သတိထားစရာလေးတွေ...................။






“ အဆင်ပြေလား..ညီမလေး..”
လမ်းသွားရင်းနဲ့ လှမ်းမေးလိုက်သံကြောင့် ကျွန်မ ဘေးဘီဝဲယာကို မျက်စိကစားလိုက်ပါတယ်။ တစ်လမ်းထဲ အတူနေ အမတစ်ယောက်က မေးလိုက်ခြင်းပါ။
ဘာကိုဆိုလိုတယ်ဆိုတာတော့.... မိမိတို့ဘာသာပဲသိတယ်လေ............။

ခေါင်းလေးကို အသာညှိမ့်ပြလိုက်ရင်း........ပြုံးပြလိုက်တဲ့ အပြုံးလေးကိုတော့ ကိုယ့်ဘာသာ နာမည်ပေးလိုက်ပါတယ်............... မချိပြုံးလို့..........။

ရက်ဆက် ရွာနေတဲ့မိုးကြောင့် စိတ်ပျက်ရတာ ခဏခဏပါပဲ.. သွားရေးလာရေးကစလို့... နေရေးထိုင်ရေးပါ ထိခိုက်လာတော့.. မိုးရွာတာကိုပင်..စိတ်က သိပ်မကြိုက်ချင်တော့..။

ပူလောင်လှတဲ့ နွေရာသီ မြန်မြန်ကုန်ပါစေတော့လို့ ဆုတောင်းနေတုန်းကလည်း ကိုယ်ပဲမဟုတ်လား..။
ရွာပြန်တော့လဲ ခဏလောက် ရပ်ပေးပါလို့တော့... မပြောချင်တော့ဘူးလေ..။

ကျွန်မတို့အိမ်က လမ်းရှည်တစ်ခုရဲ့ အနိမ့်ပိုင်းကျတာမို့ မိုးလေးများ ရွာလိုက်ရင်ကို ရေက ခဏချင်းနဲ့ကို တက်လာတာ...။ ရေပတ်လည် ၀န်းရံနေတဲ့ မြို့ငယ်လေးဆိုတော့ ရေတက်ရေကျ ဆိုတာလည်းရှိပါသေးတယ်...။

မြေကြီးနဲ့ အိမ်နဲ့ နီးကပ်လာတော့ အန္တရာယ်တွေကလည်း ၀န်းရံလာတော့တာ......။  အင်းဆက်လေးတွေက စလို့....... အကောင်ကြီးကြီးတွေပါ ခဏခဏ အလည်ရောက်လာတတ်နေပြီလေ...။

“ မေကြီး...မြွေကြီး............မြွေကြီး....”

ရုတ်တရက် လန့် အော်လိုက်တဲ့ သမီးငယ်ရဲ့ အသံကြောင့် ကျွန်မ ထမင်းချက်နေရာကနေ အသာလေး သွားကြည့်လိုက်ပါတယ်...

သမီးငယ်ကို ပွေ့ချီလိုက်ပြီး......... တုတ်တစ်ချောင်းနဲ့အသာလေး တို့လိုက်ရင်း....စိတ်ထဲကနေလည်း...
နင့်လမ်း..နင်သွား... ဆိုတာကို ဘာလို့များ မသိစိတ်က ...ရွတ်နေမိပါလိမ့်...။


“ ဟဲ့..ဟဲ့..သမီး...... နေပါစေ... ညည်းကလည်း.... အဲဒါ ငွေ ၀င်တာ ဟဲ့...”

 “ အမေကလည်း ဒီလောက်အန္တရာယ်ကြီးကို၊ မတော်တဆ........”

ဆက်ပြောဖို့ ကျွန်မမှာ အားမရှိတော့ပါ။ အသက်အရွယ်ကြီးတဲ့ မိဘတွေနဲ့ အတိုက်အခံ ဖြစ်ရတာက ဒီတစ်ခါတည်းမှ မဟုတ်ဘဲလေ..............။



ကြိုးစားပါဦးမည်.....။





Posted by စိမ့်စမ်းရေ on Tuesday, July 17, 2012