မိဘများ သတိထားစရာ.............။



Kaiden McCormickဆိုတဲ့ ကလေးငယ်ကို မွေးဖွားမယ့် ရက်ထက် ငါးပတ်စောပြီး လမစေ့ဘဲ သူရဲ့မိခင်က မွေးဖွားခဲ့ပါတယ်။

သူရဲ့ဖခင်က သူ့ကို အလွန်ချစ်တာကြောင့် ညတိုင်း ကိုယ်တိုင်ရေချိုး ပေးပြီးနောက် အနမ်းပေးကာ ချီပိုးပြီး သိပ်ပေးတယ်လို့ သိရပါတယ်။

ကလေးငယ် နှစ်ပတ်အရွယ်မှာ နို့ဘူးမစို့တော့ဘဲ ကိုယ်ပူချိန် အနည်းငယ် မြင့်တက်လာတာကို မိဘတွေက သတိထားမိခဲ့ပါတယ်။

အဲဒါဖြစ်ပြီးနောက်မှာပဲ ရုတ်တရက် ကလေးငယ်ဟာ တစ်ကိုယ်လုံး ပြာနှမ်းပြီး အသက်ရှူရပ်တန့်သွားတာကြောင့် အရေးပေါ်ကားကို ခေါ်ကာ ဆေးရုံသွားခဲ့ပါတယ်။

 ဆေးရုံမှာ အသက်ကယ်ဖို့အတွက် အထောက်အပံ့ပေးတဲ့စက် (အသက်ရှူစက်)နဲ့ ခြောက်ပတ်ကြာ နေခဲ့ရပြီးမှ အသက်ရှူရပ်သွားကာ အတက်ဝေဒနာကို ခံစားခဲ့ရပါတယ်။

 ပြီးနောက် ကလေးငယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေအကုန်လုံး အလုပ်မလုပ်တော့တဲ့အတွက် သေဆုံးခဲ့ပါတယ်။

ကလေးငယ်ဟာ ဖခင်ထံမှ ရေယုန်ရောဂါပိုး ကူးစက်ခံရတာကြောင့် အဲဒီလို ဝေဒနာတွေ ခံစားရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

 ရေယုန်ရောဂါပိုးဟာ Herpessimplex ဗိုင်းရပ်စ်ပိုးမွှားကြောင့်ဖြစ်ပြီး လူအများစုကိုယ် အတွင်းမှာ ရှိနေတတ်ပါတယ်။

အနမ်းပေးတာ ဒါမှမဟုတ် နို့တိုက်တာလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

လူကြီးအများစုမှာ ဒီဗိုင်းရပ်စ်ပိုးက ရှိနေတတ်ပြီး ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မပေးတတ်ပေမယ့် နို့စို့ကလေးငယ်တွေ အတွက်မှာမူ ခုခံအားကျဆင်းနေပါက အသက်အန္တရာယ်ရှိနိုင်ပါတယ်။

 မွေးကင်းစ ခြောက်ပတ်အတွင်းမှာ အန္တရာယ်အရှိဆုံးဖြစ်ပြီး ရောဂါကူးစက်ခံရပါက ကလေးငယ်ဟာ နို့မစို့တော့တာ၊ မှိန်းနေတာ၊ အဖျားတက်တာနဲ့ အသံခြစ်ပြီးငိုယိုတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

ဒါကြောင့်မို့လို့ နို့စို့ကလေးငယ်တွေကို မနမ်းသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။


http://www.swesonemedia.org/

Posted by စိမ့်စမ်းရေ on Thursday, March 21, 2013

0 comments

Post a Comment