from ( http://www.zwekapinmyae.com/profiles/blogs/mouse-1 )

လူတွေက မိမိတို့ အားသန်ရာ ကို ပဲ အသုံးပြုချင်ပါတယ်။
မွေးကတည်းက ဘယ်လက်ကိုပဲသုံးတတ်တဲ့သူဟာ ကွန်ပျူတာမောက်စ်ကို ညာနဲ့ကိုင်ရတယ်ဆိုရင် အတော်လေး ကသိကအောင့်နိုင်မယ်ထင်ပါတယ်..။
ကျွန်တော်တင်ပြတဲ့နည်းလေက မောက်စ်function တွေ landscape တွေပါ အားလုံးဘယ်ကို ပြောင်းသွားမှာပါ ။
စမ်းကြည့်လိုက်ပါ

အဆင့် ၁။ Start Menu မှတစ်ဆင့် Control Panel ကိုသွားပါ
အဆင့် ၂။ Control Panel ထဲ မှ Mouse control ကိုသွားပါ ။
အဆင့် ၃။ Mouse Control ထဲမှ switch primary and secondary button ကို ကလစ်ပေးလိုက်ပါ ။

အဲဒါဆိုရင်တော့ ဘယ်ကျော်သမားအတွက် မောက်စ် ရဲ့ left click ဟာ လက်ညှိုးကို ရောက်သွားသလို right click ကလည်း ညာဘက်မှာကိုင်တဲ့ပုံစံအတိုင်း လက်ခလယ်ကိုရောက်သွားပါပြီ...။

နောက်တစ်ခုကတော့ ညာလက်နဲ့မောက် ကို right click ပေးတဲ့အခါမှာ User ရဲ့ ညာဘက်မှာ ပေါ်ပါတယ် ။
ဒါကိုလည်း ဘယ်အသုံးပြုရဲ့ ဘယ်ဘယ်မှပေါ်အောင် ထပ်လုပ်လိုက်ပါ့မယ်။
အောက်ပါ အတိုင်းလုပ်ဆောင်ကြည့်ပါ။

အဆင့်၁ ။ start menu မှတဆင့် control panel ကိုသွားပါ။
အဆင့်၂ ။ control panel မှတဆင့် table pc setting ကိုဝင်လိုက်ပါ။
အဆင့်၃ ။ right handed ကိုကလစ်ပေးလိုက်ပါ ။

အဲဒါဆိုရင်တော့ အားလုံးအဆင်ပြေသွားပါပြီ...။
မောက်စ်ကို ဘယ်နဲ့ကိုင်လို့ရသလို ညာဘက်မှာကိုင်အသုံးပြုတဲ့အတိုင်း အားလုံးက ပုံစံတူသွားပါပြီ...။
သိပြီးသူများဆို sorry ပါ..........

Posted by စိမ့်စမ်းရေ on Tuesday, April 24, 2012

0 comments

Post a Comment