CDMA 800 နှင့် 450 ဖုန်းများတွင်ပါ My Ring Tune သုံးနိုင်ပြီ



My Ring Tune Service ကို CDMA 800 MHz နှင့် 450 MHz ဖုန်းလိုင်းများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီဖြစ်သည်။

09-47, 49, 73, 91 ဖြင့် စသော ဖုန်းများအတွက် စတင်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း ၀၉-၇၃၁၇၄၄၅၅ သို့ ဝန်ဆောင်မှုယူလိုသော Mobile ဖြင့် Yes ဟု ရိုက်၍ SMS ပေးပို့ပြီး ဝန်ဆောင်မှုရရှိနိုင်ကြောင်း My Ring Tune မှ သိရသည်။

သုံးစွဲသူများထံမှ Yes (SMS) ရရှိပြီးပါက ၂၄ နာရီအတွင်း register အောင်မြင်ကြောင်း SMS ကို ၁၇၇ မှ ပြန်လည်ပေးပို့ပြီး My Ring Tune Service မှ သုံးစွဲသူတို့ စိတ်ကြိုက်ရွေးချယ်ထားသော ring tung များကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

My Ring Tune မှ သီချင်းသံစဉ် ၁၀ ပုဒ်အထိ ဝယ်ယူအသုံးပြုနိုင်ပြီး နောက်ထပ် ထပ်မံအသုံးပြုလိုပါက အသုံးမပြုလိုသော သီချင်းသံစဉ်များကို ပယ်ဖျက်ကာ သံစဉ်အသစ်များကို ပြောင်းလဲ အသုံးပြုနိုင်ကြောင်း သိရှိရသည်။

ဝန်ဆောင်ခ နှုန်းထားများမှာ လစဉ်ကြေး ကျပ် ၂၀၀၀ နှင့် သီချင်းသံစဉ် တစ်ပုဒ်လျှင် ကျပ် ၃၀၀ ဖြင့် ဝန်ဆောင်မှု ရယူနိုင်ပြီး နောက်လများတွင် လစဉ်ကြေး ကျပ် ၂၀၀၀ ကိုသာ ကောက်ယူကာ သီချင်းသံစဉ် ထပ်မံဝယ်ယူမှသာ ပေးဆောင် ရမှာဖြစ်ကြောင်းနှင့် ဝန်ဆောင်ခများကိုလည်း သုံးစွဲသူတို့၏ မိုဘိုင်းဖုန်းဘီလ် ကတ်ထဲမှ ကောက်ခံသွားမည်ဟု သိရသည်။

 My Ring Tune မှ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ သီချင်းသံစဉ်များနှင့် Special ring tune အနေဖြင့် သင်္ကြန်သီချင်း၊ ခရစ္စမတ်သီချင်းနှင့် Melody များကိုလည်း အသုံးပြု၍ ရနိုင်ပြီး သံစဉ်ရွေးချယ် ပြောင်းလဲအသုံးပြုလိုပါက My Ring Tune Service hotline နှင့် ဆက်သွယ်ပြောင်းလဲနိုင်သည် သာမက My Ring Tune Website ဖြစ်သော www.myringtuneonline.com.mm သို့ ဝင်ရောက်ပြီး မိမိတို့ကြိုက်နှစ်သက်ရာ သံစဉ်များကိုလည်း ရွေးချယ်အသုံးပြုနိုင်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။   

        http://www.khitlunge.org.mm/news/news_detail.aspx?info_id=27271


Posted by စိမ့်စမ်းရေ on Friday, October 5, 2012

0 comments

Post a Comment