ကွန်ပျူတာမှာ Power supply မကောင်းတော့ဘူးဆိုရင် ဘယ်လိုသိနိုင်မလဲ..

မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်..
ကွန်ပျူတာတစ်လုံးမှာ power supply ကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ် မားသားဘုတ်နဲ့ အခြားသော peripheral device တွေကို power ပေးရလို့ ပါပဲ အ၀င် AC ကနေ အထွက် DC ကိုပြောင်းလဲပေးပြီး power တွေကို distribute လုပ်ပေးရတဲ့ တာဝန်ကိုထမ်းဆောင်ရပါတယ်..မရှိမဖြစ်လိုအပ်တဲ့ ဒီလိုpower supply တစ်လုံးကွန်ပျူတာမှာအကောင်းဘူးဆိုရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာဆွေးနွေးကြည့်ရအောင်..


Power supply ပျက်နိုင်သည့်အကြောင်းတရားများ
1.FAN
2.Components
3.Cord
4.Connector
5.Electrical surge
6.Default industry

1.FAN-power supply မှာ fan ပါရှိပါတယ်..ဒီ fan လည်မှု မလည်မှုပေါ် မူတည်ပြီးတော့ troubleshoot လုပ်တဲ့ နေရာမှာ သုံးသပ်ပြီး လုပ်ဆောင်လို့ ရပါတယ်..အချို့ power supply တွေဆို fan ကလည်လို့  လည်မှန်းတောင်မသိဘူးအရမ်းညင်သာတယ်..ဆူညံမှုနည်းလေကောင်းလေပေါ့..မနက်ဘက်နှစ်နာရီသုံးနာရီဆိုတော် တော်သိသာတယ်..စက်ရှေ့ မှာထိုင်ဖူးရင်ပေါ့..ဒီ power supply မှာပါတဲ့ fan က တစ်မိနစ်မှာ အပတ်ရေ ဘယ်လောက်နဲ့ လည်ပတ်တယ်ဆိုပြီးတော့တိုင်းတာပါတယ် Revolution per minute RPM နဲ့ တိုင်းပါတယ် FAN လည်နှုန်းကျသွားရင် power supply က heatတွေမတရားတက်လာပြီးပူလာမယ် နောက်ဆုံးမခံနိုင် တော့ပဲလောင် သွားမယ်..ဒါကြောင့် Power supply fan ပုံမှန်လည်ပတ်မှုမရှိပဲ နှေးသွားရင် ( သို့  )ပျက်စီးသွား ရင် power supply ပျက်နိုင်ပါတယ်..

2.Components – power supply ထဲမှာ circuit board ပါရှိပါတယ်..အဲဒီ circuit board မှာပါတဲ့ components တွေရဲ့ ချို့ ယွင်းမှု ဒါမှမဟုတ်အပူကြောင့် capacitor များလောင်ကျွမ်းခြင်း converter circuit လောင်ကျွမ်းခြင်းကြောင့် Power supply ပျက်စီးနိုင်ပါတယ်..

3.Cord - ကြိုးကတော့ ပျက်ခဲလှပါတယ် သူကပေါက်ပြဲ ပျက်စီးရင်လည်း leakage ဖြစ်တာကြောင့် တစ်ကြောင်းပေါက်ပြဲပျက်စီးတဲ့ နေရာနဲ့ motherboard ပေါ်က component တစ်ခုခု (သို့ )casing နဲ့ သွားထိပြိး short ဖြစ်နိုင်ပါတယ်..ပေါက်ပြဲတဲ့ နေရာကို တိပ်နဲ့ ပတ်ထားလို့ တော့ရပါတယ်..ဒါပေမဲ့ အထွက်ဗို့ ကိုတိုင်းကြည့်ရမှာဖြစ်ပါတယ်..

