ဟန်းဆက် လောကတွင် Sam-sung , Apple ကုမ္ပဏီများ ပြီးသည့်နောက် တတိယ လူကြိုက် အများဆုံး ဟန်းဆက် ကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံမှ HuaweiAscend P2 မိုဘိုင်းလ်ဖုန်း သစ်တစ်မျိုးအား ဖေဖော်ဝါရီ ၂၄ရက်က မိတ်ဆက် ပေးခဲ့သည်။ ယင်းဟန်းဆက် သစ်သည် ကမ္ဘာတွင် စွမ်းဆောင်ရည် အမြန်ဆုံး ပေးနိုင်သည့် ဖုန်းဖြစ်ကြောင်း Huawei ကုမ္ပဏီက အခိုင်အမာ ပြောကြားထားသည်။
ဟန်းဆက်၏ အထူမှာ ခဲတံတစ် ချောင်းထက်ပင် ပါးလွှာ၍ ၈ဒသမ၄ မီလီမီတာသာ ရှိကြောင်း၊ ထို့ပြင် download လုပ်နိုင်စွမ်း 150 Mbps ရှိသည့် အတွက်၂နာရီ ကြာသည့် ရုပ်ရှင် ဇာတ်ကားကို ၅မိနစ် တောင်မကြာဘဲ download လုပ်နိုင် သည့် အစွမ်းရှိသည်။ ၎င်း ဟန်းဆက်၏ အရွယ်အစားမှာ ၄ဒသမ၇ လက်မ ရှိပြီး ရုပ်ထွက် ကြည်လင် ပြတ်သားမှုရှိ သော high definition screen တပ်ဆင်ထားသည်။ Ascend P2 ဖုန်းတွင်1.5 GHz quad-core processor ပါရှိပြီး ကမ္ဘာပေါ်ရှိ လက်ရှိ အချိန်တွင် အဆင့် အမြင့်ဆုံး ဖြစ်သည့် စတုတ္ထ မျိုးဆက် မြန်နှုန်းမြင့် မိုဘိုင်းလ် ကွန်ရက်ကို အသုံးပြုနိုင် ပါသည်။
Huawei ပစ္စည်းသစ်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၅ရက်က ကျင်းပခဲ့သော ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ညီလာခံတွင် စွမ်းဆောင်ရည် ကောင်းမွန်မှုကို ထုတ်ဖော်ပြသခဲ့သည်။
Ascend  P2 ဟန်းဆက်အား ဇွန်လတွင် ပြင်သစ်၌ ဖြန့်ချိသွားမည် ဖြစ်ပြီး ၂ဝ၁၃ခုနှစ် ဒုတိယ လေးလပတ်တွင် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိသွားမည် ဟုသိရသည်။ ၎င်းဟန်းဆက်သည် HD ဇာတ်ကားများကို မိနစ်ပိုင်း အတွင်း download လုပ်နိုင်ပြီး အွန်လိုင်းမှ ဗီဒီယိုများ၊ web page များ၊ တေးသီချင်းများ နှင့် e-Book များကို မူစက္ကန့်ပိုင်း အတွင်း download လုပ်နိုင်စွမ်း ရှိသည်။
Huawei ဟန်းဆက်သစ်သည် လက်ရှိ ကမ္ဘာတွင် လူကြိုက်များ နေသော Apple အမျိုးအစား iPhone 5နှင့် Samsung ကုမ္ပဏီထုတ် Galaxy SIII တို့တွင် အသုံးပြုနေသည့် download လုပ်နိုင်စွမ်း 100Mbps ထက်ပင် ကျော် လွန်နေပါသည်။ Huawei ဟန်းဆက်သစ်တွင် 13 megapixel  ကင်မရာ ပါရှိသည့် အတွက် ရုပ်ထွက် ကောင်းမွန်သည်ကို တွေ့ရသည်။

Posted by စိမ့်စမ်းရေ on Saturday, March 23, 2013

0 comments

Post a Comment