လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။တကယ်တော့ Virus အနွယ်ဝင် အမျိုး အစား များရှိနေပါတယ်။အဲဒါတွေအကြောင်းရှင်းလင်းပြထားတဲ့ မေးလ်တစ်ခု ရောက်ရှိလာတာကြောင့်
ပြန် လည် ဖော်ပြလိုက်ရပါတယ်။မူလရေးသားသူ ဆရာမျိုးသူရနှင့် ပြုစုပေးသူအားအထူးကျေးဇူးတင်ရှိ ပါတယ်။

၁။Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) fileတစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေ တစ်ခုကိုပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူ တွေမှာ Virus ကူးသလိုပဲပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင်နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user dataတွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကိုဖျက်ဆီး မယ်... စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ..chrome.exe, system.bat , flashy.com (http://flashy.com/) စသဖြင့်ပေါ့.. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှသွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး...ဒါကြောင့်  မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည်မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...for wardE-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Fullsharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်းမသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ ..စသဖြင့်ပေါ့...ဗျာ

၂။Malware
 

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီးကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိMalware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ singlecomputer / server / computer network ထဲ ၀င်ပြီးကွန်ပျူတာ Systemပျက်ဆီးစေ နိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits,spyware, dishonest adware, crimeware and other malicious and unwantedsoftware တွေပါဝင်လေ့ရှိပါတယ်..

၃။worm
 

 worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါ ပဲ.. virus တစ်ခုရဲ့Sub-class လို့လည်းခေါ် လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါ တယ် ...သူ့ပါသူ ဖြန့်နိုင်တဲ့စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလိုအယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊Hard disk ရဲ့ used space ကိုများလာစေတယ် ..Computer ရဲ့ System memoryusage တွေ များလာစေတယ်.. networkbandwidth တွေကိုတက် လာစေတယ်... Runထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက
အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ RegistryကီးHKEY_LOCAL_MACHINE\SOFTWARE\Mi crosoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe
ဆိုတာက တော့ နာမည်တူပေးထားတာပေါ့Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေကကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..


၎။Trojan horse
 

 Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့ .. Triဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲအလုပ် လုပ်တယ်လို့ပြောလို့ရပါတယ် ... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့Software တွေမှာ ထည့်ထားတတ်ကြ ပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကိုInstall ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေကကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ် .. အဲဒီတော့ အဲဒိ Game
ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Gameလို့ပြောရလိုဖြစ်နေတာပေါ့. .နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screensaver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)


၅။Spyware
 
 သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာ ပါ..သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့်ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ်
သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ၀င်နိုင်ပါ တယ်... ပြီးရင် သူက Browser home pageကိုပြောင်းထားတတ်ပါတယ်.......
သင့်ကို Error message တွေအမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problemsတွေများနေပြီ.. အဲဒါတွေပြင် ချင်ရ င် အောက်က ခလုတ်ကို နှိပ်ပါ) စသဖြင့်ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြားPorn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက httpcookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့်
အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင်Spyware Remover

 တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကိုရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်း ကာကွယ် နိုင်ပါ တယ်...

၆။Adware
 
 Adware ဆိုတာကတော့ Advertising-supported software (သို့) softwarepackage တစ်ခုဖြစ်ပါ တယ်.... သူကတော့ Screen မှာ Automaticပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ် ခိုင်းပါတယ်... :Dအချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ ဒီလောက်ပဲ :D

၇။Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malwareအမျိုးအစားတွေထဲမှာပါပါတယ် .. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crimeတွေအတွက်ရည်ရွယ်ပြီးရေးကြတာများ ပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီးသူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကိုခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်ခုခေတ်စားနေတဲ့ key logger တို့  .. keystroke logging software တို့ဟာCrimeware အမျိုးအစားတွေပဲဖြစ်ပါတယ်. .

ဆရာမျိုးသူရ စာအုပ်မှ ကောက်နုတ်တင်ပြသည်။
 
ref:
http://aungsanmks.blogspot.com/2013/04/virus_1.html
 
 

Posted by စိမ့်စမ်းရေ on Thursday, April 25, 2013

0 comments

Post a Comment