4.Connector – power supply အထွက်မှာ DC ကိုပြောင်းလဲပေးတဲ့  motherboard ကိုပေးတဲ့ ပါဝါ connector , hard disk,CD Rom ကိုပေးတဲ့ Power connector တွေပါရှိတယ် ဒီ power connector တွေက မကောင်းရင် ( များသောအားဖြင့်အထွက် ဗို့ အားမမှန်ရင်ပေါ့လေ..) တခြား ပစ္စည်းတွေကို ထိခိုက်နိုင်ပါတယ်..ဒါကြောင့်  connector ကောင်းဖို့ လိုပါတယ် အထွက်ဗို့ အားမှန်ဖို့ လိုပါတယ်..အထွက်ဗို့ အားမမှန်လို့ hard disk သုံးလေးလုံးလောက်ကြွခဲ့ဖူးတာလဲ သာဓက ရှိခဲ့ဖူးတော့ connnector တွေ အထွက်ဗို့ အားမမှန်ရင် လည်း power connector ကိုဖြူတ်လဲလို့ အဆင်မပြေဘူးလေ တစ်ခုမကောင်းရင် တခြားခေါင်းတွေနဲ့ ပြောင်းသုံး ဒါပဲရှိတယ်ကောင်းတဲ့ ခေါင်းကနေမှ ပြန်ပွားထုတ်ပြီးသုံးရုံပဲရှိတာပဲ အဲ hard disk CD Rom တို့ ကို power ပေးတဲ့  connector က လေးခုလောက်အနည်းဆုံးပါတယ် motherboard connecotor ကတော့အပိုမပါဘူး motherboard connector မကောင်းလို့ ကတော့ အသစ်လဲရဖို့ များတယ်..

5.Electric surge - မီးအားရုတ်တရက်မြင့်တက်လိုက် ကျသွားလိုက်ဖြစ်မှုကြောင့် power supply က power load မခံနိုင်တော့ပဲ power supply ပျက်စီးနိုင်ပါတယ်..

6.Default industry - စက်ရုံကနေပြီးနေတာ့ရာနဲ့ ထောင်နဲ့ ချီတဲ့ Power supply ကိုထုတ်လိုက်တာဆိုတော့ အပျက်အစီး အနည်းငယ်တော့ရှိကြမှာပါပဲ ..သူငယ်ချင်းတစ်ယောက်လဲကြုံဖူးတယ် ဘယ်လောက်မှမကြာသေးဘူး ၀ယ်ပြီးစ တစ်ပတ်လောက်ပဲရှိသေးတယ် စက်က သူ့ အလို လိုထိုးရပ်သွားတယ်..တခြားPower supply အစားထိုးကြည့်တော့ အကောင်းပကတိတိုင်းအလုပ်လုပ်နေတာဖြစ်လို့ Power supply ပျက်တာသေချာတာဖြစ်တဲ့ အတွက် ပြန်လဲလိုက်ရပါတယ်..

Power supply ပျက်ပြီဆိုလျင်သိနိုင်သည့်အချက်များ
Crashes – power supply ပျက်လျင် မမျော်လင့်ပဲ ရုတ်တစ်ရက် ပါဝါလုံးဝ မလာတော့ခြင်း (သို့ ) Restart ခဏခဏ ကျနေခြင်း , processor နဲ့  RAM တို့ ရဲ့  Heat က သာမှန်ထက်ပို၍ပူလာခြင်း ဟာ power supply ကိုပျက်စီးစေနိုင်တဲ့  symptom တွေပဲဖြစ်ပါတယ်..နောက်ကွန်ပျူတာ မှာ power supply failure error message တွေ အမျိုးမျိုးပြနေတတ်ပါတယ်....

Heat – power supply ပျက်ပီဆိုရင် အရမ်းပူလာပြီးလက်နဲ့ ထိရင်တောင် အရေပြားလောင်တဲ့အထိဖြစ်နိုင်တယ်..အတွင်းက fan ကလည်နှုန်းတအားနှေးသွားလို့ အပူတွေမတရားထွက်လာတာဖြစ်တယ်..ထိုအတူပဲ cpu နဲ့ RAM တွေ ရဲ့ temperature တွေလည်းမြင့်တက်လာစေနိုင်တယ်..

