လေးဖက်နာအုပ်စုတွင်းမှ သွေးလေးဖက်နာ ……….

လေးဖက်နာလို့ သာမန်အားဖြင့် ရောထွေးပြောကြပေမဲ့ လေးဖက်နှာမှာ သုံးမျိုးရှိပါတယ် ။
(၁) ပိုးလေးဖက်နာ
(၂) သွေးလေး ဖက်နာ
(၃) အရေးပြား လေးဖက်နာဆိုပြီး သုံးမျိုးရှိပါတယ်။

ရောဂါသုံးမျိုးစလုံး၏ နောက်ဆက်တွဲ အကြောင်းအရာတွေက မတူညီကြပါဘူး ။
(၁) ပိုးကြောင့်ဖြစ်သော လေးဖက်နာသည် နောက်ဆက်တွဲက နှလုံးအဆို့ရှင် ပျက်စီးတာတို့လို ရောဂါတွေဖြစ်နိုင်ပါတယ် ။
(၂) သွေးလေးဖက်နာရဲ့ ရှုပ်ထွေးမှုက အဆစ်တွေ ကောက်ကွေးသွား တက်ပြီး အိပ်ရာပေါ် လဲသွားနိုင်ပါတယ်။
(၃) အရေပြားလေးဖက်နာကျတော့ ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။

အခုတင်ပြပေမည့် လေးဖက်နာများထဲ့မှ သွေးလေးဖက်နာ (RHEUMATOID ARTHRITIS) သည် တခြားလေးဖက်နာတွေလို့ ပိုးကြောင်းဖြစ်သည့် လေးဖက်နာမျိုး မဟုတ်ဘဲ သွေးကြောင့် ဖြစ်ခြင်းဖြစ်ပါသည် ။

Antibiotic လို ပိုးသတ်ဆေးတွေ စားလို့ မပျောက်ပါဘူး။ သွေးကို ပြန်ပြီးသန့်ပေးတဲ့ ဆေးစားရပါမယ်။ သွေးလေးဖက်နာဟာ ရေရှည် ပစ်ထားပြီး မကုသရင် အဆစ်အကောက် ကွေးသွားတက်ပါတယ်။

သွေးလေးဖက်နာဖြစ်ပေါ်သည့် အကြောင်းအရာမှာ ခန္တာကိုယ်ထဲမှာ ပြင်ကနေဝင်လာမည့် လူကို ဆိုးကျိုးဖြစ်စေသော ရောဂါပိုးများ ၀င်လာရင် ပြန်လည် ခုခံနိုင်စွမ်းဓာတ်ရှိပါသည် ။။ ဒီခုခံဓာတ်က တစ်ခါတလေမှာ မျက်စိလည်ပြီးတော့၊ ပိုးကိုမတိုက်ဘဲ ကိုယ့်ပစ္စည်း ကိုယ်ပြန်တိုက်တာရှိတယ်။
အဲဒီအခါမှာ ထွက်လာတဲ့ဓာတ်ကို RHEUMATOID FACTOR (RF) လို့ခေါ်ပါတယ်။ အဲဒီဓာတ်က အရိုးအဆစ်တွေကို တိုက်ခိုက်တဲ့အခါ သွေးလေးဖက်နာဖြစ်ပွားရပါတယ်

သွေးလေးဖက်နာသည် ကျားမမရွေးဖြစ်နိုင်ပြီး အသက်အရွယ်လည်း မရွေးဖြစ်နိုင်ပါတယ် ။ ရောဂါပိုမိုဖြစ်နိုင်သော အသက်အပိုင်းအခြားအားဖြင့် ၃၀ ကျော်နှင့် ၅၀ ကြားတွင် ပိုမို၍အဖြစ်များကြပါတယ်။

အခုတင်ပြသည့် ရောဂါဖြစ်ခဲ့ပါက မြန်မာတွေ ပြောနေကြသည့် စကားလုံးလေးရှိပါတယ် ။
( ကံဆိုးသူ မောင်ရှင် )ဆိုပြီး ပြောကြသလို့  အခု ရောဂါဖြစ်ပြီဆိုရင်လည်း ကံဆိုးသူ မောင်ရှင် ရေလို့ ပြောဆိုရမည်ဖြစ်ပါသည် ။
ဖြစ်နိုင်ခဲးသည့် လူ ၁၀၀ ဦးတွင် ၁ ယောက်နှုန်းအနေအထားဖြစ်သာ ဖြစ်ပွားကြပါတယ် ။

အဓိကလက္ခဏာကတော့ အဆစ်နာတာပဲ။ အဆစ်တစ်ဆစ်တည်း မဟုတ်ဘဲ လေးခုလောက်နာပါတယ်။ ဒူးအဆစ်တစ်ခု ပဲ နာတယ်ဆိုရင်တော့ အရိုးကျီးပေါင်း ဖြစ်ဖို့များပါတယ်။ အဆစ်ဟာနာရုံတင်မကဘဲ ရောင်ရမ်းနေမယ်။ ဖောင်းနေမယ်ဆိုရင် စမ်းသပ်စစ်ဆေးရပါမယ်။

နောက်တစ်ခုကတော့ နာတဲ့အဆစ်ကို လက်ညှိုးနဲ့ လက်မကြားမှာ ဖျစ်ညှစ်ကြည့်လိုက်လို့ ပိုမနာဘူး ဆိုရင် ကိစ္စမရှိဘူး။ မခံနိုင်အောင် နာတယ်ဆိုရင်တော့ သွေးလေးဖက်နာ ဖြစ်နိုင်ချေပိုများပါတယ်။

တတိယတစ်ချက်ကတော့ အဆစ်နာတာက လှုပ်လိုက်ရှားလိုက်ရင် ပိုမနာဘဲ သက်သာပြီး၊ မနက်စောစောမှာ တစ်နာရီကျော် နာနေတာပါပဲ။ အဲဒီလိုဖြစ်နေသော လူမျိုးကို သွေးဖောက်စစ်ရပါမယ်။

အထူးအသိပေးပြောကြားလိုသည့်မှာ မိမိတို့ တွင် အဆစ်နာတယ် ဆိုပြီး ကိုယ်ဟာကိုယ် ထင်ရာကုပြီး သာမန်ဖျားနာသလို့  ဆေးဆိုင်တွေသွားပြီး ခေါင်းလေးကိုက်လို့  ပါရာစီတမော ဝယ် သောက်လိုက်ပြီး လုပ်ဆောင်ရမည့် အခြေအနေမဟုတ်ပါ ။ ရောဂါနဲ့ ဆေးမကိုက်ညီပါက အနာကသက်သာပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မကာ ကွယ်နိုင်တဲ့အတွက် အဆစ်သုံးခု အထက်ရောင်တယ်ဆိုရင် ကျွမ်းကျင်မှုဆိုင်ရာ ဆရာဝန်နဲ့ စောစော စီစီး ကုသဖို့ လိုအပ်ပါကြောင့် တင်ပြအပ်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ


ဖေ့ဘုတ်( Mg Mandalay ) မှ ပြန်လည်မျှဝေလိုက်ပါတယ်။

Posted by စိမ့်စမ်းရေ on Monday, April 22, 2013

0 comments

Post a Comment