မူရင်းလင့် ( http://www.voiceofdaegu.org/2012/03/copy-software.html )

အကုန်လုံးကို ပြန်ကူးပြီး ဖော်ပြပေးထားတာပါ။



ဘက်စုံအမြန်နှုန်းမြင့်တဲ့ program လေးတွေကို အာရုံကျနေတဲ့ အတွက်ကြောင့် File transfer လုပ်တဲ့ ( Copy ကူးတဲ့ ) program လေးတစ်ခုကို ထပ်မံညွှန်းဆို လိုက်ပါတယ် ၊

Windows ရဲ့ မူလ Feature ထက်အပုံကြီး အများကြီး မြန်ဆန်ပြီး သာလွန် ကောင်းမွန်ပါတယ် ၊ Giga byte တော်တော်များများ ရှိတဲ့ ဖိုင်အကြီးကြီးတွေကို ကူးပြောင်းတဲ့ အခါမှာ မူလ၀င်းဒိုးရဲ့ built-in function အတိုင်းဆို စိတ်မရှည်စရာ ငြီးငွေ့စရာပါ ၊ အခုဒီ program လေးနဲ့ဆို Hard disk တစ်ခုလုံး ကူးစေဦးတော့ မျက်လှည့်ပြလိုက်သလို အလိုအလျောက် (Automagically) မြန်နှုန်းမြင့် ကူးပြောင်း ရောက်ရှိသွားပါလိမ့်မယ် ၊ Install လုပ်ထားဖို့ပဲလိုပြီး ဘာမှ ခေါင်းစားစရာ မလိုတဲ့ program လေးပါ ၊ ကိုယ်တိုင်လည်း သုံးကြည့်ပြီး ထိပ်တန်း software review website တွေရဲ့ ညွှန်းဆိုချက်တွေလည်း ရှိတာကြောင့် စိတ်တိုင်းကျ ဖြစ်စေနိုင်ပါတယ်..

File ကို ကူးနေရင်းနဲ့ pause (ရပ်ထား) လို့ရတယ် ၊ ရပ်ထားရာကနေ ပြန်ကူးခိုင်းလို့လည်းရပါတယ် ၊ Right click menu မှာလည်း ၀င်သွားပြီး ၊ Windows explorer မှာ Integrated ဖြစ်သွားလို့ (ပေါင်းစပ်သွားလို့) မူလ Windows မှာသုံးတဲ့အတိုင်း သုံးဖို့ပဲ ရှိပါတယ် ၊ အဲဒီထက် ပိုသုံးချင်တာလေးတွေကိုတော့ ထုံးစံအတိုင်းပါပဲ သူ့ရဲ့ program လေးကိုပဲ ဖွင့်သုံးပါ ၊ button လေးတွေပေါ် cursor လေးတင်ပြီး ဖတ်ကြည့်ပါ ၊ transfer ပြီးရင် ကွန်ပြူတာပိတ်ဖို့ ၊ DVD drive ကို Eject လုပ်ဖို့ ၊ file ကိုဖွင့်ဖို့တွေ ပါတယ်လေ ၊


နောက်ထပ် ကလိချင်သေးရင် More > Menu > Preferences ထိ ဆက်နှိပ်ပြီး လေ့လာပါ ၊ Free space ရှိမရှိစစ်ဖို့ ၊ transfer ပြီးရင် အသံမြည်ဖို့ ၊ Default language ပြောင်းဖို့ စတာတွေ ရှိပါသေးတယ် ၊ ဒါပေမယ့် အများစုအတွက်က အဲဒါတွေ မလိုပါဘူး ၊ ကျနော်ကသာ စာရှည်အောင် ရေးပြနေရတာပေါ့ ၊ လုပ်ရမှာက လုံးဝ လွယ်လွယ်လေး ၊ ဟောဒီအောက်မှာ ပေးထားတဲ့ download link ကနေ ယူပြီး မောင်းသွင်းလိုက်ပါ ၊

http://www.softpedia.com/dyn-postdownload.php?p=72784&t=0&i=2


ပြီးရင် ဧရာမဖိုင်ကြီးတစ်ခုခုကို ကူးပြီး စမ်းကြည့်လိုက် ၊ မခိုက်ရင် ကျနော့်ကို ကြိုက်သလိုလာပြော ဟောဒီမှာ ကျနော်အမြဲစောင့်နေမယ်ဗျာ..

Posted by စိမ့်စမ်းရေ on Tuesday, April 3, 2012

0 comments

Post a Comment