ဘလော့ဂ်များ ဖတ်ရန်........

(http://www.latestblognews.com)

နိုင်ငံအသီးသီးက ဘလော့ဂ်ဂါတွေရေးသားထားတဲ့ ဘလော့ဂ်သစ်တွေကို အမြဲဖတ်ရှုနိုင်မယ့် ၀က်ဆိုက် ဖြစ်ပါတယ်။ ဘလော့ဂ်တွေကို နေ့စဉ်တင်ပေးထားပြီး နေ့စွဲအလိုက်လည်း ခွဲခြား ဖော်ပြပေးထားတာကြောင့် အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ရေးသားသူ၊ ရေးသားတဲ့အချိန်နဲ့ နေ့စွဲကိုပါ တွဲဖက်ဖော်ပြထားပြီး ဘလော့ဂ်အမျိုးအစား တွေကိုလည်း  ခွဲခြားပေးထားပါတယ်။ ဘလော့ဂ်ဂါတွေနဲ့ အခြား ၀က်ဘ်ဆိုက် အသီးသီးက တင်ပေးလာတဲ့ ဘလော့ဂ်တွေကို လက်ခံဖော်ပြပေးတားတာဖြစ်ပြီး စာဖတ်သူတွေ အဆင်ပြေစေဖို့အတွက် စာလုံးအရွယ်အစားနဲ့ စာလုံး အမျိုးအစား၊ စာမျက်နှာ ဖွဲ့စည်းပုံတွေကိုလည်း ပြင်ဆင်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ နေ့စွဲတွေအလိုက်အလွယ်တကူ ပြန်လည်ရှာနိုင် ရုံသာမက ဘလော့ဂ်ခေါင်းစဉ်နဲ့ ဘလော့ဂ် အမျိုးအစားအလိုက်လည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဖော်ပြတဲ့အချိန်၊ အမျိုးအစားနဲ့ ရေးသားသူအလိုက်လည်း သီးသန့်ရှာဖွေနိုင်ပါသေးတယ်။

Posted by စိမ့်စမ်းရေ on Sunday, May 13, 2012