အားလုံးမင်္ဂလာပါနော်

ပို့စ့်တွေမတင်ဖြစ်တာကြာနေပြီဆိုတော့ မေ့များမေ့နေကြပြီလားမသိနော်....

အင်း.. ဒီနေ့တော့..

gmail မှာ အသင့်ပါလာတဲ့ ဘာသာပြန်လေးအကြောင်း လျှောက်လုပ်ကြည့်ကြရင် မကောင်းဘူးလားနော်......
သူက အသံထွက်လေးပါ ပါတော့ မဆိုးဘူးလို့ပြောရမယ်...။

တခြား ဘာသာပြန် ဆော့ဝဲတွေမရှိ၇င်လည်း သူက သုံးလို့ရတယ်ဆိုတော့ အကောင်းသားနော်....

ကဲ စကြမယ်..။

1. မိမိတို့ရဲ့ g mail ကို အရင်ဖွင့်လိုက်ပါ။
2. အပေါ်ဆုံး ခေါင်းစည်းကို ကြည့်လိုက်ရင်.. Search, Images, Maps .......... စသည်ဖြင့် မြင်ကြရမှာပါ။ အဲ့ဒိမှာ Translate

ဆိုတာလေးကို မြင်ကြရမှာပါ။
အကယ်လို့ မမြင်ရဘူးဆိုရင်တော့ More အခန်းထဲသာသွားပြီး အဲ့ဒိ Translate ကို ကလစ်လေး လုပ်လိုက်ပါနော်။


3. သူဇာ့ရဲ့ gmail မှာလဲ Translate က အသင့်မပါတဲ့အတွက် More အခန်းကိုပဲ သွားလိုက်ရပါတယ်။

4. Translate ကို ကလစ်လုပ်လိုက်ပြီဆိုရင်တော့ Googel Translate ဆိုပြီး နောက်ထပ် Tab တစ်ခုအနေနဲ့ ပေါ်လာပေးမှာပါ။

5. From ဆိုတဲ့နေရာမှာ မိမိဘာသာပြန်လိုတဲ့ ဘာသာကို ရွေးပေးရပါမယ်။
ဥပမာ- English ကို ရွေးပြီးပြီဆိုရင် အောက်က အကွက်ထဲမှာ အင်္ဂလိပ်လို ရေးလိုက်ပါ။


6. To ဆိုတဲ့နေရာမှာလဲ ဘယ် ဘာသာကိုပြောင်းချင်လဲဆိုတာကို ရွေးပေးရုံပါပဲ။
ဥပမာ - Chinese ကို ရွေးလိုက်တယ်ဆိုပါဆို.......

ဒါဆိုရင်တော့

သူက အင်္ဂလိပ်ဘာသာကနေ တရုပ်ကိုပြောင်းပေးမှာပါ။

အော်.. Translate ဆိုတာလေးကိုလဲ နှိပ်ဖို့မမေ့ကြနဲ့နော်... တစ်ခါတလေကျတော့ နှိပ်ပေးစရာကို မလိုတာ.. တန်းပြီး

ပေါ်လာတာပဲ....

ကဲ .. ဘယ်လောက်အဆင်ပြေသလဲ....


အသံနားထောင်ချင်ရင်တော့ speaker ပုံစံလေးကိုသာ ကလစ်လိုက်ပါနော်။
အရမ်းလွယ်နေတော့ ပုံလေးတွေ မထည့်ပေးတော့ဘူးနော်...။

အားလုံးအဆင်ပြေကြပါစေ..
သူဇာလေး (စိမ့်စမ်းရေ)

Posted by စိမ့်စမ်းရေ on Wednesday, April 18, 2012

0 comments

Post a Comment