Desktop ပေါ်က File Name တွေအောက်မှာ  color တွေပေါ်နေရင် ကြည့်ရတမျိုးဖြစ်လို့ မဖြစ်စေချင်ရင်ပေါ့ အဲဒါလေးကို ပြင်လို့ရပါတယ်။

ဒါပေမယ့်လဲ တချို့ကျတော့ အဲလိုမျိုးလေးကိုက နှစ်သက်တဲ့သူတွေက ရှိသေးတာကိုနော် :)  တချို့ကျတော့လဲ Virus လို့ပြောကြပါတယ် Virus ကြောင့်လဲ တခါတလေ ဖြစ်တတ်ပါတယ် ..

ခုနည်းအတိုင်း ရှင်းလင်းကြည့်မယ်ဆိုရင်တော့ အဆင်ပြေသွားမယ်လို့ ကျွန်တော်ထင်ပါတယ် ကျွန်တော် ခေါင်းရှုပ် အဖြေရှာခဲ့တာကတော့ Window xp sp2 မှာပါ တခြား Window တွေမှာတော့ ဖြစ်လေ့ဖြစ့်ထမရှိဘူးလို့ထင်တာပဲ ကျွန်တော်လဲ မကြုံဖူးလို့လေ ...

ကဲ အောက်က ပြောပြမယ့် နည်းလေးအတိုင်း window xp မှာ စမ်းသပ်ကြည့်ကြတာပေါ့ဗျာ ..

Desktop  -> My Computer  ပေါ်တွင် right click ပေးပါ -> Properties ( System Properties ) မှတဆင့် Advance tap -> Performance section အောက်က settings ကို Click လုပ်ပါ box တခုပေါ်လာပါလိမ့်မယ် အဲသည်အထဲက " Use drop shadows for icon labels on the desktop " ဆိုတာလေးကို click ပေးပြီး  Box ကိုပိတ်လိုက်ပါ အဆင်ပြေလိမ့်မည်လို့ ထင်ပါတယ်

ဒီလိုမှ မရသေးဘူးဆိုရင်တော့ ?

Desktop ပေါ်မှ Right click ပေးပြီး properties မှ Display Properties box တတ်လာရင် Desktop tap ကိုထပ်သွားပါ အဲဒီရဲ့ အောက်နားက  Customize Desktop ကို ဆက်သွားရင်  Desktop Items box တက်လာမယ် Web Tab ကိုထပ်သွားလိုက်ပါအုံး အဲဒီထဲကမှ My Current Home Page ကလွဲရင်ကျန်တာ Delete လုပ်လိုက်ပါ ဒါဆိုရင်တော့ ပေါ်နေတဲ့ color တွေ ပျောက်သွားပြီလို့ မျှော်လင့်ပါတယ် ....

ref: ( http://mmitfriendships.org/index.php?topic=2359.0)

Posted by စိမ့်စမ်းရေ on Saturday, October 20, 2012

0 comments

Post a Comment