မူရင်းလင့် ( http://www.voiceofdaegu.org )


ရှေ့မှာတုန်းက hard disk ထဲက folder တစ်ခုခုကို ဖုံးကွယ်ထားဖို့ နည်းလမ်းလေးတွေ ရေးခဲ့ပါတယ် ၊ ဒီတစ်ခါမှာတော့ အဲဒီထက်ပိုပြီး hard disk တစ်ခုလုံးကို ဖျောက်တဲ့နည်း ၊ ပြန်ဖေါ်တဲ့နည်း လေးတွေကို မျက်လှည့်ကျော် ဒေးဗစ်ကော်ပါဖီးလို အစွမ်းပြနိုင်ဖို့ တင်ဆက်ပါတော့မယ် ၊ ကိုယ်ပိုင်မှတ်စုလေးတွေ ထည့်သိမ်းထားတဲ့ hard disk ထဲကို တခြားသူတွေ ၀င်မကြည့်နိုင်အောင် ဖျောက်ထားဖို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်း အပေါင်းအသင်းတွေကို ကျွမ်းအထာလေးတွေ ပြဖို့ပဲ ဖြစ်ဖြစ် ဒီနည်းလေးတွေကို သုံးနိုင်ပါတယ် ။



(၁) ပထမဆုံး diskpart လို့ခေါ်တဲ့ command line program လေးကိုခေါ်ထုတ်ရပါမယ် Win key နဲ့ R ကိုတွဲနှိပ်လိုက်လို့ run box လေးပေါ်လာတဲ့အခါ diskpart လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ ၊ command prompt window လေးပေါ်လာပြီး Diskpart ထဲကို ရောက်သွားပါပြီ ၊ ဒီလိုလေးပေါ်လာမယ်


DISKPART>


(၂) ကွန်ပြူတာထဲမှာရှိတဲ့ hard disk တွေကို စဉ်ပြီး ပြပါလို့ program ကို ခိုင်းလိုက်ပါမယ် list volume လို့ရိုက်ပြီး Enter ခေါက်ပါ ၊ volume ဆိုတာ hard disk ကို ပြောတာပါပဲ ၊ hard disk တွေရဲ့ နံပါတ်တွေနဲ့ အက္ခရာတွေ အစဉ်လိုက် အထက်အောက် ပေါ်လာပါမယ်


(၃) အဲဒီမှာ ကိုယ်ဖျောက်ချင်တဲ့ hard disk ကို ရွေးရပါမယ် ၊ ဥပမာ ကျနော့်စက်မှာ hard disk H ဟာ volume 5 ဖြစ်တယ် ၊ အဲဒါကို ရွေးမယ်ဆိုရင် select volume 5 ဒါမှမဟုတ် select volume H လို့ ရိုက်ပြီး enter ခေါက်ပါ ၊ hard disk ရွေးပြီးသွားပါပြီ ။


(၄) အဲဒါကို ဖျောက်တော့မယ်ဆိုရင် remove letter H လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ ၊ ပျောက်သွားပါပြီ ။ my computer အောက်မှာ သွားကြည့်လိုက်ပါ ။ တချို့သော စက်တွေမှာတော့ restart လုပ်ဖို့ လိုချင်လိုပါလိမ့်မယ် ၊ ကိုယ်ဖျောက်ချင်တဲ့ volume ( hard disk ) ကို အမှန်ရွေးတတ်ဖို့လိုပါတယ် ၊ ကျနော် နမူနာပြခဲ့တဲ့ Volume 5 / letter H နေရာမှာ ဖျောက်ချင်တဲ့ drive ကို အစားထိုးပြီး လုပ်ရမှာဖြစ်ပါတယ် ။



ပြန်ဖေါ်ချင်ပြီဆိုရင် အဆင့် (၁) ၊ (၂) ၊ (၃) အတူတူ လုပ်ခဲ့ပါ ၊ နောက်ဆုံး အဆင့် (၄) ကျမှ ပြန်ဖေါ်တဲ့ command လေးရိုက်လိုက်တာပါပဲ assign letter H လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် H ဆိုတဲ့ hard disk လေး ပြန်ပေါ်လာပါပြီ ။ စက်ထဲမှာ မရှိသေးတဲ့ drive letter ဘာမဆိုပေးလို့ရပါတယ် ၊ ဥပမာအားဖြင့် assign letter Z လို့ရိုက်လိုက်ရင် အဲဒီ hard disk ဟာ Z ဆိုတဲ့ နာမည်နဲ့ ပေါ်လာမှာဖြစ်ပါတယ် ။





ပြန်ပြီး အနှစ်ချုပ်ကြည့်မယ်ဆိုရင်

(1) Diskpart
(2) List volume
(3) Select volume …
(4) Remove letter … / assign letter …

ဒါလေးပါပဲ ကဲဒီလောက်ဆို ဖျောက်ချင်တာတွေ ဖျောက်လို့ရပြီပေါ့ ၊ နောက်တော့ ကွန်ပြူတာ တစ်ခုလုံး ဘယ်လိုဖျောက်ပစ်မလဲ ဆိုတာ ပြောပြဦးမယ်နော် ဟုတ်ပြီလား ..

Posted by စိမ့်စမ်းရေ on Monday, March 5, 2012

0 comments

Post a Comment