Noise and Smell
Power supply က ၀ယ်တုန်းကတော့အကောင်း fan လည်သံလေးက ညင်ညင်သာသာလေး ယခုတော့ဆူဆူညံဖြစ်နေမယ် နောက်မီးခိုးနံ့ လိုလို ငြော်နံ့ လိုလိုရနေမယ်ဆိုရင် power supply ပျက်ဖို့ ရာလက်ခဏာတွေဖြစ်ပါတယ်..fan လည်တဲ့အသံက မနည်းရုန်းနေရတဲ့အသံ (သို့ )တအားဆူနေသလား နားထောင်ကြည့်ရင်သိနိုင်ပါတယ်…power supply အနားကပ်ကြည့်လို့ ငြော်နံ့ မီးခိုးနံ့ ရနေရင် power supply လဲရဖို့ များနေပီ..

Startup Failure - ကွန်ပျူတာ Power စဖွင့်ဖွင့်ချင်းမှာကိုက ဘာမှကို မလာတော့တာ power supply fan လည်တဲ့ အသံလည်းမကြားရသလို power လုံးဝကို မထွက်တော့တာမျိုးဖြစ်ပါတယ်..ဒါဆိုရင် motherboard နဲ့ တစ်ခြား peripheral device တွေကို power မရောက်တော့ပါဘူး motherboard ဟာ power မရတော့တဲ့အတွက် power supply ပျက်တဲ့လက္ခဏာပါပဲ..

Unexpected shut down – မမျော်လင့်ပဲသုံးနေတုန်း shut down ဖြစ်ဖြစ်သွားခြင်းဟာ power supply ပျက်စီးတဲ့ symptom တစ်ခုဖြစ်ပါတယ်

Quick shut down – power တော့ on လို့ ရပါရဲ့  POST လုပ်ငန်းစဉ် လုပ်နေတုန်း ပဲရှိသေးတယ် မြန်မြန်ဆန်ဆန်ပဲ shut down ဖြစ်ပြီး power freeze ဖြစ်သွားတယ်ဆိုရင်လည်းပဲ power supply မကောင်းတော့တဲ့ လက္ခဏာဖြစ်ပါတယ်..တစ်နည်းအားဖြင့် Power အလုံအလောက်မရတာလဲဖြစ်နိုင်ပါတယ်..

Power supply ပျက်ပြီဆိုရင် ဘာလုပ်မလဲ
အသစ်လဲရုံပဲပေါ့..ကိုယ်ကိုတိုင် power supply ပြင်တဲ့ သူမဟုတ်ရင်ပေါ့..သာမန် user တွေအနေနဲ့ power supply ကို ဖွင့်ပြီးပြင်ဖို့ မကြိုးစားပါနဲ့လို့ ပြောရမှာပဲ အထဲက circuit ဘုတ်မှာ condenser(capacitor) တွေပါရှိတယ် ဒီ capacitor တွေက power ရရှိစဉ်တုန်းက charge တွေကိုသိုလှောင်ထားတဲ့ heigh voltage တွေဖြစ်ပါတယ် သူကအန္တရယ်များပါတယ်..ဒါကြောင့်ကျွမ်းကျင်သူသာလျင်ကိုင်သင့်တယ် ပြင်သင့်တယ်.. power supply ၀ယ်မယ်ဆိုရင် watts များလေ ပိုကောင်းလေပါပဲ..
အထက်ကအကြောင်းအရာတွေက power supply ကိုပဲဦးတည်ပြီးဆွေးနွေးတာဖြစ်လို့ ဘယ်အပိုင်းက ဖြစ်တယ်ဆို တာစဉ်းစားလို့ ရအောင် ဆွေးနွေးလိုက်ရခြင်းဖြစ်ပါတယ် အကြောင်းအရာတွေခေါင်းထဲမှာရှိနေရင် စဉ်းစား ရ လွယ်ပါတယ်..ကဲအားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ..

ref: http://sun-itgarden.blogspot.com/2013/03/power-supply.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+blogspot%2FAFGmdD+%28%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC+%E1%80%A5%E1%80%9A%E1%80%BA%E1%80%AC%E1%80%A5%E1%80%B9%29


ပြန်လည်ဝေမျှခြင်းသာ....။

Posted by စိမ့်စမ်းရေ on Sunday, March 17, 2013

0 comments

Post a Comment