hardware device



ကွန်ပျူတာနည်းပညာကို စတင်လေ့ လာလိုက်စားတဲ့ မိတ်ဆွေများအတွက် ကျွန်တော် Hardware မှာပါတဲ့ အစိတ်အပိုင်းတွေအကြောင်းကို တီးခေါက်မိသလောက်ရေးပေးသွားပါမယ်။ ကွန်ပျူတာတစ်လုံးမှာ ဘယ်လို Physical Device မဆို Hardware လို့ ခေါ်ပါတယ်။ မျက်မြင်ထိတွေ့ လို့ ရတဲ့  အစိတ်အပိုင်းတွေအားလုံးပေါ့ ဗျာ။ အသေးစိတ်ရယ်လို့ မဟုတ်ပဲ Hardware device နဲ့ ပတ်သက်ပြီး မျက်စိထဲမြင်အောင်ပဲဖော်ပြပေးသွားမှာပါ။ဥပမာ Microprocessor (CPU) လို့ ဆိုလိုက်ရင် ဘယ်လို ပုံစံရှိတယ်၊ ဘယ်လို အသုံးဝင်သလဲဆိုတာသိရုံလောက်ပါဘဲ။ နောက်ပြီး Buy Guide လဲဖော်ပြပေးထားပါတယ်။

Hardware မှာပါဝင်တာကို ကြည့်မယ်ဆိုရင်

1. Monitor
2. Motherboard
3. CPU
4. RAM
5. Expansion Cards
6. Power Supply
7. Optical disk drive
8. Hard Disk Drive
9. Keyboard
10. Mouse
11. Casing တို့ ဖြစ်ပါတယ်။

အရင်ဦးဆုံး Motherboard အကြောင်းကိုလေ့ လာကြည့်ရအောင်

Motherboard

motherboard



ကွန်ပျူတာတစ်လုံးရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းရယ်လို့ ဆိုလိုက်ရင် Motherboard ကိုပဲရည်ညွန်းရမှာဖြစ်ပါတယ်။ တစ်ချို့ က main board,system board စသဖြင့်အမျိုးမျိုးခေါ်ဆိုကြပါတယ်။ Motherboard ပေါ်မှာ Memory (RAM) Slot ၊ Graphic card စိုက်ဖို့ အတွက် AGP Slot (အခုနောက်ပိုင်း PCI-E Slot ကိုပဲအတွေ့ များပါတယ်)၊ Power Supply နဲ့ ချိတ်ဖို့ အတွက် 20Pin,24Pin  connecter တွေ၊ CPU Slot ၊ Network,Modern,Sound,Capture,TV-Tuner တို့ ကိုထပ်စိုက်ဖို့ အတွက် PCI Slot(နောက်ပိုင်းမှာ PCI – X Slot နဲ့ အစားထိုးလာပါတယ်)၊ နောက်ပြီး Had disk နဲ့  DVD Drive တို့ ချိတ်ဆက်ဖို့  SATA ၊ IDE စသည့်အစိတ်အပိုင်းအားလုံးတို့ သည့်  တိုက်ရိုက်သော်လည်းကောင်း၊ (Cable မှတစ်ဆင့်) သွယ်ဝိုက်၍သော်လည်းကောင်း Motherboard နဲ့ လာရောက်ဆက်သွယ်ရပါတယ်။ ဘယ်လိုပဲတပ်တပ် အဲဒီအစိတ်အပိုင်းအားလုံးကတော့ တစ်ခုနဲ့ တစ်ခု Motherboard မှတစ်ဆင့် အပြန်အလှန်ဆက်သွယ်ကြရပါတယ်။ကွန်ပျူတာတစ်လုံးရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်လို့  Motherboard ကို အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုလို့ ခေါ်ဆိုသတ်မှတ်ရတာဖြစ်ပါတယ်။

အောက်ပါပုံများမှာ MSI, Gigabyte, Asus ကထုတ်တဲ့  Motherboard များဖြစ်ပါတယ်။

MSI Motherboard

MSI Motherboard

ASUS Motherboard

Asus Motherboard

Gigabyte Motherboard

Gigabyte Motherboard

Buying Guide

Motherboard ကိုဝယ်ယူတော့ မယ်ဆိုရင် ဘယ်လို Processor (CPU) နဲ့ Memory (RAM) တို့ကိုတပ်ဆင်အသုံးပြုမှာလဲပေါ်မူတည်ပြီးရွေးချယ်ရမှာဖြစ်ပါတယ်။
Processor နဲ့  Memory အမျိုးအစားအသစ်တစ်ခုထွက်တိုင်း ထို Processor နဲ့  Memory တို့ ကို တပ်ဆင်အသုံးပြုနိုင်မယ့်  Motherboard အမျိုးအစားမော်ဒယ်အသစ်ကိုလည်းထုတ်လုပ်ရောင်းချကြပါတယ်။ Motherboard ကို ထုတ်လုပ်တဲ့  Company တွေကတော့  MSI,ASUS,Gigabyte,Asrock,Ecs,Biostar,Intel တို့ ဖြစ်ပါတယ်။



အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ…

Posted by စိမ့်စမ်းရေ on Saturday, December 22, 2012

0 comments

Post a Comment