ကွန်ပျူတာ ကိုသော့နှစ်ထပ် ခတ်မယ် ဟေ့



User Account ကို Password ပေးပြီး ကွန်ပြူတာကို သော့ခတ်တာ လူတိုင်းသိပေမယ့် Syskey ကို အသုံးပြုပြီးတော့ ကွန်ပြူတာကို Password ပေးပြီး သော့နောက်တစ်ချောင်း ထပ်ခတ်လို့ရသေးတယ် ဆိုတာတော့ တော်တော်များများ သတိမထားမိကြသေးပါဘူး။

ဒီတော့ Syskey ဆိုတာ ဘာများပါလဲဆိုရင် Startup Key ကို ဆိုလိုခြင်းဖြစ်ပါတယ်။
Windows ရဲ့ User Account Password အပြင် အဲ့ဒီ User Account Password ကိုပါ ထပ်ပြီးလုံခြုံအောင် လုပ်ပေးတဲ့ Windows ရဲ့ Application တစ်ခုလို့ပြောလို့ ရပါတယ်။

ရှင်းအောင် ထပ်ပြောရမယ်ဆိုရင် Syskey ကို အသုံးပြုပြီး Password ပေးထားတဲ့ကွန်ပြူတာကို User Account Password တစ်ခုတည်းသိထားရုံနဲ့ အဲ့ဒီကွန်ပြူတာကို ကျွန်တော်တို့ ဖွင့်လို့မရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ Boot လုပ်ပြီး Windows Screen ကြီးတန်းပေါ်လာတာနဲ့ Syskey password ကို အရင်တောင်းပါတယ် ပြီးမှ User Account Password ကိုတောင်းပါတယ် Syskey Password နဲ့ Usr Account Password နှစ်ခုလုံးသိပါမှ ကျွန်တော်တို့ အဲ့ဒီ ကွန်ပြူတာထဲကို ၀င်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ အိမ်တစ်အိမ်ကို သော့နှစ်ထပ်ခတ်သလို ပိုလုံခြုံတာပေါ့ဗျာ ဟုတ်တယ်မလား။

ကဲနည်းနည်းတော့ စိတ်ဝင်စားသွားကြပြီမလား။ Windows XP နဲ့ Windows 7 မှာပါ လုပ်နည်းက အတူတူပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ Windows 7 နဲ့ နမူနာပြထားပါတယ်ခင်ဗျာ့။ ကဲ Syskey အကြောင်းဆက်ကြတာပေါ့။.

Syskey Password ပေးမယ်ဆိုရင် Run Box ကို အရင်ခေါ်ရပါမယ်။ Start Menu မှာရှိတဲ့ Run ကို Click နှိပ် လိုက်ပါ ဒါမှမဟုတ် Windows Key+R ပေါ့ဗျာ။ အဲ့ဒီနောက် Run Box ကျလာတဲ့အခါ syskey လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ အဲ့ဒီအခါမှာ Securing the Windows Account Database Box ကျလာပါလိမ့်မယ်။ အဲ့ဒီ့မှာ Encryption Enabled ဆိုတာ select မှတ်ပြီးသားဖြစ်နေပါလိမ့်မယ်။

ဘာမှစဉ်းစားမနေနဲ့ Update ကိုသာ Click နှိပ်လိုက်ပါ။ Update ကို Click နှိပ်လိုက်တဲ့ အခါမှာ Startup Key ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီ Box ကျလာတဲ့ အခါ Password Startup ကို ရွေးပြီး Password နေရာမှာ ကိုယ်ပေးချင်တဲ့ Password ရိုက်ထည့်လိုက်ပါ။ Confirm နေရာမှာလည်း ပေးထားတဲ့ Password ကိုပြန်ရိုက်ထည့်လိုက် ရုံပါပဲ။ ပြီးရင် Ok ကို Click နှိပ် ပြီး Windows ကို Restart ပြန်ချလိုက်ပါ။

Windows ပြန်တက်လာတဲ့ အခါကျလို့ရှိရင် Syskey Password အရင်တောင်းတာကို ကျွန်တော်တို့တွေ့ ရမှာပါ။ ကျွန်တော်တို့ Syskey Password ရိုက်ထည့်လို့မှန်မှ Windows ရဲ့ User Account Password လာတောင်းတဲ့ အဆင့်ကို ရောက်မှာဖြစ်ပါတယ်။ ဒါဆိုရင် Syskey နဲ့ Password ပေးတာပြီးသွားပါပြီ။ အဲ သဘောမကျလို့ ပြန်ဖျက်ချင်တယ်ဆိုရင်တော့ Run Box ကိုပြန်ခေါ်ပြီး အစောကအတိုင်း အဆင့် ဆင့်ပြန်သွားလိုက်ပါ။

အပေါ်မှာပြထားတဲ့ အတိုင်း Startup Key Box ပြန်ကျလာတဲ့ အထိသွားပြီးမှ အဲ့ဒီမှာပါတဲ့ System Generated Password ကို Select မှတ်လိုက်ပြီး အဲ့ဒီမှာ Store Startup Key Locally ကို ရွေးပြီးတော့ Ok နှိပ်ပြီး Windows ကို Restart ပြန်ချလိုက်ပါ။ Syskey password မတောင်းတော့တာကို တွေ့ရပါ လိမ့် မယ်။ ကဲ ဒီလောက်ပါပဲခင်ဗျာ။


ref: ( http://www.shwemyotaw.com/forum/topic/show?id=5442636%3ATopic%3A5183216&xgs=1&xg_source=msg_share_topic )

Posted by စိမ့်စမ်းရေ on Friday, October 5, 2012

0 comments

Post a Comment