ရွှေဝါရောင် M စာလုံးကြီးကြီး ဆိုင်းဘုတ်ကိုမြင်တာနဲ့ ကမ္ဘာကျော် မက်ဒေါနယ် (McDonald's) ရဲ့ ဟမ်ဘာဂါကို ချက်ခြင်းသိကြပါတယ်။ McDonald ဟမ်ဘာဂါကုမ္ပဏီရဲ့ ဒီနှစ် ပထမသုံးလပတ် ရောင်းကြေးဟာ ဒေါ်လာ ၆.၅၄ ဘီလီယံ ရှိပြီး ရောင်းအား ၇.၃% မြင့်ခဲ့ပါတယ်။ ဒါ့အပြင် McDonald နဲ့ ပတ်သက်ပြီး လူအများမသိသေးတဲ့ အံ့သြစရာကောင်းတဲ့ အချက်လေးတွေ ရှိကြပါတယ်။ ကဲ.. ကြည့်ကြရအောင် ဘာတွေများလဲလို့ ..။

၁။ နေ့စဉ်နေ့တိုင်း McDonald ဆိုင်တွေကို ရောက်လာတဲ့ ဧည့်သည်တွေ ၆၂ သန်း ရှိပါတယ်။ ဒီအရေအတွက်က အင်္ဂလန်နိုင်ငံရဲ့ လူဦးရေထက် ပိုပါတယ်။

၂။ စက္ကန့်တိုင်းမှာ McDonald ဟမ်ဘာဂါ အလုံးပေါင်း ၇၅ လုံး ရောင်းနေရပါတယ်။

၃။ တစ်ရက်တိုင်းမှာ McDonald က လူပေါင်း ၆၈ သန်းကို ကျွေးပြီး ကမ္ဘာ့လူဦးရေရဲ့ ၁% ရှိပါတယ်။

၎။ McDonald ရဲ့ နှစ်စဉ်ရောင်းရငွေက ဒေါ်လာ ၂၇ ဘီလီယံဖြစ်ပြီး ကမ္ဘာပေါ်မှာ နံပတ် ၉၀ မြောက်အကြီးမားဆုံး စီးပွားရေးဖြစ်ပါတယ်။

၅။ စုစုပေါင်း အလုပ်သမား ၇၆၁၀၀၀ ရှိပြီး Luxembourg မြို့ လူဦးရေထက် များပါတယ်။

၆။ ကုမ္ပဏီရဲ့ ခန့်မှန်းချက်အရ အမေရိကန် အလုပ်သမားရဲ့ ၈ ယောက်ထဲမှာ ၁ ယောက်က McDonald မှာ အလုပ်လုပ်ဖူးပါတယ်။

၇။ မင်းသမီး Sharon Stone ၊ အဆိုတော် Shania Twain နဲ့ Pink ၊ တီဗီလူရွှင်တော် Jay Leno တို့အားလုံး နာမည်မကျော်ကြားခင်မှာ McDonald မှာ အလုပ်လုပ်ခဲ့ ကြပါတယ်။

၈။ Research International ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ McDonald ရဲ့ M လိုဂို နဲ့ ခရစ်ယာန်ဘာသာ Cross တံဆိပ် အမှတ်အသား ကို ပြသရာမှာ ဖြေဆိုသူရဲ့ ၈၈%က McDonald ကို သိကြပြီး ၅၄% လောက်ကသာ Cross အမှတ်အသားကို သိကြပါတယ်။

၉။ အင်္ဂလန် Slough မြို့မှာ အင်္ဂလန်ဘုရင်မ ပိုင်ဆိုင်တဲ့ McDonald ဆိုင်ခွဲလေး တစ်ခုလည်း ရှိပါတယ်။

၁၀။ လာမဲ့ ၃ နှစ်အတွင်းမှာ McDonald က တရုတ်ပြည်ရဲ့ မြို့တိုင်းမှာ တစ်နေ့ကို တစ်ဆိုင် ဖွင့်သွားမယ်လို့ ဆိုပါတယ်။

၁၁။ McDonald က နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ delivery ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှု ရှိပါတယ်။

၁၂။ အမေရိကန်လူမျိုးများဟာ တစ်နှစ်ထဲမှာ McDonaldဟမ်ဘာဂါကနေ အမဲသားအချိန် ပေါင် ၁ ဘီလီယံ စားသုံးကြပြီး၊ အဲဒါဟာ နွားအကောင်ရေ ၅.၅ သန်းနဲ့ ညီမျှပါတယ်။

(Ref; Business Insider, April 20)

Credit ☛ Myitkyina Online
_____________________

Posted by စိမ့်စမ်းရေ on Wednesday, September 26, 2012