FB ကို page ထောင်ရင်သိသင့်တာလေးတွေ

ဒီနေ့ ခေတ်ကြီးထဲမှာ ဖေ့စ်ဘုတ်ပေ့ခ်ျတွေ တော်တော်များများ အသုံးပြုလာကြပါပြီ ။ တစ်ချို့ လည်း လူသိများသလို တစ်ချို့ လည်းကြိုးစားနေဆဲပေါ့ ။ အနုပညာ ဟာသ စီးပွားရေး စသဖြင့် မျိုးစုံပေါ့လေ ။ ဒီခါမှ ပေ့ခ်ျတွေ အကြောင်းမသိပဲ ပျက်စီးသွားတာမျိုးတွေ အက်ဒမင်တွေက လွဲပြီးဘယ်သူမှ မမြင်ရတော့တာမျိုးတွေလည်းဖြစ်
တတ်ပါတယ် ။ ဘားကမ့် သွားတုန်းက TechSpace ဂျာနယ်ထဲက ဖတ်ရတာလေးကို မှတ်လာပြီး သိသလောက် မျှဝေပေးခြင်းပါတယ် ။ FB Page တွေ ဒီလိုဖြစ်ရခြင်းက အကြောင်းရင်းတစ်ချို့ ကိုမျှဝေပေးချင်ပါတယ် ။။ ဒီကနေ တစ်ခြား မိတ်ဆွေသူငယ်ချင်းတွေ ပေ့ခ်ျထောင်ထားတဲ့ သူတွေကိုလည်း သိစေချင်လို့ပါ ။
1- Report ခံရခြင်း
ဒါကတော့ သိလို့ ဖြစ်စေ မသိလို့နိပ်မိတာပဲ ဖြစ်စေ အဲဒီလို မန်ဘာတွေ ဖန်တွေက Report ကို ခဏခဏ နိပ်မယ်ဆိုရင် ဖဘရဲ့ ဆာဗာက သိပါတယ် ။ Report တွေ များလာပြီဆိုရင် ဖဘရဲ့ ဆာဗာကနေ ဘန်းလိုက်ပါတယ် ။
2-Advertise your page
ဒီခလုပ်ကို တွေ့ဖူးပေမယ့် အရင်က သေချာမသိပါဘူး ။ သူက ဖဘ ကနေ ပေးထားတဲ့ ဆားဗစ်တစ်ခုပါ ။ ဒါပေမယ့် မြန်မာနိုင်ငံသုံးဖို့ ခွင့်မရသေးပါဘူး ။ ဒါကြောင့် မို့  မသိလို့ပဲဖြစ်ဖြစ် အဲဒီ Advertise your page ဆိုတာကို ခဏခဏ နိပ်မိရင်လည်း ပေ့ခ်ျပျက်သွားတတ်ပါတယ် ။
3- Like Software
Like များများလိုချင်တာနဲ့ အဲလို Software တွေသုံးပြီး အကြံအဖန်လုပ်မယ်ဆိုရင် ဖဘကနေ သိသွားတာနဲ့ ပေ့ခ်ျကို ထိတတ်ပါတယ် ။
4-Virus
ဒီတစ်ခုကတော့ ဗိုင်းရပ်စ် ကိုက်တာပေါ့ ။ သူကတော့ ကိုယ်နိပ်မိတာနဲ့ ကိုယ်မလုပ်ပဲ အော်တို သူများဝေါ်တွေပါလင့်ခ်တွေရောက်သလိုမျိုး Link ပုံစံ ဗိုင်းရပ်စ်ရှိသလို သေချာမသိတဲ့ Application တွေကို သုံးမိရင်လည်း ဗိုင်းရပ်စ် ကိုက်ခံရတတ်ပါတယ် ။ အထူးသဖြင့်တော့ မြန်မာနိုင်ငံက ခွင့်မပြုတဲ့ Application တွေ များကြီးရှိပါတယ် ။ အဲဒါတွေကို ထပ်ကာ ထပ်ကာ နိပ်မိမယ်ဆိုရင် လည်း ပေ့ခ်ျထိခိုက်တတ်ပါတယ် ။
5- Admin
ဒီတစ်ခုကတော့ အက်ဒမင်တွေကိုယ်တိုင်ပေါ့ ။ ပေ့ခ်ျတော်တော်များများက တစ်ယောက်ထဲ ကိုင်တာရှားပါတယ် ။ သူငယ်ချင်းသုံးလေးယောက်စုလုပ်ကြတာများပါတယ် ။ အက်ဒမင်တွေထဲက တစ်ယောက်ယောက်က ဖောက်ပြီး Unpublish Page ကို နိပ်မယ်ဆိုရင်လည်း ပေ့ခ်ျက ပျက်သွားမှာဖြစ်ပါတယ် ။ ။
နောက်ထပ်သိရသေးတာက အဲလိုပေ့ခ်ျ Unpublish ဖြစ်သွားမယ်ဆိုရင် Facebook ဆီကို Appeal အသနားခံစာပေါ့နော် တင် ပြီးရင် 2 ရက် 48 နာရီ မကိုင်ပဲထားမယ်ဆို အဆင်ပြန်ပြေနိုင်တယ်လို့လည်း သိရပါတယ် ။ ဒါပေမယ့် အာမ မခံဘူးပေါ့နော် မသေချာဘူးလို့ သိရပါတယ် ။ ဒီတော့  "ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းသည် " ဆိုတဲ့ စကားလိုပဲ ကြိုတင်ကာကွယ်နိုင်ဖို့ TechSpace ဂျာနယ်ကနေ သိသမျှ မှတ်သမျှ ကူးလာသမျှကို တစ်ဆင့်ပြန်မျှဝေလိုက်ရပါတယ် ။ ။ ပေ့ခ်ျထောင်ထားတဲ့ တစ်ခြား သူငယ်ချင်းတွေလည်း အဆင်ပြေနိုင်ပါစေ ။ ..................... ။
Credit: Funny World
 
 

Posted by စိမ့်စမ်းရေ on Tuesday, February 19, 2013

0 comments

Post a Comment