မူရင်းလင့် ( http://www.voiceofdaegu.org )


ကွန်ပြူတာတိုင်းမှာ မလိုအပ်တဲ့ အမှိုက်တွေကိုရှင်းပြီး မြန်နှုန်းမြင့်ပေးတဲ့ program တစ်ခုခုတော့ ရှိနေသင့်ပါတယ် ၊

အဲဒီလို သန့်ရှင်းရေးလုပ်ပြီး အမြန်နှုန်းမြင့်ပေးတဲ့ program လေးတွေထဲမှာ ဟောဒီ CCleaner လေးက အကောင်းစားလေးပေါ့ ၊ Program လေးက သေးပြီး ပေါ့ပါးသွက်လက်တယ် ၊
အလုပ်လုပ်တာ အရမ်းမြန်တယ် ၊ သုံးရလွယ်ကူတယ် ၊ အခမဲ့ယူသုံးလို့ရတယ် ၊ အဲဒါ သူ့ရဲ့ ကောင်းခြင်းတွေပါပဲ ၊ ဒါကြောင့်မို့ သူ့ကို လူသိများပါတယ် ၊

လူသိနည်းတဲ့ အကြောင်းတွေကိုတော့ အခုပဲ ကျနော်က ပြောပြမှာပေါ့ ၊ အဲဒါကတော့ ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ premium version ဖြစ်တဲ့ program တွေလိုပဲ ကျနော်တို့ လက်နဲ့ထိစရာမလိုပဲ auto အလုပ်လုပ်သွားအောင် ဟိုကိုနှိပ် ဒီကို click ၊ မဖြစ်ညစ်ကျယ် လူတွင်ကျယ် လုပ်နည်းလေးတွေပါပဲ ၊ အဲဒါတွေ လုပ်ပြီးရင်တော့ လုံးဝအငြိမ်း ကိစ္စသိမ်း ၊ ဘာမှ လုပ်စရာမလိုပဲနဲ့ ရှင်းသန့် မြန်ပြေး ကွန်ပြူတာလေးကို စိတ်အေးချမ်းသာ သုံးနိုင်ကြမှာပါ ။

ပထမဆုံး ဟောဒီ download link လေးကနေ download ယူပြီး install လုပ်ပါ ။

ဒီမှာ download ယူပါ ( ဒေါင်းလုပ်လင့် ( http://download.cnet.com/CCleaner/3001-18512_4-10315544.html?spi=6814d1279c8546432967af445905b519 )



နောက် version အသစ်တွေထွက်တဲ့အခါ အသစ်ကို ပြောင်းပြီး Install မလုပ်ချင်ဘူးဆိုရင် အခု Install လုပ်နေစဉ်မှာ Automatically check for updates to CCleaner
ဆိုတဲ့အကွက်လေးမှာ select လုပ်ထားတာကို ဖယ်ခဲ့ပါ ။ အဲဒါဆို version အသစ်ထွက်တဲ့အခါ download လုပ်နိုင်ဖို့ သတိပေးတဲ့ message ပေါ်လာမှာ မဟုတ်တော့ပါဘူး ။


Install လုပ်ပြီးတဲ့အခါ CCleaner က Cookies တွေကို Scan လုပ်ဖို့ Yes (recommended) နဲ့ No ကိုရွေးခိုင်းမယ် ၊ Yes ကို ရွေးလိုက်ပါ ။
Cookie ဆိုတာ Browser တွေကနေ Internet websites တွေကို သွားနိုင်ဖို့ ကျနော်တို့ကွန်ပြူတာထဲမှာ သိမ်းထားတဲ့ ဖိုင်သေးသေးလေးတွေပဲလို့ အကြမ်းနားလည်နိုင်ပါတယ် ၊
မလိုတော့တာတွေ ရှိသလို လိုအပ်တာတွေလည်း ရှိပါတယ် ။

ပြီးရင် CCleaner လေး စပြီး run တဲ့ window လေးပွင့်လာမယ် ၊ setting လေးတွေ လုပ်လို့ရပါပြီ ၊ ပထမဆုံး ကျနော်တို့ မကြာခဏသွားလေ့ ရှိတဲ့
website တွေရဲ့ လိပ်စာ (MRU Lists = Most visited URL) တွေကို address bar ကနေ ဖျက်မပစ်အောင် လုပ်ကြပါစို့ ၊
အဲလိုမလုပ်ရင် သွားနေကျ Website လိပ်စာတွေကို address bar မှာပြန်ရိုက်ပြီးမှ သွားရလိမ့်မယ် ၊

