by Myanmar IT Men


Delegate ဆိုသည်မှာ အလုပ်တာဝန် ခွဲဝေပေးခြင်းကို ဆိုလိုသည်။ Gmail တွင် အသစ်ထည့်သွင်းလိုက်သော Gmail Delegation ကို အသုံးပြုခြင်းဖြင့် မိမိ Gmail ကို အခြားသူမှ ၀င်ရောက်သုံးစွဲခွင့်



ရရှိသွားနိုင်မည်ဖြစ်သည်။ သို့သော် မိမိ၏ Gmail Password ကိုတော့ ထိုသူမှ ပြောင်းလဲ၍ မရနိုင်ပေ။ Gmail က ရည်ရွယ်သည်မှာ ကုမ္ပဏီများအတွက် ဖြစ်ပုံရသည်။ မန်နေဂျာထံဝင်လာသော Email များကို



သူကိုယ်တိုင် စစ်ဆေးဖို့ အချိန်မရလျှင် သို့မဟုတ် မန်နေဂျာက Email တွေကို reply ပြန်ဖို့ အချိန်မပေးနိုင်လျှင် သူ၏ကိုယ်စားအနေဖြင့် သူ၏ အတွင်းရေးမှူး သို့မဟုတ် တစ်ဦးတစ်ယောက်က Email များကို reply



လုပ်ခြင်း send လုပ်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ Gmail ၏ ညာဘက်အပေါ်ထောင့်တွင်ရှိသော ဂီယာပုံလေးကို နှိပ်ပြီး Mail Setting ကို ရွေးချယ်ပါ။

၂။ ထို့နောက် Accounts and Import ကိုနှိပ်ပါ။

၃။ Grant access to your account တွင်ရှိသော Add another account link ကို နှိပ်ပါ။

၎။ မိမိမှ ကိုယ်စားလှယ်ထားလိုသောသူ၏ email လိပ်စာကို ရိုက်ထည့်ပါ။ ထို့နောက် Next Step ကို နှိပ်ပါ။

၅။ Gmail မှ သေချာပါသလား မေးသောအခါတွင် Send email to grant access ကို နှိပ်ပေးပါ။

၆။ ထိုအခါတွင် ထိုကိုယ်စားလှယ်ထံသို့ Gmail မှ verification email တစ်စောင် ပို့ပါလိမ့်မည်။ ထို ကိုယ်စားလှယ်မှ လက်ခံပေးရပါမည်။



အထက်ပါအဆင့်များ ပြီးဆုံးသွားပါက Delegation ပြုလုပ်ခြင်း အောင်မြင်သွားပြီ ဖြစ်ပါသည်။ ကိုယ်စားလှယ်အနေဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်း မိမိ၏ Gmail ကိုသာ ဖွင့်ရမည်ဖြစ်သည်။ ထို့နောက် Gmail ၏ ညာဘက်



အပေါ်ထောင့်တွင် ပေါ်နေသော မိမိ Gmail လိပ်စာဘေး၏ မြှားခေါင်းကိုနှိပ်ပြီး Switch Account ကိုနှိပ်ပြီး မိမိကို ကိုယ်စားလှယ်လွှဲထားသော Gmail လိပ်စာကို ရွေးကာ ထိုသူ၏ အီးမေးလ်များကို စစ်ခြင်း၊ ထိုသူ၏



ကိုယ်စား အီးမေးလ်များ ပို့ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ မောင်မောင်က ကျော်ကျော်ကို ကိုယ်စားလှယ်အဖြစ် ခန့်ထားလျှင် ကျော်ကျော်က မောင်မောင့်ကိုယ်စား ဇော်ဇော်ထံသို့ အီးမေးလ်ပို့နိုင်မည် ဖြစ်သည်။



သို့သော် ဇော်ဇော်သည် ကျော်ကျော့်ကိုယ်စား မောင်မောင်မှ ပို့သည်ဟု သိရှိနိုင်မည်ဖြစ်သည်။



ပြန်လည်ဖယ်ရှားနည်း

၁။ Gmail ၏ ညာဘက်အပေါ်ထောင့်တွင် ရှိသော ဂီယာပုံလေးကိုနှိပ်ပြီး Mail Setting ကိုနှိပ်ပါ။

၂။ Account and Import ကို ရွေးပါ။

၃။ Grant access to your account ၏ အောက်တွင် မိမိ Delegate ပေးထားသောသူ၏ အီးမေးလ်လိပ်စာကို ရွေးပြီး Delete ကိုနှိပ်ပါ။

Posted by စိမ့်စမ်းရေ on Tuesday, March 13, 2012

0 comments

Post a Comment