွက်ထည့်ပြီးတာနဲ့ ကိုယ်က start ခလုပ်ကို ဖိလိုက်လို့ စာရွက်လေးလည်း စက်ထဲဝင်သွားရော....
တူကကြောတယ်ဂျာ... ...

"အများကြီး မလိုပါဘူး၊ မိတ္တူတစ်စောင်ဆို ရပါပြီ"... တဲ့

အောင်မယ်မင်းရယ်တဲ့မှ တေပီဆရာ
စက္ကူဖျက်စက်နဲ့ မိတ္တူကူးစက်၊ မှားမှ မှားရက်တယ်


 

 "တရုတ်လုပ် ဒုံးကျည်"

ဟိုး ရှေးရှေးတုန်းကပေါ့... ...
တရုတ်ရဲ့ အိမ်နည်းခြင်းနိုင်ငံတခုဟာ တရုတ်လုပ် 'သင်္ဘောဖျက်ဒုံးကျည်' တွေ ဝယ်သတဲ့။

မှာထားတဲ့ ဒုံးကျည်တွေ မကြာခင်မှာပဲ ရောက်လာတယ်။
အဲ... ဒုံးကျည်တွေပေါ်မှာ ကုတ်နံပတ် (Code) တခု ရေးထားတာ ပါလာတယ်။
ကုတ်နံပတ်က ဒီလို... ...

F4-B6-N-ME-TT11 တဲ့

ဒုံးကျည်ကို ပစ်ခတ်မယ့် သူတွေလည်း ဘာကို ဆိုလိုမှန်းမသိဘူး ဖြစ်နေတာပေါ့
ဒါနဲ့ ကုတ်နံပတ်ဖြည်ပေးဖို့ လက်နက်စက်ရုံကို စာရေးပြီးမေးရတယ်

ဟိုက ကုတ်နံပတ်ကို ဖြည်ပေးလိုက်တာက ... ...

F4-B6-N-ME-TT11 ဆိုတာ Front 4, Back 6 and me total 11 တဲ့

ဒါလည်း သိပ်မရှင်းလို့ စာပြန်ရေးပြီး မေးရပြန်တယ်
ဒီတစ်ခါတော့ ဟိုက သေချာရှင်းပြလိုက်တယ်... ...

F4-B6-N-ME-TT11 ဆိုတာတဲ့ ဒီဒုံးကျည်ကို ပစ်လိုက်ရင်... ...
-ရှေ့က ၄ ယောက် သေတယ်
-နောက်က ၆ ယောက် သေတယ်
-ပစ်တဲ့ကောင် ငါပါသေလို့
-စုစုပေါင်း ၁၁ ယောက် သေတယ်လို့ ရေးထားတာပါတဲ့

ဒီတော့ ဒုံးကျည်ပစ်မယ်ကြံရင် ဒီစာချိုးလေးကို အရင်ရွတ်ပြီးမှ ပစ်ပါတဲ့

အဲ... အဲဒီ စာချိုးလေးက...

"ရှေ့လေး၊ နောက်ခြောက်၊ ငါပါ ဆယ့်တစ်ယောက် သေရွာရောက်"... ဆိုဘဲ

ကဲ ကောင်းဘူးလား ဒုံးကျည်က

https://www.facebook.com/thanlayko
သန်၎ကို-ပေါက်ကရရေးသည်



ဖေ့ဘုတ်မှပြန်လည်မျှဝေပါသည်။

Posted by စိမ့်စမ်းရေ on Wednesday, August 14, 2013

0 comments

Post a Comment