လုပ်ဖို့က

Internet Explorer အတွက် Windows ဆိုတဲ့ tab ကိုထောက်ပြီး History ဆိုတဲ့ Option လေးကို unselect လုပ်ပါ ၊
















Firefox , Chrome စတဲ့ browser တွေအတွက်ကတော့ Application tab အောက်က History မှာ unselect လုပ်ပါ ၊















အဲလိုလုပ်တာတွေက Internet History ကို မရှင်းပဲ ချန်ထားခဲ့ပါလို့ setting လုပ်တာပါပဲ ၊ တကယ်လို့ ကျနော်တို့က internet ပေါ်မှာသွားလာခဲ့တဲ့ ဇတ်ကြောင်းတွေကို ရှင်းထုတ်ပစ်ချင်တယ်ဆိုရင်တော့ ဒါတွေ လုပ်စရာမလိုပဲ သူ့မူလ setting အတိုင်းပဲထားလိုက်ပါ ၊ Internet history တွေကို အကုန်ဖျက်ပစ်ပါလိမ့်မယ် ၊ ကျနော်တို့မှတ်ထားတဲ့ Favorites တွေ Bookmarks တွေကိုတော့ မဖျက်ပစ်ပါဘူး ။

ပြီးရင် သူ့ကို auto run ဖို့ လုပ်ကြမယ်..

ဘယ်ဖက်ဘေးမှာရှိတဲ့ Option ခလုတ်ကလေးကိုနှိပ်ပါ ၊ ပေါ်လာတဲ့ menu ထဲက Setting ကိုထပ်နှိပ်ပါ ၊ ညာဖက်မှာ ရွေးပြီး select ပေးရမယ့် option တွေရှိတယ် အဲဒီအထဲက Run the CCleaner when the computer starts ကို အမှန်ခြစ်လေးပေးလိုက်ပါ ၊
(1) Option > Setting > Run the CCleaner when the computer starts ဖြစ်ပါတယ် ။

Run ပြီးရင် ပြန်ပိတ်ဖို့ အမိန့်လေးလည်း တစ်ခါတည်းပေးခဲ့ရအောင်..

(2) Option > Adavnced > Close the program after cleaning မှာ select ပေးပါ ။


Setting အားလုံးက ဒါလောက်ပါပဲ ၊ computer ကိုဖွင့်တဲ့အခါတိုင်းမှာ CCleaner က auto ပွင့်ပြီး သန့်ရှင်းရေး လုပ်ပါလိမ့်မယ် ၊ ပြီးတာနဲ့ ပိတ်သွားပါလိမ့်မယ် ၊ ဒါဆို ဘာမှ click လုပ်ပေးစရာမလိုပဲ OK မှာ စိုပြေနေပါတော့မယ် ။

အဲဒီ CCleaner Program လေးကိုပဲ သူ့အချိန်နဲ့သူ Run အောင် အမိန့်ပေးလို့ရပါသေးတယ် ၊ အဲဒါကတော့ Windows ရဲ့ ပါပြီးသား စနစ် Built-in function (BIF) တစ်ခုဖြစ်တဲ့ Task scheduler နဲ့ ချိတ်ဆက်ပေးရပါမယ် ၊ စက်ဖွင့်တဲ့အချိန်တိုင်းမှာ အလိုအလျောက် run အောင် လုပ်ထားတာက ပိုပြီး လွယ်ကူ အသုံးတည့်မယ်လို့ ယူဆတဲ့အတွက် အချိန်ကိုက် အလုပ်လုပ်စေတဲ့နည်းကို ချန်ထားခဲ့လိုက်ပါတယ် ၊ များလွန်းရင်လည်း ရှုပ်သွားလိမ့်မယ်လေ ၊ တကယ်လို့ အခုထက်ပိုပြီး သိချင်တဲ့သူရှိတယ် ဆိုရင်တော့ နောက်တစ်ခါရေးဖို့ ကျနော် အဆင်သင့်ရှိပါတယ် ။ အဲဒီ Task scheduler လေးရဲ့ အခြား အသုံးတည့်နိုင်တဲ့ သုံးစွဲနည်းလေးတွေကို ကျနော်ရေးပါဦးမယ် ..

အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ..

အခုကွန်ပြူတာလေးမှာ အလိုအလျောက် အဆင်ပြေသွားစေသလိုပဲ ဘ၀အတွက်လည်း မပင်ပန်းရပဲ ပြီးမြောက်အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

Posted by စိမ့်စမ်းရေ on Monday, March 5, 2012

0 comments

Post a Comment